ရွှေဟင်္သာသတင်းဌာန
ဇန်န၀ါရီလ (၂၂) ၂၀၁၃
လိုင်ဇာကို
စစ်ဆင်ရန် သံချပ်ကာ ကားများ အပါဝင် ထောင်နှင့် ချီသော မြေပြင် တပ်ဖွဲ့များ
ဗန်းမော်မြို့မှတဆင့် ဒေါ့ဖုန် ယန်းသို့ ပေးပို့နေသည်ဟု လဂျားယန် စစ်မျက်နှာရှိ KIA အရာရှိ တဦးက
ဆိုပါသည်။
“ ကြားရတာကတော့
ခါယာတောင်ကုန်းကို တရက်ထဲနဲ့ သိမ်းမယ်တဲ့။ အဲဒီအတွက် မြေပြင်တပ်ဖွဲ့က တထောင်ကျော် သံချပ်ကာကားက နှစ်စီး၊ လေယာဉ်က (၆) စီးနဲ့ပေါ့၊ တိုက်မယ်လို့ ၀ါဒဖြန့်နေတာလား။ တကယ် လားတော့
မပြော တတ် ပါဘူး။ ဗန်းမော်မြို့ မှာတော့ ရေကြောင်း ၊လေကြောင်းတွေက တဆင့်ပို့ထားတဲ့
တပ်အင်အားအလုံးအရင်းနဲ့ ရောက် နေ တယ်။ အဲဒီအတွက် တစ်မြို့ လုံးမှာ စစ်ကားတွေ ၀င်ထွက်သွားလာနေတာ ရှုပ်ရှက်ခပ်နေတာဘဲ” ဟု ဆိုပါသည်။
၎င်းထိုးစစ်တပ် များကို
လိုင်ဇာ
အနီးပါတ်ဝန်းကျင် ရှိ လဂျားယန်ကျေး ရွာ
၊ နားလုံကျေးရွာ ၊ ဒုံကွန်ကျေးရွာ တို့ တွင် ယနေ့ မနက်ပိုင်းမှ စပြီး ဖြန့်ကျက် ချထားခဲ့ပါသည်။ လိုင်ဇာဌာနချုပ်အနီးရှိ ၄င်းတို့တပ်ဖွဲများ ထံသို့ ရဟတ်ယာဉ်ဖြင့် လူ အင်အား လက်နက်ရိက္ခာ
အဆက်မပြတ် ခေါက်တုံ့ ခေါက်ပြန် နေ့ စဉ် ပို့ ဆောင်နေသည်ဟုဆိုပါသည်။
လိုင်ဇာအနီးရှိ
ခယာဘွမ် တောင်ကျောကိုလည်း ၃ ရက်မြောက် နေ
့ အဖြစ် မနက်ပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ် နေခဲ့ပါသည်။ မြေပြင် တိုက်ခိုက်မှု မရှိသော်လည်း
မြေပြင်စစ်ဆင်ရန် တပ်သစ်များ ယနေ့ ထပ်မံ ဖြည့်ဆီးနေခဲ့ ပါသည်။
ဤတပ်ဖွဲ့များနှင့် သံချပ်ကာကား အပါဝင် လေကြောင်းစစ်ဆင်မှုသည် နက်ဖြန်တွင်
စတင်ဖွယ်ရှိပြီး ခါရာ တောင်ကျောကို တရက်အတွင်း ထိမ်းချုပ်ရန် ရှိကြောင်း KIA ဖက်က တွက်ဆ ထားပါသည်။
အစိုးရ တပ်ဖွဲ့များသည်
ခါရာတောင်ကျောကို စိုးမိုးနိုင်ပြီးမှ ၄င်းတို့ ဂတိပေးထားသော အပစ်ရပ်ရေး
အစီစဉ် စနိုင်မည်ဟု စစ်ရေး အကဲ ခတ်များက ယူဆနေပါသည်။
လိုင်ဇာမြို့ထဲရှိ ကေအိုင်အေက ဌာနချုပ်အဖြစ် အခြေစိုက်ထားသော နေရာ အနီး၌ ပေါက်ကွဲမှုတခု
ဖြစ်ပွားခဲ့ပါသည်။ ယင်းပေါက်ကွဲမှုကြောင့် ကလေးနှင့် ကလေး မိခင်တို့ နှစ်ဦး အနည်းငယ်
ဒဏ်ရာ ရရှိခဲ့ပါသည်။
အလားတူ ကချင်ပြည်နယ်
အရှေ့ပိုင်း ပန်းဝါဒေသ၌လည်း ရဟတ်ယာဉ် နှစ်စီးဖြင့် လူအင်အား၊ ရိက္ခာ၊
ခဲယမ်းမီးကျောက် များ ဖြည့်ဆီးနေပါ သည်။
KIA ကိုပြင်းထန်စွာ
စစ်ဆင်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့် အစိုးရ တပ်ဖွဲ့များသည် မြစ်ကြီးနား လေတပ်စခန်းရှိ တိုက်လေယာဉ် များနှင့်
စစ်ရဟတ်ယာဉ်များအား ခေါက်တုံ
့ခေါက်ပြန် အသုံးပြုနေပါ သည်။
ဤစစ်ရေး
ပြင်ဆင်မှုများသည် နက်ဖြန် တိုက်ပွဲအတွက် အပြီးသတ်ပြင် ဆင် နေပုံရသည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
သို့သော် အထိ အခိုက် အကျအဆုံး
များနေသော အစိုးရတပ်ဖွဲ့တွင် စိတ်ဓါတ်များ ကျနေသလို တိုက်ခိုက်မှု များသည်လည်း
ထိရောက်မှု မရှိသဖြင့် ထင်ကြေးများလွဲမှားနေပြီး သမ္မတ အပါဝင် ကာချုပ်၏ အပစ်ရပ်ရေး
ဂတိများ သည်လည်း မျက်နှာပျက်စရာဖြစ်လာခဲ့ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။