Saturday, January 12, 2013

ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား


2013-01-12 (RFA)
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန် လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာ နယ်စပ်မှာ တရုတ် စစ်တပ်တွေ တိုးမြှင့် ချထားလိုက်တယ်လို့ အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေ တဲ့ Global Times တရုတ်အစိုးရ သတင်းစာက ဖေါ်ပြလိုက် ပါတယ်။ 

အခြေအနေတွေကို သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာ စစ်တပ် တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။


ဒါပေမယ့် တပ်အင်အား ဘယ်လောက်ချထားတယ် စတာကိုတော့ အသေးစိတ်အချက်အလက်တွေ ဖေါ်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်န၀ါရီ (၉) ရက်နေ့ညက ကချင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးတဲ့နောက်မှာတော့ ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ် ဆိုတာကိုတော့ ဖေါ်ပြထားပါတယ်။

မနှစ်က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေကို တရုတ်အစိုးရက အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့် အရေးအဖွဲ့တွေက ပြစ်တင် ဝေဖန်ခဲ့ကြ ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။