Tuesday, December 17, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

(Kachin Duwa)

အန်အယ် ဒီပါတီကို အားပေး နေတဲ့ သာမန် လူငယ် တော်တော် များများဟာ အခြေခံ ဥပဒေ ပြင် ဆင်ရေးသည် ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်း တင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေ က ဒီအချက် ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြ ဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင် ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာ တာ တွေ့ရပါတယ်။

Monday, December 16, 2013

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉)

(မိုးမခ)



အောင်ဒင် ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၄၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃)
 
(၆) အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များအစည်းအဝေး

လိုင်ဇာညီလာခံက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဟာ နိုဝင်ဘာလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က အရာရှိများအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး တို့ပါဝင်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ခေါင်းဆောင်ပါတယ်၊

Friday, December 13, 2013

ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးတို့အဖွဲ့တွေ့ဆုံ

(Kachinwaves)

နိုင်ငံတော် သမ္မတ သက်တမ်းတွင် ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း သမ္မတ၏ သက် တမ်းကုန်ဆုံးခါနီး ဖြစ်တဲ့အတွက် စီမံကိန်းပြန်လည် အကောင်းအထည်ဖော်ရေး ပြန် လာပေါ်ပေါက် လာနိုင်ပြီး ပြည်သူ များအနေနဲ့ လည်း ဆက်လက်ကန့်ကွက်သွားရန် နည်းလမ်း ရှာရမည်ဖြစ်ကြောင်း ဒီဇင်ဘာ  ၁၁ နေ့တွင် ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း များ နှင့် ၈၈ မျိုးဆက်သစ်ကျောင်း သားများ ကိုမြအေး တို့အဖွဲ့ တို့မှ တွေ့ ဆုံ ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား

(ကချင်သတင်းဌာန)

ယနေ့ ဒီဇင် ဘာ ၁၃ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့များအကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ အရာရှိများက ပြောသည်။

တိုက်ပွဲများသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေများဖြစ်သော KIA တပ်ရင်း ၉ နှင့် တပ်ရင်း ၈ ဒေသများ တွင် တနေရာစီ နှင့် တပ်ရင်း ၂ ဒေသတွင် ၂ နေရာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သျှမ်း - ကချင် နယ်စပ်သို့ အစိုးရစစ်ကား ၄၀ ကျော် ဦးတည်နေ

သျှမ်းသံတော်ဆင့်

စားနပ်ရိက္ခာ နှင့် စစ်အင်အားများ တင်ဆောင်သည့် အစိုးရစစ် ယာဉ်တန်းများ သျှမ်းပြည် မြောက်ပိုင်းမှ ကချင်ပြည်နယ် စပ်ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ “စစ်ကား အစီး ၄၀ လောက်ရှိမယ်ထင်တယ်၊ မနေ့ညနေတုန်းက မြို့ထဲဖြတ်ပြီး ကချင်ပြည်နယ် မန့်ဝိန်းကြီးဘက်သို့ ဦးတည်သွား တာတွေ့ရတယ်၊ ဆီပီပါတင်ကားက... တစ်စီး ကျန်တာတွေက ရိက္ခာနဲ့ လက်နက်တွေ၊ လက်နက်ကြီးတွေပါမယ်ထင် တာပဲ၊ တင်ထားတော့အပြည့်ပဲ ” ဟု နမ့်ခမ်းဒေသခံ စိုင်းအိုက်ကပြောသည်။

အတိုက်အခံခေါင်းဆောင် ဆိုတဲ့ နာမည်ကို ခါးသီး နေသူများသို့......

