Monday, January 14, 2013

အစိုးရ တပ်ဖွဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့ခံ ထိခိုက်ဒဏ်ရာ ရရှိခဲ့


 ရွှေဟင်္သာသတင်းဌာန ၊ ဇန်န၀ါရီလ ၁၄ ၂၀၁၃ 

ယနေ့တွင်လဲ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင်းသို့ အစိုးရ တပ်ဖွဲ့တို့က လက် နက်ကြီးဖြင့် ပစ်ခတ် သွားကြောင်း ကျောင်းသား တပ်မတော် ပြန်ကြားရေးမှုး ဗိုလ်မှူး မင်းဌေးက ပြောပါသည်။ 

“မနက် ၈ နာရီ ကျော်ကျော်မှာ သူတို့ လက်နက်ကြီးနဲ့ စပစ်တယ်။ လိုင်ဇာမြို့ ခါဂျန်ရပ်ကွတ်မှာ နေထိုင်နေတဲ့ ပြည်သူ (၇) ဦးကို ထိမှန် သွားတယ်။ ကျနော် တွေ့ရ သလောက်တော့ (၄) ယောက် သေသွားတယ်။ (၃) ယောက် ဒဏ်ရာရတယ်။” ဟု ဆိုပါသည်။


သေဆုံး သွားသူ များသည် အမျိုးသားများဖြစ်သည်။ အသက် ၁၅ နှစ် ၉ တန်း ကျောင်းသား တစ်ယောက်နှင့် ၂ နှစ်အရွယ် ကလေး တစ်ယောက် ပါရှိသည်။ အမျိုးသမီးကြီး (၂) ဦး နှင့် အသက် (၈) နှစ်အရွယ် ကလေးမ တစ်ဦး တို့က ဒဏ်ရာ ရရှိ သွားပါသည်။ 

အစိုးရ တပ်ဖွဲ့ တို့က မနက် ၈ နာရီကျော်မှာ လိုင်ဇာမြို့တွင်းသို့ ၁၀၅ မမနှင့် တကြိမ် ပစ်သွင်း လိုက်ပါသည်။ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ကလေး ၂ ဦး ဒဏ်ရာ ရရှိသွားပါသည်။ ၁၀ နာရီခွဲခန့်တွင် ၂ လုံးတွဲ ပစ်သွင်း လိုက်ပြန် ပါသည်။ အသက် (၁၅) နှစ်အရွယ် ၉ တန်းကျောင်းသား တစ်ဦး ထိမှန် သေဆုံး သွားခဲ့သည်။ ၁၁ နာရီခန့်တွင် ၂ လုံးတွဲ ပြန်လည် ပစ်ခတ် လိုက်ပြန်ပါသည်။ 

ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့ သို့  တပ်စွဲထားသော အစိုးရ၏ အမြောက်တပ်ဖွဲ့ တို့က ၁၀၅ မမ ဟောဝစ်ဇာဖြင့် ပစ်ခတ်လိုက် ခြင်း ဖြစ်သည်ဟု KIA ဘက်က ဆိုပါသည်။ 

မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်မှာ ရှိသည့် ခလားရွာမှာ KIA နှင့် အစိုးရ တပ်ဖွဲ့တို့၏ မြေပြင် တိုက်ပွဲသည် ဒီဇင်ဘာလ (၃၁) ရက်နေ့မှ စတင်ပြီး ယနေ့အထိ (၁၅) ရက်ခန့် ပစ်ခတ်လျှက် ရှိပါသည်။ 

ဗန်းမော်- လိုင်ဇာ လမ်းပိုင်းရှိ မိုင်ဂျာယန် အနီးရှိ ဂျန်မိုင်နှင့် လဂတ်ဘွမ် တဝိုက်တွင် KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့၏ မြေပြင် တိုက်ပွဲသည် (၃) ရက်ခန့် တနေ့ကုန် ဖြစ်ပွားလျှက် ရှိပါသည်။ 

KIA တပ်မဟာ (၁) ပန်ဝါဒေသတွင် ယမာန်နေ့တွင် တစ်လပြည့် လေယာဉ်ဖြင့် လာရောက် ပစ်ခတ် စဲ ရှိကြောင်း KIA ၏ သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။