Friday, January 11, 2013

ဗမာစစ်ရဟတ်ယာဉ် တစ်စီး ကေအိုင်အေမျိုးချစ်ရဲဘော်များ ပစ်ချ

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေသို့ စစ်ရဟတ်ယာဉ်ဖြင့် ထိုးစစ်ဆင်၊ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ပို့လာသော ဗမာစစ်တပ် စစ်ရဟတ်ယာဉ် တစ်စီးကို ဇန်န၀ါရီ (၁၁) ရက် နေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော် များ ပစ်ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ကေအိုင်မျိုးချစ်ရဲဘော် ဖြစ်သော ဘားအောင်မှ ဗမာအစိုးရ စစ်ရဟတ်ယာဉ် Mi 35  ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ် မောင်းနှင်းသော ပိုင်းလောဒ့်မှာ ဗမာစစ်တပ်၏ DSA အပါတ်စဉ် (၃၈) ကျောင်းဆင်း လေသူရဲ ဖြစ်ကြောင်းလည်း သိရှိရပါ သည်။ ရဟတ်ယာဉ်သည် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်းသို့ ပျက်ကျသွားခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်သိရှိ ရပါသည်။


ကေအိုင်အေ မျိုးချစ်ရဲဘော်များ ပစ်ချလိုက်သော ဗမာ စစ်ရဟတ်ယာဉ် (ဓာတ်ပုံ ကချင်နက်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။