Monday, January 14, 2013

ဗမာအစိုးရစစ်တပ်မှ ကထန်ရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

(Jinghpawkasa)


ဇန်န၀ါရီလ (၁၃) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် ဗမာစစ်တပ် အမည်အသိ မှ ကထန်ကျောက်စိမ်းမှော်ရှိ အရပ်သားနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက် နက် ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် အရပ်သား ကိုဂျင်မီဆိုသူ သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ ဗမာအစိုးရစစ်တပ်မှာ ကထန်ကျောက်စိမ်းမှော် အနီးရှိ KIA တပ်စခန်း အားတိုက်ခိုက်ရမည့်အစား အပြစ်မဲ့ ကျောက် စိမ်းတူး ပြည်သူများနေထိုင်ရာ ကထန်ရွာအား ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာ လက်နက် ကြီးသံ နှစ်ချက်ကြားတာနဲ့
ဂတုတ်ကျင်းထဲဝင်ဖို့ကြိုးစားတာဘဲ၊ ဗမာစစ် သားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်းက ရောက်နေ မှန်းတောင် မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက ၀င်တာဘဲ၊ စစ်သားတွေက ပြေးတဲ့သူအကုန် သူပုန်ဘဲဆိုပြီး လိုက် ပစ်တာဘဲ။ အိမ်ထဲလည်း ၀င်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ၊ ရွှေငွေ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင်ဘူး” ဟုအမည်မဖော်လိုသူ ဒေသခံ တစ်ဦးကဆိုပါသည်။ ယခုအခါ အစိုးရစစ်တပ်သည် ဖားကန့်ဒေသို့ စစ်အင်အား ၂၀၀၀ ခန့်ပို့ဆောင်ထားပြီး ကျောက်စိမ်းတွင်းများအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်လျှက်ရှိနေပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။