2013-01-10 (RFA)
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီ လောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ လယ်ပြင်ကျေးရွာက ကလေးသုံးယောက် မိခင် ဒေါ်ခွန်တောင် ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်နှစ်ဖက်နဲ့ ညာဘက်လက်ဖျံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲ တွေဖြစ်ပွားမှုမရှိဘဲ အတန်ကြာ ငြိမ်သက်နေရာကနေ အခုလိုတိုက်ပွဲ သံပြန်ကြားရတာ ဖြစ်ပြီး၊ ဒဏ်ရာရတဲ့ အမျိုးသမီကတော့ လုံးခင်းတိုက် နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း ကလေးတွေ ကျောင်းဆင်းချိန် အဲဒီ လယ်ပြင်ကျေးရွာမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ သေးတယ်လို့ သိရပါတယ်။
မိုးကောင်းကနေ ဖားကန့်ဘက်ကို အစိုးရစစ်တပ် ယာဉ်တန်း အစီး ၃၀ လောက် ရိက္ခာသွားရောက် ပို့ဆောင်နေတာကြောင့် ခရီးသွားပြည်သူ တွေလုံခြုံရေးအတွက် မိုးကောင်း - ဖားကန့်လမ်းကို မနေ့မနက်ပိုင်း ကစပြီး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။