Thursday, January 17, 2013

ဇန်န၀ါရီ ၁၇ ရက်နေ့ မနက်ပိုင်း စစ်သတင်းများ

(Jinghpawkasa)


ကေအိုင်အေ ပြည်သူ့စစ်များ မိုင်ထောင်းရွာတွင် ခုခံတိုက်ခိုက်

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော မိုင်ထောင်း ကျေးရွာအထက်တွင် ဆူယန် ဘက်မှ စစ်ပစ္စည်းများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို လာကြို သော ဗမာစစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်အင်အား (၃၀) ခန့် ကို ဇန်န၀ါရီ (၁၅) ရက်နေ့ နေ့လည် (၁၁း၃၃) နာရီခန့်တွင် ကေအိုင်အေ အထူးပြည်သူ့စစ်တပ်ဖွဲ့မှ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာစစ်တပ်မှ မော်တော်ယာဉ် (၅၂) စီးဖြင့် စစ်လက်နက် ပစ္စည်းများ တင်ဆောင်ကာ  ကေအိုင်အေ တပ်မဟာ (၁) အုပ်ချုပ် နယ်မြေ သို့  ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ ပြည်သူ့စစ် တပ်ဖွဲ့ များ၏ တိုက်ခိုက်မှုကြောင့် ဗမာစစ်သား (၂) ဦးသေဆုံးပြီး၊ ကျန်ဗမာ စစ်သားများလည်း ခဂရန်းဘက်သို့ ပြန်လည်း တပ်ဆုတ်သွားကြောင်း ဆက်လက် သိရှိရပါသည်။

ကေအိုင်အေ တပ်ရင်း (၇) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဖြစ်သော ဆွမ်ပရာ ဘွမ် ကားလမ်း ဖုန်ကျန်ကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသော ဗမာ စစ်တပ် တပ်မ (၃၃) လက်အောက်မှ အင်အား (၄၀) ကျော်ပါဝင်သော စစ်ကြောင်းကို၊ ဇန်န၀ါရီ (၁၄) ရက်နေ့ မနက် (၇း၃၅) နာရီအချိန် တွင် ကေအိုင်အေ တပ်ရင်း (၇) မှ မျိုးချစ်ရဲဘော်များ
ခုခံတိုက်ခိုက်ခဲ့ ကြောင်း သတင်းကြားသိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များ၏ ခုခံတိုက်ခိုက်မှုကြောင့် ဗမာစစ်သား (၁၅) ဦး သေဆုံးခဲ့ရကြောင်းလည်း သိရှိရပါသည်။


ဗမာစစ်ကား နှစ်စီး ကေအိုင်အေ ဖောက်ခွဲ ဖျက်ဆီး

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ ဖြစ်သော မိုးမောက် - လွယ်ဂျယ် ကားလမ်း ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်ကား (၂) စီးကို ကေအိုင်အေ တပ်ရင်း (၁) မှ မျိုးချစ်ရဲဘော်များ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ အသေးစိတ် သတင်းများကို ဆက်လက် စုံစမ်းလျက်ရှိပါသည်။

ခယာနှင့် ဘွမ်ရဲယ်တွင် တိုက်ပွဲ ပြင်းထန်

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက်၊ ကေ အိုင်အေ တပ်ရင်း (၂၃) နယ်မြေဖြစ်သော ခယာ နှင့် ဘွမ်ရဲယ် ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာစစ်တပ်အင်အား (၃၀၀) ကျော်နှင့် ကေအိုင် အေ မျိုးချစ်ရဲဘော်များ ဇန်န၀ါရီ (၁၆) ရက်နေ့ မနက် (၇း၀၀) နာရီ အချိန်ခန့်မှ စ၍ တစ်နေကုန် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာစစ်တပ်ဘက်မှ စစ်တိုက် လေယာဉ်များဖြင့် ဝေဟင်မှ ပါဝင်တိုက် ခိုက် ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်မှ ဝေဟင် မှ လေယာဉ်များဖြင့် တိုက်ခိုက်ကူညီပြီး၊ ခြေလျင်တပ်များဖြင့် အင်အား အများအပြားအသုံးပြုကာ ကေအိုင်အေ တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ မျိုးချစ်ရဲဘော်များ ဘက်မှ လည်း ဇာတိသွေး ဇာတိမာန်ဖြင့် ရဲရဲရင့်ရင့် ခုခံကာကွယ်မှုကြောင့် ဗမာအစိုးရတပ်ဘက်မှ သေဆုံး ဒဏ်ရာရမှု များပြားပြီး၊ ညနေပိုင်း တွင် ပြန်လည် တပ်ဆုတ်သွားကြောင်း သတင်းသိရှိရပါသည်။

