Thursday, January 10, 2013

အမေရိကန်သံ အမတ်ကြီး ဒဲရစ်မစ်ချဲမှ ကချင်ပြည်နယ်ရှိ စစ်ပွဲများနှင့် ပတ်သက်ပြီး အစိုးရအား ဝေဖန် ပြောကြား


Written by irrawaddy

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲသည် ကချင်ပြည်နယ်ရှိ စစ်ပွဲများ နှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ တစ်ဖက်သက် ကေအိုင်အေ တပ်များ အား ထိုးစစ်ဆင်နေသည့် သွေးချောင်းစီး စစ်ပွဲများကို ရပ်တပ်ရန် ပြော ကြားခဲ့ကြောင်း သိရသည်။

"ဒီစစ်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ နေပြည် တော်က အစိုးရအာဏာပိုင်တွေနဲ့လည်း ကျနော် စ ကားပြောခဲ့ပါတယ်။ အစိုးရရဲ့အခြေအနေကို ကျနော်နားလည်ပါတယ် ဒါပေမယ့် နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ အ တွက် လိုအပ်တယ်ဆိုတာကို နားလည်ရ ပါမယ်" ဟု အမေရိကန် သံအမတ်က ဧရာဝတီ သတင်းဌာနသို့ပြော ကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းမှစတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ စစ်ပွဲများသည် အခြေအနေဆိုးရွားလာ လျှက်ရှိ ပြီး အစိုးရစစ်တပ်များမှ တိုက်လေယဉ်များဖြင့် နေ့စဉ်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။


ဒဲရစ်မစ်ချဲမှ ပြောကြားရာတွင် "နှစ်ဖက်စလုံးအနေနဲ့ ဒီကိစ္စဟာ စစ်ရေး နဲ့ဖြေရှင်းရမယ့်ကိစ္စမဟုတ်ဘူးဆိုတာကို နား လည်ရပါမယ်။ မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ယူမယ်ဆိုရင် လူတိုင်း မျက်စိ မမြင်တဲ့သူ တွေဖြစ်ကုန် မယ်။ တကယ်လို့သာ မြန်မာ စစ်တပ်က ဆက် ပြီး ကချင်လူမျိုးတွေ ဆီကိုအခုလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေ မယ်ဆိုရင် ဒါဟာ ဖြစ်သင့်တဲ့ နိုင်ငံရေးနည်းလမ်း လို့မထင်ပါဘူး။" ဟုဆိုသည်။

အမေရိကန်သံအမက်၏ ပြောကြားချက်သည် အစောပိုင်းက အမေရိကန် အစိုးရ၏ အစိုးရတပ်များ လေကြောင်းတိုက် ခိုက်မှုအပေါ် ပစ်တင်ဝေ ဖန်မှု ကိုလည်း ထပ်မံထောက်ခံခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပြည် ထောင်စု ပြောရေး ဆိုခွင့်ရှိ သူ ဗစ်တိုးရီးယားနူလန်းမှ ပြီးခဲ့သည့်အပတ် ၀ါရှင်တန်တွင် သတင်းထောက်များ အား ပြောကြားခဲ့ရာတွင် "လေ ကြောင်း ကနေ တိုက်ခိုက်မှုဟာ ပြသနာပါ။ အမေရိကန်အနေနဲ့ နှစ်ဖက်စလုံးကို အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေး တဲ့ဆီကိုသွား စေချင် ပါတယ်" ဟုပြောကြားခဲ့သည်။