(Kachin Duwa)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်မျှ အတိုက်အခံ ဆိုတဲ့ ခေါင်းစဉ်ဟာ လူဆိုး ဖြစ်နေခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်မနောမှာ ညှိကျန်ခဲ့တာပဲ။ အဲဒါကတော့ အတိုက်အခံ ဆိုတာ သူပုန် ပုံစံ ဖြစ်သွားပါတယ်။ အတိုက်အခံ လုပ်သူဟာ အဆိုးမြင် ပေါ့။

ပလောင်နှင့် ကချင်တပ်ဖွဲ့တို့ ၏ နမ့်လိတ်တောင် (ဂေါင်မောဝ်ဟိုဝ်း) တိုက်ပွဲ စစ်တမ်း

(ရွှေဟင်္သာသတင်းဌာန)

နမ့်လိတ်တောင် (ဂေါင်မောဝ်ဟိုဝ်း) သည် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် နမ့်ဖက်ကာမှ ၊ နမ့်ဆောင် ကျဲ ကျေးရွာ အုပ်စု တည်ရှိပါ သည်။ ၄င်းတောင်ထိပ် တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) တပ်ဖွဲ့ နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့တို့ ၏ ယာယီ ပျောက် ကျား စခန်း တခု ရှိပါသည်။

အဆိုပါ ပျောက်ကျား စခန်းတွင်(TNLA) တပ်ရင်း (၁၁၂) မှ တပ်ခွဲ () နှင့် KIA တပ်မဟာ () လက်အောက်ခံ တပ်ရင်း () မှတပ်ခွဲ() တို့နေရာယူ ထား ပါသည်။ အင်အား စုစုပေါင်း (၅၀) ခန့်ရှိပြီး အစိုးရ တပ်တို့၏  () ရက်တာပြင်းပြင်း ထန်ထန်တိုက် ခိုက်မှုကို ခံရပြီး ဆုတ်ခွာ ပေးခဲ့ရသော ယာယီပျောက်ကျား စခန်းလေး တခုဖြစ်ပါသည်။

ယာယီ ပျောက်ကျား စခန်းဆိုသည်မှာ အင်အားမမျှသော ရန်သူကို ရင်ဆိုင်ရာတွင် မိမိအင်အား မပြုန်းတီးစေ ရန်ထိမ်း သိမ်းခြင်း အားဖြင့် လည်းကောင်း၊ အချိန် ကြာမြင့်စွာခံတိုက်မှုကို ရှောင်ရှား စေလိုသဖြင့် ခိုင်ခန့်သော စခန်းမျိုးမဟုတ်ဘဲ အချိန်မရွေး ပြုပြင်ပြောင်း လဲနိုင်သော၊ ဆုံးရှုံးမှု မရှိနိုင်သော ယာယီ စခန်းမျိုး ကိုဆို လိုခြင်း ဖြစ်ပါသည်။ (စာရေးသူ)

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈)



မိုးမခ
 အောင်ဒင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၃၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃)

“ငြိမ်းချမ်းရေး…. ဟိုး…အဝေးမှာ” …ဆောင်းပါးရှည် ၊ အပိုင်း (၇) ပိုင်းကို ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၅ ရက်နေ့မှာ စရေးပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ နှစ် ၆၀ ကျော်ကြာ ခဲ့ပြီး ပြည် သူတွေ ထောင်နဲ့ သောင်း နဲ့ချီ သေဆုံး ခဲ့၊ သေဆုံးနေ ရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပြည်တွင်း စစ်ကြီးကို အမြန်ဆုံး ထာဝရ အဆုံးသတ်စေချင်တဲ့ သာမာန်လူ တစ်ယောက် ရဲ့ မချင့်မရဲ ကြေကွဲသံတွေပါ၊ ကုမုဒြာသတင်းဂျာနယ်မှာ အပိုင်း (၁) ကို အတွဲ ၃၊ အမှတ် (၂၆)၊ အောက်တို ဘာလ ၁ ရက်နေ့က စလို့ အပါတ် စဉ်ဖော်ပြခဲ့တာ အပိုင်း (၇) ကို အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင် ဘာလ ၁၂ ရက်နေ့မှာ အဆုံး သတ်ဖော်ပြပါတယ်၊ ဆောင်းပါး ရေး သားချိန်နဲ့ ပုံနှိပ်ဖော်ပြ ချိန်ကြားမှာ အချိန် ကာလ တစ်လကျော်လောက် ကွာခြားတာမို့ ဒီဆောင်းပါး အပိုင်း (၇) ပိုင်းမှာ စက်တင် ဘာလ နောက်ဆုံးပါတ်၊ အောက်တိုဘာလ တစ်လလုံးနဲ့ နိုဝင်ဘာလ ပထမပါတ် အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို မဆွေးနွေးနိုင်ခဲ့ပါ၊ အဲဒီ တစ်လကျော်အချိန်အတွင်းမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတွေ ရှိခဲ့တာမို့ ဒီဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကျနော့်ရဲ့ သုံးသပ်မှုတွေကို တင်ပြဖို့ ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်၊

