Friday, January 4, 2013

ဇန်န၀ါရီလ (၄) ရက်နေ့ညပိုင်း တိုက်ပွဲသတင်းတိုများ


(Jinghpawkasa)

ကေအိုင်အေ တပ်ရင်း (၂၃) တွင် တိုက်ပွဲပြင်းထန်

ဇန်ဝါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၃) လက်အောက် ကေ အိုင် အေ တပ်ရင်း (၂၃) ဒေသ ဘွမ်ရယ်တွင် ဇန်န၀ါရီ (၃) ရက်နေ့ ၌ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။

ဗမာစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်

ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ် သော လဂတ်ဘွန်၊ ဘင်ဝိုင် ဘက်သို့ စစ်ကားတန်းဖြင့် ထိုးစစ်ဆင်လာ သော ဗမာအစိုးရ
စစ်တပ်များကို ကေအိုင်အေ တပ်ရင်း (၁၆) မှ မျိုးချစ် ရဲဘော်များ ဇန်န၀ါရီ (၃) ရက်နေ့တွင် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း၊ ဗမာစစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ် ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

နန်ဆန်ယန်ပါတ်ဝန်းကျင်၌ တိုက်ပွဲပြင်းထန်

ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အို တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော နန်ဆန်ယန်ကျေးရွာ အနီးတ၀ိုက် တွင်ရောက်ရှိနေသော ဗမာစစ်တပ် ခမရ (၃၈၄)၊ (၃၉၀) တပ်များနှင့် ကေအိုင်အေ ပြည်သူ့စစ် တပ်ဖွဲ့ နှင့် ပြည်သူ့ ဆက်ဆံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဇန်န၀ါရီ (၃) ရက် ညနေပိုင်း (၃း၀၀) နာရီအချိန်၌ တိုက်ပွဲပြင်းထန်စွာ တစ်ဖန် ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဦးဆိုင်ခွမ်၏ ရော်ဘာခင်းတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော လဂျားယန် အနီး ဦးဆိုင်းခွမ်၏ ရော်ဘာခင်းတွင် ဗိုလ်ကြီး အင်ခရီးဇော်ဂျာ ဦးဆောင်သော ကေအိုင်အေ ဗဟိုလုံခြုံရေး တပ်ဖွဲ့ နှင့် လဂျန်းယန် လုံရောဒ့်ကောင် တွင်နေရာယူထားသော ဗမာစစ်တပ် ခမရ (၃၈၁) တပ်တို့ ဇန်န၀ါရီ (၃) ရက် ညနေ (၆း၁၅) နာရီခန့်တွင် တိုက်ပွဲ ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အူထန်းယန်တွင် မိုင်းများဖြင့်တိုက်ခိုက်

ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေ အိုင် အေ တပ်ရင်း (၃) ဒေသဖြစ်သော အူထန်းယန် ဘက်မှ ဆင်းလာ သော ဗမာစစ်တပ် ခလရ (၈၃) တပ်ကို ကေအိုင်အေ တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များ ဇန်န၀ါရီ (၃) ရက် နေ့လည် (၁၁း၁၀) နာရီခန့်တွင် အဝေးထိန်း မိုင်းများဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။