Monday, January 21, 2013

တပ်မ(၁၀၁) ပြုန်းတီးမှုအများဆုံးဖြစ်


(Jan 20) (Myitkyina Blog)
ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင် ပါဝင်လာသော ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများသည် အထိအခိုက်အများဆုံးဖြစ်ကာ တပ်ဖွဲ့စည်းပုံပျက်ခဲ့ ကြောင်း သိရှိရသည်။ ၁၀ ရက်ကြာ တိုက်ပွဲတွင် ကျဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် ထွက်ပြေး ပျေက်ဆုံးသူ ၂၀၀ ကျော်ရှိ ကြောင်း သိရှိရသည်။ ခလရ (၂၅၂)၊ (၂၅၈) တပ်ရင်းမှူးနှစ်ဦးသည်လည်း ဒဏ်ရာ ပြင်းထန်စွာရရှိကာ ခလရ(၂၅၈) တပ်ရင်းသည် တပ်ပျက်ခဲ့ ကြောင်း သိရှိရသည်။ တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ လဂျားယန်သေ ထိုးစစ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။