ဧရာဝတီ ရေကာတာ ပြောင်းရွှေ့ခံရွာသားများ ပုဒ် ၁၈၈ ဖြင့် ဖမ်းဆီးအရေးယူရန် ခြိမ်းခြောက်ခံနေရ

(KNG)

ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မြစ်ဆုံပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကို ရပ်ဆိုင်း ထားသော ကြောင့် ပြန် လည်နေရာ ချ ထားရေးနေရာ အောင်မြင်သာ စံပြကျေးရွာမှ ရွာသား အချို့ မိမိမူလနေရာ သို့ ပြန်လည်နေ ထိုင်လုပ်ကိုင် စားသောက်နေ ရာ ပြီးခဲ့သည့် အပတ်မှ မြစ်ကြီး နားမြို့နယ် အုပ်ချုပ်ရေး မှူးများက အရေးယူမည် ဟုခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် မရက အုပ်ချုပ်ရေးမှူးနှင့် အောင်မြင်သာရွာမှ ရဲများ၊ အုပ်ချုပ်ရေးမှူးများက နေအိမ်သို့ပြန်လည်နေထိုင်သောသူများထံသို့ ပထမဆုံးလာရောက်ပြီး ဓါတ်ပုံများရိုက်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း တန်ဖရဲဒေသခံတဦးပြောသည်။

Thursday, December 12, 2013

မြန်မာတပ်မှ ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိ

11 Dec 2013 by TNLA ...

နမ့်လိတ်တောင် တိုက်ပွဲမှာ ကိုယ့်ဘက်ကအနာမခံချင်တာကြောင့် TNLA နဲ့ KIA တပ်ဖွဲ့တွေ နေရာဆုတ်ပေးလိုက်လို့ ၂ ရက်ကြာတိုက်ပွဲပြီးသွားပါတယ်။

နမ့်လိတ်တောင်တိုက်ပွဲမှာ TNLA က တပ်ရင်း ၁၁၂ ရဲ့ တပ်ခွဲ (၃) တခွဲနဲ့ KIA တပ်ရင်း ၈ တပ်ခွဲ (၂) တခွဲ စုစုပေါင်း အင်အား ၅၀ လောက်ပဲ ခုခံတိုက်နေတာပါ။

မြန်မာအစိုးရတပ်ဖက်က ခလရ ၁၂၃၊ ၁၄၃၊ ၁၄၂၊ ၁၄၅၊ ၄၅ နဲ့ တပ်ရင်းနံပတ် အတိအကျ မဖော်ပြနိုင်တဲ့ ဧည့်တပ် ၂ တပ်လောက်(တပ်မ ၃၃ ကလို့ယူဆ)ပါ ပါတယ်။ အင်အား ၃၀၀-၄၀၀ လောက်ရှိပါတယ်။

