Sunday, January 20, 2013

ဆိုင်းတောင်ဗမာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိ

(Jinghpawkasa)


ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်တွင် ဆိုင်းတောင် အခြေစိုက် ခလရ ၁၆ မှ ပေါက်ကွဲသံကြားရ သဖြင့်  လူနေထူထပ်သော ရပ်ကွက်များသို့ လက်နက်ကြီး၊ ငါးကြင်းမှီးများဖြင့် ပရမ်းပတာပစ်ခတ်ခဲ့ပါ သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ဦးအောင်ပြည့် (၆၀ နှစ်) အသက်ဆုံးရှုံး ခဲ့ရပြီး၊ လဖိုင်ဇော်ရိန် (၂၃ နှစ်) ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသည်။

ဗမာစစ်တပ်သည် ဖားကန့်နှင့် ဆိုင်းတောင် အရပ်သားများ ထူထပ်စွာ နေထိုင်ရာ မြို့လယ်တွင် တပ်စွဲထားပြီး အရပ်သားများအား လူသား ဒိုင်းသဖွယ် အကာအကွယ်ယူထားပါသည်။ သေနတ်သံ၊ မိုင်းသံကြား တိုင်း အရပ်သားများနေထိုင်ရာ နေအိမ်များသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်လေ့ရှိပါသည်။ စစ်တပ်ဆိုသည်မှာ အရပ်သားများ နေထိုင်သည့် မြို့ကြီးများနှင့် အနည်းဆုံး ၃ မိုင်ခန့်အကွာတွင် တပ်စွဲရမ ည်ဖြစ်သော်လည်း ယခုကဲ့သို့ အရပ်သားများ အလယ်တွင် တပ်စွဲထား ခြင်းသည် စစ်တပ်၏ စည်းမျည်းစည်းကမ်းနှင့် မလျော်ညီပေ။ ဤသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများသိသော်လည်း မည်သူမျှ မပြောဆိုရဲကြပေ။ “စစ်တပ် စစ်တပ်ချင်း၊ စစ်သား စစ်သားချင်း အရပ်သား တွေနဲ့ဝေးတဲ့နေရာမှာ ပစ်ခတ်ကြတာကိုတော့ ဘာမှမပြော လိုပါဘူး။ အခုက ဗမာစစ်တပ်က အရပ်သားတွေရဲ့ အလယ်မှာလာနေပြီး ပရမ်းပတာ ပစ်ခတ်တာတော့ သိပ်ကိုရုပ်ဆိုးလွန်းပါတယ်။ ဒါကိုတော့ ရှုတ်ချပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။ ယခုအခါ ဖားကန့် ဆိုင်းတောင် ဒေသခံများသည် အိမ်တိုင်းတွင် ဂတုတ်တွင်းကိုယ်စီ တူး ထားကြပြီး အသက်ဘေးလွတ်အောင် နေထိုင်နေကြရပါသည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။