Thursday, January 24, 2013

ဒေသတည်ငြိမ်မှု မရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်မည်။


2013-01-24 (RFA)
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ ဆိုရင် တစ်လပြည့်သွားပြီဖြစ် ပေမယ့် မီးပုံမှန်အတိုင်းပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့ နှစ်ဖက်ကြားက တိုက်ပွဲတွေ အပေါ်မှာ မူတည်နေတယ်လို့ အဲဒီဒေ သကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက အာအက်ဖ်အေကို ပြောပါ တယ်။ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာမှာရှိတဲ့ ဘူးဂါး ကုမ္ပဏီပိုင် မလိရေအား လျှပ်စစ်စက်ရုံနား တစ်ဝိုက်မှာ လုံခြုံရေးအခြေ အနေ မရှိမှု၊ မြေမြှုပ်မိုင်း အန္တရာယ်တွေ အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုး တွေကို မပြင်ဆင်နိုင်သေးတဲ့အတွက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လည် ဖြန့်ဖြူးပေးဖို့ အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ် မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင်က RFA ကို အခုလိုပြောပါတယ်။


"တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့် လဲဖို့ သံတိုင် တွေကို  စီစဉ်ထားတယ်။အခုအဲဒီမှာ အရပ်သားဆိုတော့ လွတ်လွတ် လပ်လပ် သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီပတ် ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေ အထားပဲ ရှိပါတယ်"

ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင် ဆင်နိုင်သေးတဲ့ အခိုက်အတန့်ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ ကေဗွီအေ အင်ဂျင်စက် ၃ လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေ တယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။