Monday, January 14, 2013

ဗမာစစ်တပ် လိုင်ဇာသို့ လက်နက်ကြီးပစ်ခတ် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော လိုင်ဇာမြို့ပေါ်သို့ ဗမာအစိုးရ စစ်တပ်မှ ဇန်န၀ါရီ (၁၄) ရက် မနက် (၈း၁၅) နာရီ အချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာမြို့မှ အပြစ်မဲ့  ပြည်သူ သုံး ဦး သေဆုံးသွားကြောင်း သတင်း ကြားသိရပါသည်။ သေဆုံးသူများမှာ ခရစ်ယာန် သင်းထောက်ဆရာ ဦမလန်ယော် (အသက် ၇၆) နှင့် ဦးအင်ခွန်ဘောက်နော်၊ မောင်ဖော်ယူး ဒွဲဆန့်အောင် (အသက် ၁၅) တို့ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ
စစ်တပ်များသည် ပြည်သူလူထုများ နေထိုင်သော ရပ်ရွားများနှင့် ဒုက္ခသည်များ ခိုအောင်းရာ စခန်းများသို့ တမင်ချိန်ရွယ် ပစ်ခတ် ခြင်း ဖြစ်ကြောင်း၊ ကေအိုင်အေ အပေါ် ပြည်သူလူထု အမြင်စောင်းလာစေရန် ယခုကဲ့သို့ ပြည်သူလူထုကို ရည်ရွယ်ပစ်ခတ်ရခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။