Thursday, January 24, 2013

မပခ စစ်ဆေးရုံမှ ဆရာဝန်ကြီးများ အပြင်ဆေးခန်းများသို့ မသွားနိုင်

(Jinghpawkasa)


ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် ဗမာအစိုးရ စစ်တပ် မြောက်ပိုင်း တိုင်း (မပခ) ရှိ စစ်ဆေးရုံတွင် အလုပ်လုပ်သော ဆရာဝန်ကြီးများ အပြင် ဆေးခန်းများသို့ သွားရောက်လုပ်ကိုင်နိုင် ခြင်းမရှိ ကြောင်း ဒေသခံ ပြည် သူများမှ တဆင့် သိရှိရပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ ကေအိုင်အို အစိုးရ နှင့် ဖြစ်သော တိုက်ပွဲများမှ တပ်ခေါက်လာသော ဗမာစစ်တပ် စစ်သား များ ဒဏ်ရာရရှိမှု များပြာသောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ မပခ စစ်ဆေးရုံးမှ ဆရာဝန်ကြီးအများပိုင်းသည် မြစ်ကြီးနားမြို့ပေါ်ရှိ ဆေးရုံး၊ ဆေးခန်းများတွင် အချိန်ပို ၀င်ရောက်လုပ်ကိုင်ကာ ၀င်ငွေရှာကြခြင်း ဖြစ်ကြောင်း ယခုအခါ စစ်တပ်ဆေးရုံ၌ ဒဏ်ရာရစစ်သားများ အလွန် များပြားလာသောကြောင့် အပြင်ဆေးရုံ ဆေးခန်းများတွင် လာရောက် လုပ်ကိုင် နိုင်ခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။ အထူးသဖြင့် ခွဲစိတ် ဆရာဝန်ကြီးများ လာရောက် လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း မြစ်ကြီးနား မြို့ခံများမှ စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။