(ရွှေဟင်္သာသတင်းဌာန)
http://www.facebook.com/photo.php?v=452436088142837
ဤစစ်ဆင်ရေးတွင်လည်း အစိုးရတပ်များ အကျအဆုံးများခဲ့သည်ဟု KIA ဖက်မှဆိုပါသည်၊ ဤသို့ကြောင့် အစိုးရတပ် များသည် လူအင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များ၊ ဖြည့်တင်းနိုင်ရန် ရဟတ်ယာဉ်များကို အသုံးပြုခဲ့ရပါ သည်။ ဤကဲ့သို့ ခေါက်တုန့်ခေါက်ပြန် အင်အားဖြည့်ပျံသန်းနေစဉ် ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် KIA တပ်ဖွဲ့ ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါသည်။
စစ်ရဟတ်ယာဉ် Mi 35ပစ်ခံရသဖြင့် လေသူရဲ ၂ ဦးဖြစ်သည့် ၄၇မှ ဗိုလ်ကြီး ကျော်ထွန်းနောင်၊ ၄၁မှ ဗိုလ်မှူး ဖြိုးငြိမ်း တို့ ကျဆုံးခဲ့ရသည်ဟု KIA ဖက်မှပါသည်။ အစိုးရ၏ မြ၀တီမီဒီယာကမူ အခင်းဖြစ်ပွားမှုကို စောစီးစွာ ၀န်ခံခဲ့ပါသည်။ သို့သော် KIA ၏ပစ်ခတ်မှုကြောင့် ပျက်ကျခြင်းမဟုတ်ဘဲ စက်ချို့ယွင်းခြင်းကြောင့်ဖြစ်ပြီး အခြားလေတပ်များကအချိန် မှီကယ်တင်ခဲ့သည်ဟု တင်ပြထားပါသည်။
ဤကဲ့သို့ စစ်ရဟတ်ယာဉ် အတိုက်အခိုက်ခံရသဖြင့် တပ်အင်အားဖြည့်ဆီးမှုများ ထိခိုက်ဖွယ်ရှိလာနိုင်ပါသည်။ ဤသို့ ကြောင့် ဇန္နာဝါရီ (၁၂) ရက်နေ့တွင် ထိုးစစ်ဆင်မှုများ အလွန်းနဲပါးနေခဲ့ပါသည်။ အဆိုပါ Mi 35 စစ်ရဟတ်ယာဉ်သည် ရုရှားလုပ် ရဟတ်ယာဉ်ဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။
ကချင်စစ်ပွဲရပ်ဆိုင်းရေးအပေါ် သမ္မတမှပြတ်သားသော အမိန့်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။အမိန့်ပေးထားခဲ့ခြင်းနှင့်လွှတ် တော်သို့ နှစ်သစ်သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းသာ မီဒီယာ ၌ဖေါ်ပြနေခဲ့ပါသည်။ သို့သော် (၈၈) ကျောင်းသားများ၊ တရုတ် ပြည်ရှိ ကချင်လူထုများနှင့် ပြည်ပရောက်တိုင်းရင်းသား အဖွဲ့အစည်းများကသာ ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဆန္ဒပြတောင်း ဆိုနေခဲ့ပါသည်။ အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကမူ ပြည်တွင်း ငြိမ်းရေး ရရှိရန် ၄င်းအလိုချင်ဆုံးဟု မြ၀တီ မီဒီယာ၌ ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ
အစိုးရစစ်ဆင်ရေး စစ် ကြောင်းများကို စစ်ရဟတ်ယာဉ်ဖြင့် စစ်လက်နက်ပစ္စည်းနှင့် စစ်အင်းအားပို့လာသော
စစ်ရဟတ်ယာဉ် Mi 35 ကို KIA ဘားအောင်စခန်းက ပစ်ချခဲ့သည်ဟု KIA ရှေ့တန်းတပ်မှူး တဦးကဆိုပါသည်။
အစိုးရတပ်များသည် ဇန္နာဝါရီ (၉) ရက်နေ့ KIA တပ်ရင်း (၂၄) စစ်ဆင်ရေးတွင် အထိနာခဲ့ပြီး (၁၀) ရက်နေ့၌ လူနာများ ပို့ပေးနေရသဖြင့် စစ်ဆင်ရေးကို တရက်တာရပ်နားခဲ့ပါသည်။ သို့သော် ဇန်န၀ါရီ (၁၁) ရက်နေ့တွင် KIA တပ်များသည် ခါရာတောင်နှင့် ဒေါ့ဖုန်းယန်စခန်းဖက်တွင် ပြင်းထန်စွာ ပြန်လည်စစ်ဆင်ခဲ့ပါသည်။
