Wednesday, January 9, 2013

ဆဒုံး – ကန်ပိုင်တီလမ်း ခရီးသွားများ စိတ်ဆင်းရဲနေရ

(Kachinland)


မြစ်ကြီးနား – ဆဒုံး – ကန်ပိုင်တီ သွားလမ်းတွင် စောင့်ကြပ်လျက်ရှိသည့် မြန်မာအစိုးရစစ်သားတို့၏ ခရီးသွားများအပေါ်လိုအပ်သည်ထက်ပိုသည့် စစ်ဆေးမူများ၊ ရိုက်နှက်မူများရှိခြင်းတို့ကြောင့် ခရီးသွားများ အနေနှင့် ထိတ်ထိတ်လန့်လန့်နှင့်သွားနေရသည်ဟု ခရီးသွားများကပြောသည်။

နှစ်သစ်ကူးတွင် ရင်ကျန်းမြို့သို့ပြန်သည့် ကချင်အမျိုးသားတဦးက ဆဒုံးတံတား၊ ရေတံခွန်တို့ကို ဓတ်ပုံရိုက် မိရာမှ ရင်ဘတ်ကိုခြေထောက်နှင့် ဆောင့်ကန်၊ သေနတ်ဒင်နှင့်ထု၊ လက်သီးနှင့်ထိုးခြင်းကိုခံခဲ့ရသည်။


ထိုမျှမကပဲ မင်းတို့ကချင်တွေကို သတ်ပစ်မည် ဟု လည်းခြိမ်းခြောက်ကာ သေနတ်ကိုမောင်းတင်ပြခဲ့သေးသည်။

ထိုကဲ့သို့အဖြစ်အပျက် မဖြစ်မှီက မော်တော်ကားမောင်းသူတဦး ဆဒုံးတံတားကောင်းမကောင်း အောက်ငုံ့ကြည့်မိရာမှ သွားများကျွတ်ထွက်သည်ထိ ရိုက်နှက်ခံခဲ့ရသည်။ ထိုကဲ့သို့ ခရီးသွားများအပေါ်တွင် ကျူးလွန်သည့် စစ်သားများသည် အရက်သေစာသောက်ထားခြင်းမဟုတ်ပဲ ပုံမှန်အခြေအနေတွင် ထိုကဲ့သို့ လူသားဂုဏ်သိက္ခာညှိုးနွမ်းစေမူများကိုပြုလုပ်ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။