Monday, January 7, 2013

မလေးရှားရောက် တိုင်းရင်းသားများ ဗမာအစိုးရ သံရုံးရှေ့ ဆန္ဒပြ

(Jinghpawkasa)


မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများပါဝင်ပြီး ဗမာ အစိုးရ၏ ကချင်ပြည်နယ်အပေါ် ထိုးစစ်ဆင် နေမှုအား ကန့်ကွက်သည့် အနေဖြင့် ဇန်န၀ါရီ (၇) ရက်နေ့ မနက် (၉း၃၀) နာရီတွင် မလေးရှား နိုင်ငံရှိ ဗမာအစိုးရ သံရုံးရှေ့ သွားရောက်ဆန္ဒပြ ခဲ့ကြောင်း သတင်းရရှိပါ သည်။ ဤဆန္ဒပြခြင်း ကို မလေးရှားနိုင်ငံရောက် တိုင်းရင်းသား အစည်း အရုံး (COBEM) မှ ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် တိုင်းရင်းသား ပေါင်းစုံ အင်းအား (၆၀၀) ခန့် ပါဝင်ကာ သွားရောက် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး၊ အတားအဆီး၊ အနှောင့်အယှက် တစုံတရာ မရှိပဲ မနက် (၁၀း၀၀) နာရီ ခန့်တွင် အောင်မြင်စွား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆန္ဒပြရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဗမာအစိုးရမှ ကချင်ပြည်နယ် အတွင်း မတရား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ လူအင်အား၊ လက်နက် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ တိုက်လေ ယာဉ်များ အသုံးပြုတိုက်ခိုက်ခြင်း၊ ဓာတုလက်နက်များ အသုံးပြု တိုက် ခိုက်ခြင်း၊ စစ်ပြေးဒုက္ခသည် စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊ အပြစ်မဲ့ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အိုးအိမ် များကို မီးရှို့ဖျက်ဆီးပေးခြင်း၊ တိုင်းရင်းသား အမျိုးသမီးများကို မတရား မဒိန်းကျင့်ခြင်း သတ်ဖြတ်ခြင်း များကို ချက်ခြင်းရပ်တန့်ုတို့ ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်သို့ လိပ်မူသော ကြေငြာ ချက်ကို ဗမာအစိုးရ သံရုံးသို့ ပေးပို့ခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။