လီဆူးအမျိုးသား (၃) ဦးအား ဗမာစစ်သားများ နှိပ်စက်သတ်ဖြတ်

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ဆွမ်ပရာဘွမ်ကားလမ်း အင်ဆောပ့် နှင့် ဖုန်အင်ဇွပ် ကျေးရွာကြား မိုင်တိုင် (၃၈)၊ (၂)ဖာလုံတွင် တီယန်ဇွပ်ဘက်မှ ဆင်းလာသော ဆိုင်ကယ် ကယ်ရီ လီဆူးအမျိုးသား (၃) ဦးကို ဗမာစစ် တပ် တပ်မ (၃၃) လက်အောက်မှ စစ်တပ်များ ဇန်န၀ါရီ (၁၄) ရက် နေ့ နေ့လည် (၁၂း၀၅) နာရီအချိန်တွင် နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။
ဆိုင်ကယ် ကယ်ရီ လီဆူးအမျိုးသား (၃) ဦးထံမှ ဗမာစစ်သား များ ငွေ တောင်းခံရာ မပေးနိုင်သောကြောင့် အခုလို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤသို့ ဗမာစစ်သားများမှ လီဆူးအမျိုးသား (၃) ဦးကို ကားလမ်းဘေး တွင် နှိပ်စက်သတ်ဖြတ်နေသည်ကို ဆွမ်ပရာဘွမ်လမ်း တီယန်ဇွတ် သို့ ပြေးဆွဲနေသော လိုင်းကားပေါ်မှ ခရီးသွား ပြည်သူများ မျက်ဝါးထင် ထင် မြင်တွေခဲ့ရသော်လည်း ဗမာစစ်တပ်မှ ခရီးသည်များအား ဒုက္ခပေး နေမည်ကို ကြောက်ရွံ့သောကြောင့် ရပ်နား မေးမြန်းခြင်းမရှိပဲ ဆက် မောင်း ခဲ့ရကြောင်း ခရီးသည်များ ပြောပြချက်အရ သိရှိရပါသည်။
ယခုအခါ ဗမာစစ်တပ်များ ရိုက်သတ်ထားသော အလောင်းများ ကို မြစ်ကြီးနားဘက်သို့ သယ်ယူသွားပြီဖြစ်ကြောင်း ဆက်လက် သတင်းကြားသိရပါသည်။

HKA YA BUM KAW MYEN NI HKRAT SUM LAM LAW

Published on Thursday, 17 January 2013
Wunpawng Mungdan Shanglawt Asuya Dap Ba (5) n pu, KIA Dap Dung (23) Ginra rai nga ai Hka Ya Bum hta January (16) ya shani mung shani ting KIA myu tsaw share ninghkring ni hte myen tai hpyen ni laja lana gap gasat lai wa sai lam shiga na chye lu ai. Myen hpyen ni gaw n tsa lam hku n bungli hte gasat garum nna, n pu lam hkum hpyen n gun kaba hte htu gasat wa ai re lam, myen hpyen ni n dai zawn n gun kaba hte htu gasat lai wa ai rai tim KIA myu tsaw share ninghkring ni kawn myu tsaw mung tsaw myit hte hkap shingla gasat ai majaw myen hpyen ni law law si hkala hkrum nna shana maga bai htingnut mat wa sai lam hpe mung na chye lu ai.

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။