Tuesday, January 8, 2013

နမ်ဆန်ယန်ရွာကို မြန်မာစစ်တပ် မီးရှို့ဖျက်ဆီး

(Myitkyina Blog)


ဇန်န၀ါရီလ(၅)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ လူနေအိမ်များကို မြန်မာအစိုးရတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။ နမ်ဆန်ယန်ဒေသတွင်ရောက်ရှိနေသော တပ်ဖွဲ့များမှာ ခမရ (၃၈၄) (၃၈၅) (၃၈၆) (၃၉၀) ခလရ(၂၉၈) တပ်ဖွဲ့ဝင်များနှင့် တပ်မ (၁၀၁) လက်အောက်ခံ ခလရ(၂၅၃) (၂၅၄) တပ်ဖွဲ့များဖြစ်ကြောင်း သိရှိရသည်။ မနက်ပိုင်း ၈ နာရီအချိန်မှ နေ့လည်ပိုင်း ၁၂ နာရီခန့်အထိ အိမ်အလုံး(၂၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား – ဗန်းမော် ဆက်သွယ်ထား သောလမ်းပေါ်တွင်ရှိကာ ခရီးသွားများ ခရီး တစ်ထောက်နားရာ ကြားစခန်းလည်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားလာသောအခါ ဒေသခံ အများစုသည် လိုင်ဇာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။
ယခုအချိန်တွင် ရွာသားများပြန်လာနေထိုင်ခြင်း မပြုနိုင်သော်လည်း အခြေအနေတည်ငြိမ်လာလျှင် ရွာသားများ မိမိအိမ်ရာတွင် ပြန်၍ နေထိုင်ကြမည်ဖြစ်သည်။ သို့သော် နမ်ဆန်ယန်ကျေးရွာသို့ ၀င်ရောက် လာသော မြန်မာ အစိုးရစစ်ကြောင်းတိုင်းသည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။