Friday, January 25, 2013

ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား


Friday, 25 January 2013 (Eleven Media Group)

ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ် အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့သည်။

“အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အိုနဲ့သာ အဆင်မပြေ သေးတာပါ။ ကေအိုင်အိုနဲ့ အဆင်မပြေ တာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ ဘက်က လုပ်နည်းလုပ်ဟန် မှားနေသလားလို့ ပြန်လည်သုံးသပ် ဆင်ခြင် မိ ပါတယ်။
မည်သို့ဆိုစေ ကေအိုင်အေရဲ့ တောင်းဆိုချက်အတိုင်း နိုင်ငံ ရေး ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားပါမယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ အပါ အ၀င် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး ဆောင် ရွက်ရာတွင် နိုင်ငံတော်သမ္မတက အဆင့် ၃ ဆင့် ပါဝင်သည့် လုပ်ငန်း လမ်းညွှန်မှုများ ချမှတ်ပေးထားကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အခြေခံမူအဖြစ် ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စ၊ ဒို့တာဝန် အရေး ၃ ပါးမှ ကာကွယ် စောင့်ရှောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လိုက်နာရေး ကိစ္စများ ချမှတ်ထားကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းများ ထိရောက်မြန်ဆန် စေရန်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနကို ဖွဲ့စည်းပေးထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပြည်တွင်းပြည်ပ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ ပါဝင်သော ရုံးအဖွဲ့တစ်ရပ် ဖွဲ့စည်းရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် လို အပ်သော နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှ ကိုယ်စား လှယ် ပုဂ္ဂိုလ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးရှိ ပြည်တွင်း ပြည်ပ တတ်သိ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဖြစ်စဉ်တွင် အဆင်ပြေ ချောမွေ့စွာ ပူးပေါင်း ပါဝင်နိုင်ရန် လိုအပ်သော စီမံမှုများကို တာဝန်ယူ ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရှိရပါသည်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။