အစိုးရတပ်များသည် ဇန္နာဝါရီ (၉) ရက်နေ့ KIA တပ်ရင်း (၂၄) စစ်ဆင်ရေးတွင် အထိနာခဲ့ပြီး (၁၀) ရက်နေ့၌ လူနာများ ပို့ပေးနေရသဖြင့် စစ်ဆင်ရေးကို တရက်တာရပ်နားခဲ့ပါသည်။ သို့သော် ဇန်န၀ါရီ (၁၁) ရက်နေ့တွင် KIA တပ်များသည် ခါရာတောင်နှင့် ဒေါ့ဖုန်းယန်စခန်းဖက်တွင် ပြင်းထန်စွာ ပြန်လည်စစ်ဆင်ခဲ့ပါသည်။
http://www.facebook.com/photo.php?v=452436088142837
ဤစစ်ဆင်ရေးတွင်လည်း အစိုးရတပ်များ အကျအဆုံးများခဲ့သည်ဟု KIA ဖက်မှဆိုပါသည်၊ ဤသို့ကြောင့် အစိုးရတပ် များသည် လူအင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များ၊ ဖြည့်တင်းနိုင်ရန် ရဟတ်ယာဉ်များကို အသုံးပြုခဲ့ရပါ သည်။ ဤကဲ့သို့ ခေါက်တုန့်ခေါက်ပြန် အင်အားဖြည့်ပျံသန်းနေစဉ် ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် KIA တပ်ဖွဲ့ ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါသည်။
စစ်ရဟတ်ယာဉ် Mi 35ပစ်ခံရသဖြင့် လေသူရဲ ၂ ဦးဖြစ်သည့် ၄၇မှ ဗိုလ်ကြီး ကျော်ထွန်းနောင်၊ ၄၁မှ ဗိုလ်မှူး ဖြိုးငြိမ်း တို့ ကျဆုံးခဲ့ရသည်ဟု KIA ဖက်မှပါသည်။ အစိုးရ၏ မြ၀တီမီဒီယာကမူ အခင်းဖြစ်ပွားမှုကို စောစီးစွာ ၀န်ခံခဲ့ပါသည်။ သို့သော် KIA ၏ပစ်ခတ်မှုကြောင့် ပျက်ကျခြင်းမဟုတ်ဘဲ စက်ချို့ယွင်းခြင်းကြောင့်ဖြစ်ပြီး အခြားလေတပ်များကအချိန် မှီကယ်တင်ခဲ့သည်ဟု တင်ပြထားပါသည်။
ဤကဲ့သို့ စစ်ရဟတ်ယာဉ် အတိုက်အခိုက်ခံရသဖြင့် တပ်အင်အားဖြည့်ဆီးမှုများ ထိခိုက်ဖွယ်ရှိလာနိုင်ပါသည်။ ဤသို့ ကြောင့် ဇန္နာဝါရီ (၁၂) ရက်နေ့တွင် ထိုးစစ်ဆင်မှုများ အလွန်းနဲပါးနေခဲ့ပါသည်။ အဆိုပါ Mi 35 စစ်ရဟတ်ယာဉ်သည် ရုရှားလုပ် ရဟတ်ယာဉ်ဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။
ကချင်စစ်ပွဲရပ်ဆိုင်းရေးအပေါ် သမ္မတမှပြတ်သားသော အမိန့်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။အမိန့်ပေးထားခဲ့ခြင်းနှင့်လွှတ် တော်သို့ နှစ်သစ်သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းသာ မီဒီယာ ၌ဖေါ်ပြနေခဲ့ပါသည်။ သို့သော် (၈၈) ကျောင်းသားများ၊ တရုတ် ပြည်ရှိ ကချင်လူထုများနှင့် ပြည်ပရောက်တိုင်းရင်းသား အဖွဲ့အစည်းများကသာ ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဆန္ဒပြတောင်း ဆိုနေခဲ့ပါသည်။ အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကမူ ပြည်တွင်း ငြိမ်းရေး ရရှိရန် ၄င်းအလိုချင်ဆုံးဟု မြ၀တီ မီဒီယာ၌ ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။