(Myutsawmyit)
E-mail ထဲကို ရောက်လာတဲ့ ဆောင်းပါးကို တင်ပေးခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ကျော်လွန်သွားပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်ပြည်သားတွေရဲ့ အထိမ်းအမှတ် မနောပွဲကို နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ကြတာကိုလည်း အားလုံးအမှတ်ရကြမှာပါ။ ပေးပို့လာတဲ့သူကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောပြလိုပါတယ်။
E-mail ထဲကို ရောက်လာတဲ့ ဆောင်းပါးကို တင်ပေးခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ကျော်လွန်သွားပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်ပြည်သားတွေရဲ့ အထိမ်းအမှတ် မနောပွဲကို နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ကြတာကိုလည်း အားလုံးအမှတ်ရကြမှာပါ။ ပေးပို့လာတဲ့သူကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောပြလိုပါတယ်။
ဝိညာဉ်များ ကခုန်နေမည့် ၂၀၁၃ ခုနှစ်၏
ကချင်ပြည်နယ်နေ့ မနောပွဲ
ခိုက်ခိုက်တုန်အောင်
အေးစက်နေသည့် တရုတ်-ကချင် နယ်နမိတ်မျဉ်း တလျောက်တွင် ကချင်စစ်ပြေးရှောင်သူများ၏
အခြေအနေမှာ စိတ်ချမ်း မြေ့ဖွယ်ရာ ဝေးစွ၊ စိတ်သက်သာဖွယ်ရာ စိုးစဉ်းမျှ မရှိပါ။
မကြာခဏ ကြား နေရသည့် လက်နက်ကြီး ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေသည် ချော့မြူတေး တပုဒ်
အလားပင်။
ယနေ့သည် ၆၅ ကြိမ်မြောက်
ကချင်ပြည်နယ်နေ့ဖြစ်သည်။ သို့သော်ငြား လည်း ကချင်ပြည်နယ်တွင်နေထိုင်သည့်
ပြည်သူများမှာ စိုးထိတ်မှု၊ ဘ၀၏ မရေရာမှုများ၊ ခါးသီး နာကျည်းမှုများကို သယ်ဆောင်ရင်း
ဘ၀ခရီးဆက်နေရသည်။ စစ်ပြေးရှောင်စခန်းများမှာ သာမက ကချင်ပြည် နယ် နေရာအနှံ့တွင်
ခံစားချက်၊ ခံယူချက်၊ အတွေးအမြင် အသစ်များ ခံယူ သယ်ဆောင် စီးဆင်းနေတော့သည်။
ကချင်လူမျိုးသည်
ပြည်ထောင်စု မြန်မာနိုင်ငံအား ပူးတွဲတည်ထောင်ခဲ့ သည့် လူမျိုးတစ်မျိုးဖြစ်သည်။
၂၀၁၃ ခုနှစ်သည် လူများစု ဖြစ်ပြီး နိုင်ငံရေးဦးဆောင်မှု အားကောင်းသည့်
ဗမာလူမျိုးများ ဦးဆောင် အစိုးရ၏ မရိုးဖြောင့်မှုများ၊ လူ့ကျင့်ဝတ် ကင်းမဲ့မှုများကို
ကတိတည်ပြီး ပြည်ထောင်စုအား အသက်ပေးကာကွယ်ခဲ့သည့် ကချင်လူမျိုးများ ပိုမိုသိမြင်
သဘောပေါက်လာသည့် သမိုင်းတကွေ့လည်းဖြစ်သည်။
ကချင်ဒေသကို
မည်သည့်အခါကမှ ဗမာဘုရင်များ မအုပ်စိုးနိုင်ခဲ့ပါ။ အင်္ဂလိပ်နယ်ချဲ့များကသာ
အနှစ်သုံးဆယ်ကျော် အပြင်းအထန် တိုက်ခိုက်ပြီးမှ ကချင်ဒေသကို အုပ်ချုပ်နိုင်ခဲ့သည်။
ထို့နောက် ဆိုးဝါးလှ သည့် ဂျပန်ဖက်ဆစ်များ ပြန်လည် သိမ်းပိုက်သည်။ ဂျပန်တို့အား
ခုခံမှု၊ အင်္ဂလိပ်တို့အား ကူညီမှု စသည့် အကြောင်းများကြောင့် ကရင်နှင့်
ကချင်လူမျိုးအမြောက်အမြားကို ဖက်ဆစ်ဂျပန်နှင့်အတူ ဗမာလူမျိုးများ က(ဘီအိုင်အေ) သတ်ပစ်ခဲ့သည်။
ကချင်ပြည်နယ် ကသာခရိုင် (ယခု စစ်ကိုင်းတိုင်း)၊ ရှမ်းပြည်နယ်
လားရှိုးခရိုင်များတွင် ကချင်လူမျိုးများ ရက်ရက်စက်စက် အသတ်ခံရသည်။
ကချင်အမျိုးသမီးများကို မုဒိမ်း ကျင့်ပြီး သတ်သည်။ အဖေကို သတ်ပြီး အမေနှင့်
အစ်မကို မောင်နှမ များရှေ့တွင် မုဒိမ်းကျင့်သည်။
ဗီဇဟူသည် ဖျောက်ဖျက်ရန်
