Wednesday, January 9, 2013

မြန်မာအစိုးရစစ်တပ် တောင်ကုန်းအမှတ် ၇၇၁ ကို လေကြောင်းမှ စစ်အင်အားဖြည့်

(Kachinland)


ဇန်န၀ါရီလ ၈ တွင် မြန်မာအစိုးရစစ်တပ်က ဒီဇင်ဘာလ ကုန်ပိုင်းက လေကြောင်းထိုးစစ်ဖြင့် တိုက်ခိုက်သိမ်းထားသည့် တောင်ကုန်း အမှတ် ၇၇၁ သို့ လက်နက်ရိက္ခာဖြည့်တင်းမူများကို ပြုလုပ်ခဲ့သည်။

တိုက်လေယဉ်မှ ဗုံးများတရစပ်ကြဲနေသည့်အချိန်တွင် ရဟတ်ယဉ်နှစ်စီးက လိုအပ်သည့် လက်နက်ရိက္ခာများကို လာရောက်ချထားခြင်းဖြစ်သည်။


ဇန်န၀ါရီ ၇ ရက်နေ့တွင်လိုင်ဇာအနီးပတ်ဝန်းကျင်သို့ ရဟတ်ယဉ်၊ တိုက်လေယဉ်များဖြင့် ဗုံးကြဲခြင်း စက်သေနတ်ပစ်ခြင်းများကို ပြုလုပ်ခဲ့သည်။ ယင်းနေ့တွင်ပင် နမ်ဆမ်ယန် ကျေးရွာမှ နေအိမ် များကို အစိုးရတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

နယ်ခြားမှတ်တိုင် အမှတ် ၆ အနီးတွင်လည်း ခလရ ၁၀၊ ၁၃၊ ၇၇ တို့နှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များအပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိတွင် မြန်မာအစိုးရစစ်တပ်များသည် လေကြောင်းမှ ထိုးစစ်ဆင်နေသည့် အချိန်တွင် မြေပြင်တပ်များက ကေအိုင်အေ တပ်စခန်းများကို ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ မြန်မာအစိုးရစစ်တပ်သည် မြေပြင်ထိုးစစ်များ ရှေ့တိုးမရသည့်အခါတိုင်းတွင် လေကြောင်းမှ တိုက်လေယဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ဒီဇင်ဘာလမှ စတင်ကာ လိုင်ဇာအနီးတ၀ိုက်မှ စိုးမိုးကုန်းများကို လေကြောင်းထိုးစစ်ဖြင့် တိုက်ခိုက် လျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။