Saturday, January 12, 2013

တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျ သုံးဦးသေဆုံး

(Mizzima)


တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် MI35 တစ်စင်း အရေး တကြီး  မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၂၀ အကွာ တာလောကြီး ကျေးရွာအနီး ဇန်န၀ါရီ ၁၁ ရက်နေ့က ပျက်ကျရာက ဗိုလ်မှူးအဆင့်ရှိ လေသူရဲတစ်ဦး၊ ဗိုလ်ကြီး အဆင့်ရှိ လေသူရဲတစ်ဦးနှင့် တပ်ကြပ် အဆင့်ရှိသူတစ်ဦးတို့ သေဆုံးသွားခဲ့သည်။

ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော် လည်း စက်ချို့ယွင်းမှုဖြစ်ရာက အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု အစိုးရဘက်က ထုတ်ပြန်သည်။

မြစ်ကြီးနားလေတပ်ဌာနချုပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး ဒေသတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) များအပေါ် ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်မှုများလည်း ရှိနေခဲ့သည်။

KIA သတင်းရပ်ကွက်တစ်ခုက ပြောကြားရာတွင် စစ်လက်နက်ပစ္စည်းနှင့် စစ်သားများပို့ဆောင်မှုပြုနေသော အဆိုပါ ရဟတ်ယာဉ်ကို KIA တပ်များ က ဇန်န၀ါရီ ၁၁ ရက်၊ ညနေပိုင်းက ပစ်ချနိုင်ခဲ့သည်ဟုဆိုသည်။

အင်ဂျင်ပျက်ခြင်းသာ အကြောင်းရင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ပြန်လည်ချေပခြင်းများလည်းရှိနေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။