ခက်ခဲသည်။ ထိုသို့ပြုမူသော ဗမာများ၏ ဗီဇသည် ခွေးထက်ယုတ်ညံ့သည်။
တမလွန်မှ
ဗိုလ်ချုပ်အောင်ဆန်းသည် ကချင် မနောတိုင်အောက်တွင် ဒူးထောက်ကာ ယနေ့ ဗမာလူမျိုးများ၏
အပြုအမူများကြောင့် မျက်ရည် ဖြိုင်ဖြိုင် ကျနေမည်လော။ မတွေးနိုင်။ လွန်စွာ
နှစ်ထောင်းအားရ ဖြစ်နေ မည်လော။ မသိနိုင်။ သူ ကွယ်လွန် (ကျဆုံး) နှင့်ပြီ။ သို့သော်
ပြည့်ဝ သည့် လူမျိုးဟူသည် ကတိတည်ရမည်။ ယေဘုယျဆန်သည့် ကျင့်သုံးမှု ရှိရမည်။
ယနေ့ကာလကို
ဖြတ်သန်းနေသည့် ဗမာ လူမျိုးများသည် သမိုင်းကို ဖြတ် သန်းနေခြင်းဖြစ်သည်။ ကချင်-ဗမာ
တိုက်ပွဲများသည် သမိုင်းဖြစ်သည်။ ကချင်ဟု ဆိုရခြင်းမှာ ကေအိုင်အို အစိုးရနှင့်
ကေအိုင်အေ တပ်မတော် အား ကချင်လူမျိုးများ အပြည့်အ၀ ထောက်ခံသောကြောင့်ဖြစ်သည်။ ဗမာ
ဟု ဆိုရခြင်းမှာလည်း ဗမာတပ်မတော် မည်သို့ပြုမူသည် ဖြစ်စေ ဗမာလူထုထံမှ
ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း များ မရှိသလောက်ဖြစ်သည်။ အနည်းနှင့် အများ
ဗမာများအတွက် အကျိုးစီးပွားဖြစ်နေကြသလော။
ဒေသခံ ကချင်များမှာ
လူဦးရေ နည်းပါးသည်။ စစ်လက်နက်ပိုင်းဆိုင်ရာ သာမက ကဏ္ဍပေါင်းစုံတွင် ဗမာများက
ရှေ့ဆောင်နေသည်။ တိုင်းပြည် ၏ ပြောင်းလဲမှု ဖြစ်စဉ်တွင် ဗမာလူမျိုးများက ထဲထဲဝင်ဝင်
ပါဝင်ပတ် သက်ရမည်။ ကနဦး သဘောတူထားသည့် ပင်လုံစာချုပ်အတိုင်း ကချင် ပြည်နယ်တွင်
ကချင်များကိုယ်တိုင် ဥပဒေပြု အုပ်ချုပ်သည့် ဖက်ဒရယ် ပြည်ထောင်စု ကို တည်ထောင်ရမည်။
ဗမာလူမျိုးများ၏
အခန်းကဏ္ဍသည် ကြီးမားလှသည်။ ပြောင်းလဲမှုကို လိုလားတောင့်တရမည်။ မနာလို လောဘ
အလွန်အမင်း မတက်သင့်။ အလွန်အမင်း ရုန့်ရင်းရိုင်းစိုင်းမှုများကို ရပ်တန့်ရမည်။
ကောက်ကျစ် မျက်နှာဖုံးများကို အမြန် ခွာချ စွန့်ပယ်ရမည်။
ယခုအခြေအနေထက်
ပိုဆိုးရွားလာပါက ကေအိုင်အို အစိုးရနှင့် ဗမာ အစိုးရအကြား တိုက်ပွဲများမှသည်
ပိုမို ရှုပ်ထွေး ကျယ်ပြန့် ပြင်းထန်သော အခြေအနေသို့ အဆင်း ဘီးတပ်ပေးတော့မည်။
ကချင်ပြည်နယ်တွင်
နေထိုင်သည့် ပြည်သူများအားလုံး ယနေ့မှစပြီး ကေအိုင်အို အစိုးရအား ကချင်အစိုးရဟု
ခေါ်ဝေါ်ကြပါစို့။ လွန်လေပြီး သည့် နှစ်များထက် ပိုမိုသည့် ထောက်ပံ့မှု၊ ပါဝင်မှု၊
တာဝန်ထမ်းဆောင်မှု များကို ကချင်အစိုးရ (ကေအိုင်အို) အား ပေးကြစို့။
အမှန်တရားဖက်ကို
ရပ်တည်သည့် အခြေအနေတိုင်းသည် ခက်ခဲသည်။ လွတ်လပ်ဖို့ရန်ကား ပိုမိုခက်ခဲသည်။ မတည့်
အတူနေဆိုသော်လည်း အတူယှဉ်တွဲနေထိုင်ရန် အခြေအနေ မပေးလာပါက မိမိခြေထောက်ပေါ်
မိမိရပ်တည်ပြီး သီးခြားလွတ်လပ်စွာ နေနိုင်ရန် အချိန်တိုင်း ကြိုးပမ်းအား ထုတ်ရမည်။
၂၀၁၃ ခုနှစ်၏ ၆၅
နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မြစ်ကြီးနားမြို့ ကချင်မနောတိုင်အောက်
ဝိညာဉ်များသာ ကခုန်နေတော့မည်။
ဂွမ်ဆန်အောင်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်
နံနက် ၁း၁၆
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်
နံနက် ၁း၁၆
လူလူ ခြင်းသွေးခွဲ ရန်တိုက်ခြင်းများ ရပ်တန့်ပါစေသော်......... အာမင် ။
ReplyDeleteထောက်ခံပါတယ်။ ကချင် အစိုးရ ကိုတစ်ကမ္ဘာလုံးသိအောင် အားလုံး တစ်ခဲနက် ထောက်ခံလိုက်ကြပါစို့။
ReplyDeleteစောက် ရူးတွေ
ReplyDelete