ရွှေဟသာင်္သတင်း ဌာန
ယနေ့ နံနက် ၆ နာရီခွဲ အချိန်တွင်
အစိုးရ တပ်ဖွဲ့တို့က ဖါးကန့်မှ (၁၅)မိုင်မျှဝေးသည့် KIA တပ်ရင်း (၆) လက်အောက်ခံ
တပ် ခွဲ (၉) စခန်းဖြစ်သော ညောင်ထောက် စခန်းကို တိုက်ခိုက် ခဲ့သည်ဟု တပ်ရင်း (၆) မှ
တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။
“ကျနော်တို့ကို ဒီနေ့ညနေ (၅) နာရီ
အချိန်ထိ တိုက်နေတုန်းပါ။ တပ်ရင်း (၂) ရင်းကို စစ်ကြောင်း ၂ ကြောင်းဖွဲ့ပြီး တော့
လာ တိုက်တာဖြစ်တယ်။ စစ်ကြောင်း နှစ်ကြောင်းဆိုတော့ အင်အားက အများဆုံးမှ (၂၅၀) ဘဲ
ရှိမယ်။ ကျနော်တို့ တပ်ခွဲ (၉) ရဲ့ အခြေအနေကတော့ ကောင်းနေဆဲပါ။” ဟု ဆိုပါသည်။
အဆိုပါ တိုက်ပွဲ၏ ထိခိုက်
ဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ မသိရှိ ရသေး ကြောင်း ဆိုပါသည်။ KIA တပ်မဟာ (၂)၊
တပ်ရင်း (၆)၏ လက်အောက် ခံ တပ်ခွဲ (၉) သည် ဖားကန့်မြို့နယ်၊ ဝင်ခါရွာ၏
အရှေ့ဘက်ကမ်းရှိ ညောင်ထောက်၌ တပ်စွဲထားခြင်း ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့တို့သည် ပြီးခဲ့သည်
ဇန္နာဝါရီလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်
ကျေးရွာအနီးရှိ မက်(စ်) မြန်မာနှင့် ကြိုင် ကျောက်စိမ်း ကုမ္ပဏီ နှစ်ခုကို KIA
တပ်ဖွဲ့တို့က သွားရောက် မီးရှို့လိုက်သည်ဟု အကြောင်းပြကာ တိုက်ခိုက်ခဲ့ခြင်း
ဖြစ်သည်ဟု ရွာသားများအား ပြောပါသည်။
အစိုးရ တပ်ဖွဲ့၏ ဤစွပ်စွဲချက်ကို KIA ဘက်မှ ငြင်းပယ်ခဲ့ပါသည်။ အဆိုပါ
ကုမ္ပဏီများကို သွားရောက် ဖျက်ဆီးခြင်း မရှိခဲ့ပါ။ အစိုးရ တပ်ဖွဲ့များသည် KIA
တပ်မဟာ (၂) ကိုစစ်ဆင်ရေးပြုလုပ်သွားရန် စတင်နေခြင်းဖြစ်ပါသည်။ စစ်ရေး သဘောအတွက်
ချက်မည်ဆိုပါက KIA ၏မြို့ပေါ် ထိုးစစ်များကို ကာကွယ်ရန် စစ်ဆင်နေခြင်းဖြစ်ပါသည်။
သဘောမှာ အကောင်းဆုံး ခံစစ်သည် ထိုးစစ်ဖြစ်သည့် အတွက် KIA ဖါးကန့် တပ်ဖွဲ့များကို
စစ်ဆင်နေခြင်းသာ ဖြစ်သည်ဟု စစ်ရေး အကဲ ခတ်များက ဆိုပါ သည်။
“ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးမှာ
ကျနော်တို့ KIA တပ်ဖွဲ့တွေ မရှိဘူး။ အစိုးရ ဘက်က တပ်စွဲထားတဲ့နေရာပါ။ မသင်ကာစရာ
ရှိရင် အစိုးရ တပ်ဖွဲ့က လှမ်းပြီး ပစ်ခတ်လေ့ ရှိတဲ့ နေရာပါ။ တကယ်တော့ ကျနော်တို့က
အစိုးရတပ်ဖွဲ့တွေ စွပ်စွဲ သလိုမျိုး မဟုတ်ပါဘူး။ ယခုလို အခြေအနေမျိုးမှာ အဲဒီ
ကုမ္ပဏီကို သွားဖျက်ဖို့ မပြောနဲ့ ကျနော်တို့က အဲဒီကုမ္ပဏီကို ပြန်စည်းရုံး ရမဲ့
အချိန်ပါ။” ဟု ဒုတိယဗိုလ်မှူးကြီးက ဆိုပါသည်။
အစိုးရ စစ်ကြောင်း (၃)
ကြောင်းဖြစ်သည့် အင်အား (၄၀၀) ခန့်သည် KIA
တပ်ရင်း (၆) ဒေသကို နီးကပ်စွာစစ်ဆင်နေ
သည်မှာ တပတ်ကျော် လာသော်လည်း KIA ဘက်က ပြန်လည် တိုက်ခိုက်ခြင်း မရှိသေးဟု
ဆိုပါသည်။ အစိုးရတပ်ဖွဲ့များက သာလာရောက် တိုက်ခိုက် နေသော ကြောင့် မလွှဲရှောင်သာ
ပြန်လည် တိုက်ခိုက် နေရခြင်းဖြစ်သည်ဟု KIA ဘက်မှ ဆိုပါသည်။
အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ KIA
တပ်မဟာ (၄) နယ်မြေ၌လည်း ယမာန်နေ့ မနက်ပိုင်းတွင် ပလောင်
လွတ်မြောက်ရေး တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ပါသည်။ ထို့အပြင် ညနေ (၃)
နာရီခွဲတွင်လည်း နမ္မတူးမြို့နှင့် မန်တုံမြို့ကြား ထွက်လာသော ခလရ
(၁၃၀)စစ်ကြောင်းနှင့် KIA တပ်မဟာ (၄) တပ်ဖွဲ့တို့လည်း တနာရီခန့် တိုက်ပွဲဖြစ်ပွား
ခဲ့ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။