(Jinghpawkasa)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံက်ခြောက်နာရီမှ စတင်ပြီး
နယ်မြေ ရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ဟု သမ္မတဦးသိန်းစိန်မှ တရား ၀င်ကြေငြာအပြီးနောက်
၉ နာရီအကြာ ညနေ ၃ နာရီခန့်တွင် လုံးခင်း ထူးကျောက်စိမ်း ကုမ္မဏီဝင်းအတွင်းရှိ ဗမာအစိုးရစစ်တပ်မှ
၁၂၀ မမ လက်နက်ကြီးများဖြင့် အချက် ၂၀ ကျော်ပစ်ခတ်ခဲ့ပါသည်။
အရပ်သားပြည်သူအများ စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်
ခိုလုံနေပြီဖြစ်သဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း သမ္မတ၏ ကြေငြာချက်အားဆန့်ကျင်၍
တိုက်ခိုက်လာခြင်းဖြစ်သဖြင့် တိုက်ပွဲကြီး များ ဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများက
စိုးရိမ်လျှက်ရှိပါသည်။ အချို့ကလည်း သမ္မတ၏ အမိန့်အား စစ်တပ်မှ လိုက်နာမည် မဟုတ် သဖြင့်
အပြုသဘောဆောင်သည်ဟု လက္ခံရန်ခက်ခဲကြောင်း ထင်မြင်ကြ ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။