Tuesday, January 1, 2013

နှစ်သစ်ကူးနေ့ မနက်ပိုင်း ကချင်-ဗမာ ကျူးကျော်စစ် သတင်းတိုများ

(Myitkyina Blog)


တိုက်ပွဲသတင်းတို

ဒီဇင်ဘာလ(၃၁)ရက်နေ့ (၁၀)နာရီအချိန် စကခ(၃)နည်းဗျူဟာ(၂) လက်အောက်ခံတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ မဒီးယန်တ၀ိုက် တိုက်ပွဲဖြစ် ပွားခဲ့သည်။
ယင်းမြန်မာအစိုးရတပ်ဖွဲ့နှင့် မနက်(၉)နာရီအချိန်တွင် KIA တပ်ဖွဲ့တို့ နမ်ဆန်ယန်အနီးတိုက်ပွဲ ဖြစ်ပွားရာ Mi-24 စစ်ရဟတ်ယဉ် (၂)စီးက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
မနက် (၈)နာရီမှ (၉)နာရီအထိ မြို့သစ်အနီး တာပိန်ဖြစ်နဘေးတွင် ခလရ (၂၃၈) တပ်ဖွဲ့နှင့် KIA တပ်ရင်း (၂၅)တို့ ပြင်းပြင်းထန်ထန်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပန်ဝါဒေသ လက်နက်ကြီးဖြင့် တနေ့လုံးပစ်ခတ်

ဒီဇင်ဘာလ (၃၁)ရက်နေ့ မနက်(၆)နာရီမှ စတင်ကာ တပ်မ(၈၈) လက်အောက်ခံတပ်ဖွဲ့များက ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင် (၆)ရှိ KIA တပ်စခန်းဘက်သို့ ညနေ မိုးချုပ်သည်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာအစိုးရတပ်ဖွဲ့တို့ အသုံးပြုသောလက်နက်ကြီးများမှာ ၆၀မမ ပြောင်းရှည်၊ ၈၁မမ၊ ၈၄မမ စိန်ပြောင်းများဖြစ်ကြောင်းသိရှိရသည်။


မီးလောင်ဗုံးအသုံးပြု

ဒီဇင်ဘာလ (၃၁)ရက်နေ့ မွန်းလွဲ (၁)နာရီ (၄၅)မိနစ်အချိန်တွင် လဂျားယန်သို့ G-4 Super Galeb တိုက်လေယဉ် (၂)စီးက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ၄င်းအပြင် ဗုံးသီးများကိုလည်း ကျဲချခဲ့သည်။ ယင်းဗုံးသီးများသည် လေထဲတွင် ပေါက်ကွဲကာ မီးစများမြေပြင်သို့ ကျရောက်၍ မီးလောင်မှုများ ဖြစ်ပွားကာ လဂျားယန်ကျေးရွာရှိ နေအိမ်(၃)လုံးမီးလောင်ခဲ့သည်။
မြန်မာ့လေတပ်သည် မီးလောက်ဗုံးများကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းပင်ဖြစ်သည်။

အရပ်သားများထိခိုက်

ဒီဇင်ဘာလ (၃၀)ရက် (၁၂)နာရီခွဲ အချိန်တွင် ၀ိုင်းမော်မြို့နယ် ဆဒုန်းကျေးရွာနေ မောင်ဘရန်ဒီး (၁၆)နှစ်သည် ဆဂါပါလမ်းခွဲတွင် မြန်မာအစိုးရတပ်ဖွဲ့၏ မြေမြုပ်မိုင်းကို နှင်းမိသဖြင့် ခြေဖ၀ါးပြတ်သွားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မရမ်းကျေးရွာ၊ သံလမ်းတံတား လုံခြုံရေးအဖွဲ့ အမြောက်တပ်ရင်း (၃၇၂)တပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ပရမ်းပတာ ပစ်ခတ်သဖြင့် မရမ်းကျေးရွာမှ ဦးဆင်ဝါးနောင်၏ ပေါင်တွင် သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၃၀) လက်နက်ကြီးပစ်ခတ်မှုများ

ဝိုင်းမော်မြို့နယ် ဂန်ဒေါ်ယန်အခြေချ အမြောက်တပ်ရင်း (၃၇၀)က KIA ရှိရာ ဂျာထစခန်းသို့ ၁၀၅မမ (၁၃၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လဂျားယန်ဒေသကို ဒေါ့ဖုန်းယန်၊ ဘွမ်ဆောမ်၊ ရှဒန်ပါ၊ မန်တဲ တို့မှ လက်နက်ကြီးဖြင့် တနေ့လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပန်ဝါဒေသတွင်လည်း တနေ့လုံးလက်နက်ကြီးများဖြင့် KIA တပ်စခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ (၃၀)ရက်နေ့ မြန်မာအစိုးရတပ်မှ ကချင်ဒေသအနှံ့ပစ်ခတ်သော လက်နက်ကြီး ကျည်အလုံးပေါင်း (၅၀၀)ထက်မနည်းရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။