ကေအိုင်အေသည် အစိုးရနှင့် ၁၇ နှစ်ကြာအပစ်အခက်ရပ်စဲထားရမှ ၂၀၁၁ ခုနှစ်တွင် အစိုးရတပ်များ၏ စတင်ပစ် ခက် မှုကြောင့် အပစ် အခက်ရပ်စဲမှု ပျက်ပြယ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ကချင်စစ်တပ် အနေဖြင့် အစိုးရထံမှ နိုင်ငံရေး ဆွေးနွေးခွင့်ရရှိရန် တောက်လျှောက် တောင်းခံနေခဲ့ခြင်းလည်းဖြစ်သည်။ ကေအိုင်အို အဖွဲ့အစည်းအနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အကြိမ်များစွာတွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ တစ်ဖက်နှင့်တစ်ဖက် ပြေလည် အောင်ဆွေးနွေးနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။ အစိုးရတပ်များ၏ ထိုးစစ် ဆင်မှုများသည် ကေအိုင်အေ ဗဟို ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီး လိုင်ဇာနှင့် အနီးတစ်ဝိုက်တွင် ဆက်လက်ပြင်းထန်စွာရှိနေသေးသည်။ ABSDF မှ မင်းဌေး ၏ ပြောကြားချက်အရ ရဟတ်ယဉ်များနှင့် တိုက် ရေယဉ်များသည်လည်း လိုင်ဇာအနီး လဂျားယန် ဒေသတွင် ဆက် လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ဒဲရစ်မစ်ချဲမှ ဆက်လက်ပြောကြားရာတွင် သူ့အနေဖြင့် ယခုစစ်ပွဲကြောင့် အိမ်ခြေမဲ့ဖြစ်ခဲ့ကြသည့် သိန်းနဲ့ချီသော ဒုက္ခ သည်များအတွက်လည်း အထူးပင် စိုးရီမ်ကြောင်း၊ အစိုးရအနေဖြင့် လိုင်ဇာနှင့် ကေအိုင်အေ ထိန်းချုပ်နယ် မြေဒေသ များရှိ ဒုက္ခသည် စခန်းများသို့ နိုင်ငံတကာ အကူအညီများ ဆက်လက်ပိတ်ဆို့ထားသည်ကို အထူး စိုးရိမ်ကြောင်းဆို သည်။


" မြန်မာအစိုးရကို တော့ ဆက်ပြီးတော့ အဲဒီဒေသတွေကို အကူအညီ တွေ ခွင့်ပြုဖို့ တိုက်တွန်းပြောကြားနေပါတယ်။ မကြာခင်က ကျနော်သွား ရောက်ခဲ့တဲ့ အစိုးရ နယ်မြေထဲက ဒုက္ခသည် စခန်းတွေက အဆိုးဆုံးတွေ မဟုတ်ပါဘူး။ အစိုး ရထိန်းချုပ်နယ်မြေမဟုတ်တဲ့ ဒေသတွေက ဒုက္ခ သည်စခန်းတွေက ပိုပြီးအခြေအနေဆိုးတာကို နားလည်ပါတယ်။ ကေ အိုင်အေထိန်းချုပ်နယ်မြေတွေမှာက ဒုက္ခသည်တွေလည်း ပိုများနေပါ တယ်။ နောက်ထပ် ထပ်ပြီး သွားရောက်လေ့လာ နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ကေအိုင်အို အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ခွင့် မရခဲ့ပါဘူး။ ကေအိုင်အိုနဲ့ နီးစပ်တဲ့ ကချင် တိုင်းရင်းသား တစ်ချို့နဲ့တော့ တွေ့ခဲ့ပါတယ်။" ဟု အမေရိကန်သံ အမတ်မှ ဆိုသည်။

ထို့အပြင် အမေရိကန်အနေဖြင့် ကချင်စစ်ပွဲတွင် နှုတ်ဆိတ်နေသည် ဆိုသော ပြစ်တင်ဝေဖန်မှုများကို သံအမတ်မှ ငြင်း ဆိုလိုက်ကာ

" စစ်ပွဲနဲ့ပက်သတ်ပြီး မြန်မာအစိုးရဘက်ကို အမြဲဆက်တိုက် ပြောကြား နေမှုတွေရှိနေပါတယ်။ ၀ါရှင်တန်အနေနဲ့ တိတ်တိတ်မနေပါဘူး။ ဒီကိစ္စ ဟာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် အမေရိကန်က မှတ်ယူပါ တယ်။ မြန်မာအစိုးရခေါင်းဆောင်တွေအနေနဲ့ အခုလို ဆက်လက်တိုက် ခိုက် နေတာဟာ အခြေခံကျတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းမယ့် နိုင်ငံရေး အဖြေတစ်ခုကို ရှာဖွေနေတဲ့ အချိန်မှာ သူတို့အတွက် များစွာ ထိခိုက်စေပါတယ်။ အခုလို စစ်ဖက်ဆိုင်ရာ ထိုးစစ်ဆင်မှုတွေ ဆက် လုပ်နေတဲ့အတွက် သူတို့ဘာကြောင့်ပဲ အခုလို စစ်ပွဲကိုတိုက်နေပါတယ် ပြောပြော နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ သူတို့ရဲ့ ပုံရိပ်ကိုထိခိုက်စေသလို နိုင်ငံတည်ငြိမ်ရေး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရဲ့ဖွံဖြိုးမှုကို နောက်ပြန်ဆွဲနေတာပဲ ဖြစ်ပါတယ်။" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။