Thursday, January 24, 2013

ဖားကန့်မော်ကလုန် ရွာသားများအား ဗမာစစ်တပ် မှ ဖမ်းဆီးနှိပ်စက်

(Jinghpawkasa)

ဇန်န၀ါရီလ၂၃ ရက်နေ့ နံနက် ၆ နာရီမှစ၍ ဆိုင်းတောင်မှ ဂွေခါသွားရာ လမ်းရှိ မော်ကလုန်ကျေးရွာသို့ ဗမာစစ်တပ်မှ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ကာ ရွာသားအချို့အား ဖမ်းဆီးနှိပ်စက် ခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောပြပါသည်။ ထိုပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးပွဲချင်းပြီးသေဆုံးကာ ရွာသားတစ်ဦးအား ကေအိုင်အေဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပါသည်။ 


ဆက်လက်၍ ထိုစစ်ကြောင်းမှ မော်ဖီ ကျောက်စိမ်းမှော် သို့သွားကာ လူနေအိမ်များအား ရွာလုံးကျွတ်မီးရှို့ခဲ့ ကြောင်း၊ ကျောက်စိမ်းကုမ္မဏီ တစ်ခုလည်းမီးထဲ ပါဝင်ကြောင်း ဒေသခံ တစ်ဦးက ဖုန်းဖြင့် သတင်းပေးလာပါသည်။ ကေအိုင်အေများသည် ဂွေခါရွာအနီးတွင် အခိုင်အမာ တပ်စွဲထားသော်လည်း ဗမာစစ်တပ်သည် လူနေရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ငွေများ၊ ဖုန်းများနှင့် ကျောက်စိမ်း များအား ယူဆောင်သွားပါသည်။ ယခုအခါ ဗမာစစ်တပ်၏ စည်းလွတ်ဝါး လွတ် လုပ်ရပ်အား ဖားကန့်ဒေသခံအများစုမှာ နာကျည်းခါးသီးလျှက်ရှိပါ သည်။ ကချင်လူမျိုးများ၏ စိတ်တွင် ဗမာလူမျိုးများအား လူမျိုးရေးမုန်းတီး စိတ် ပိုမိုပြင်းထန်လာပြီး ပြဿနာများပိုမိုကြီးထွားလာနိုင်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။