KIA တပ်မဟာ(၃) နှင့် (၄) နယ်မြေတို့ တွင် တိုက်ပွဲဆက်ဖြစ်

(KNet)
ဒီဇင်ဘာ(၁၁) ရက် မနက် (၁၁း၃၀)နာရီ အချိန်ခန့် ရှမ်းပြည်မြောက် ပိုင်း ကေအိုင်အေ တပ်မ ဟာ (၄) တပ်ရင်း (၂) နယ်မြေ မုန်ဂျီ ဟူး ရက် ( MungJi Huyet Bum) တစ်ကြော နယ်ကျော်ကာ ၀င်ရောက် လှုပ်ရှား လာသော မြန်မာအစိုးရတပ် ခလရ(၁၂၅) တပ်ဖွဲ့ နှင့် ကေ အိုင်အေ တပ်ရင်း(၂) တပ်ဖွဲ့ ဝင် များ ထိတွေ့ တိုက် ပွဲဖြစ်ပွား ခဲ့ကြောင်းသိရ သည်။ ...

တရုတ်လွှမ်းမိုးမှု ရေသောက်မြစ်ကို တူးဖေါ်ခြင်း အပိုင်း(၁)

 မြန်မာနိုင်ငံတွင် ယနေ့  ဖြစ်နေသော ပြသ နာ အားလုံး တို့ အား အသေးစိတ် တင်ပြနိုင် ရန် စာရေး သူနှင့် အဖွဲ့မှ အတော်ပင် ခက် ခက်ခဲခဲ ရေဆုံးမြေ ဆုံး လိုက်လံကာ ၄င်းပြသနာ အားလုံးတို့ ၏ ရေသောက်မြစ်သည် တခု တည်းသာ ဖြစ်နေသည်ကို စာဖတ်သူ များအား တင်ပြလိုခြင်း အလို့ငှာ ယခု ဆောင်းပါး စာတမ်း အား ရေးသားခြင်း ဖြစ်ပါသည်။ ဆောင်းပါး တွင် ပါရှိသော ပထမ ပိုင်း အချက်လက် များသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးခံရကာ ရာထူးမှ ဖြုတ် ထုတ် ခြင်းခံရသော ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ရုံးခန်းမှ ရှာဖွေ ပုံစံအရ အထူးစီမံချက် တပ်ဖွဲ့ဝင်များမှ ရဲချုပ် ခင်ရီ၊ ကျော်ဆန်းနှင့် ဦးရွှေမန်းတို့ ရှာဖွေတွေ့ရှိခဲ့သော မှတ်းတမ်း ဒိုင်ယာယီအား ထုတ်နုတ်အခြေခံထားပါသည်။ယခု ဗိုလ်ချုပ်ခင်ညွန့်၏ အဖြစ်သည် နွားသိုးဦးချိုပေါ်တွင် ပါသွားသော ကျားနာတကောင်နှင့်တူလေ၏။

SEA Games 2013 မှာ ကမ္ဘာကျော်တဲ့ မြန်မာ့သတင်းများ။

(Kachin Duwa)

SEA Games 2013 ဟာ မြန်မာ က ကမ္ဘာကို အစွမ်းပြလိုက် တဲ့ပွဲ ဖြစ် တယ် "မြန်မာ့ အမျိုး သားအောင်ပွဲ" လို့ တချို့ က ဆိုကြပါတယ်။

ဒူဝါကလဲ အင်္ဂလိပ် စာတွေ နဲနဲ ဖတ် တတ်တော့ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ဘာရေးထား တယ် ဆိုတာ သိနေ တယ်။ မြန်မာ့ ညစ်ပုံ ညစ်နည်း နာမည်ကြီး သွားတာ ကတော့ အသေအခြာ ပါ။

ဘာတဲ့။

အစိုးရ တပ်ဖွဲ့အင်အားဖြည့်တင်း၊ တိုက်ပွဲများ ဖြစ်လာဖွယ်ရှိ

(ရွှေဟင်္သာသတင်းဌာန)

ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) ဒေသ တပ်ရင်း ၁၂ နယ်မြေ သို့ အစိုးရ တပ်အင်အားများ ထပ်မံ ဖြည့်တင်း လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်း ထန်လာ ဖွယ်ရှိသည် ဟု ကေအိုင်အေ တပ်မှူး များက ပြောသည်။
ကချင်ပြည်နယ် ဗန်းမော် ခရိုင် မန်စီမြို့ နယ်အတွင်း လတ်တလော တွင် နှစ်ဖက်တပ်မှ ပစ်ခတ်မှု မရှိသေးသော်လည်း နမ်လင်းပါ တပ်စခန်း အနီးတွင် မိုင်းများ ပေါက်ကွဲနေကြောင်း ကေအိုင်အေ တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ကချင်သတင်းဌာန (KNG) ကို ပြောသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး ဒု အကြိမ် ဆွေးနွေးပွဲ ရွှေ့ဆိုင်း

(Irrawaddy)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရန်အတွက် ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံ ခရိုင် အတွင်းရှိ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ လေ၀ါး ( ခေါ် ) လောခီး လာ ဒေသတွင် ယခုလ အတွင်း တွေ့ဆုံဆွေးနွေး ရန် စီစဉ် ထားသော်လည်း ထပ်မံ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဘက် အတွင်းရေးမှူး (၂) ပဒို မန်းမန်းက ဧရာဝတီသို့ ပြောသည်။

KIA တပ်ဖွဲ့က တပ်သားသစ်များ စုဆောင်းနေ

(Irrawaddy)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက တပ်သား သစ်များ စုဆောင်း ရန် ယခု လဆန်းပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ဗန်မော် ခရိုင်၊ မံစီ မြို့နယ်ရှိ ကျေးရွာ ဒေသခံ များကို ဖမ်းဆီးမှုများ ဆက် တိုက် ပြုလုပ်နေကြောင်း သိရသည်။

မံစီမြို့နယ် အတွင်း ရှိ မံဖွ ကျေးရွာနှင့် အနီးအနား ရွာများမှ ဒေသခံများ ကို ဒီဇင်ဘာ လဆန်းပိုင်း မှ စတင် ကာ ဒီဇင်ဘာ ၉ ရက်အထိ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသာဦးရေမှာ ၆၃ ဦး ရှိပြီး ယင်းတို့အားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ဧရာဝတီသို့ ပြောသည်။

ဆောင်းတမနက်ရဲ့ အလှည့်အပြောင်းတကွက်...

(Kayin Lay)

ထိုင်ပြီးရင် ထ လို့ မရ။ ထပြီးရင် လည်း ပြန်ထိုင် လို့  မရ။ ဖြောင့် ထားပြီးရင် ကွေး ဖို့ ခက်သလို ကွေးပြီးရင် လည်း ပြန် ဆန့် တန်းဖို့ ခက်လှချည်ရဲ့။

အပေါက် ကလေး က သေးသေးလေးနဲ့  ကြည့် လိုက်ရင် ဆူးခြစ်ထား တာလောက် ရှိတဲ့ သွေးစို့ ရုံ တင်လေး ဒဏ်ရာ ထင်ရပေမယ် ခုတော့ ကျနော့်ဒူးခေါင်းဟာ အချိန်နဲ့ အမျှယောက်ကိုင်းတက်လာပြီး နီညိုရောင်သမ်း နေတယ်။ ဒူးခေါင်းဟာ ခရမ်းရောင်သမ်းတဲ့ ဆင်ခေါင်းတခုနဲ့ ခပ်ဆင်ဆင်ပါပဲ။ M 79 ဗုံးပစ်လောင်ချာရဲ့ ၄၀ မမကျည်ကွဲစဟာ ဘယ်လောက်အထိအဆပ်ပြင်းတယ်ဆိုတာ ဘ၀မှာငါတွေ့ ကိုယ်တွေ့  လက်တွေ့ ခံစား နေရပြီ။

KNU ဌာနချုပ် နယ်မြေတွင် ပြုလုပ်ရန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့ ရွှေ့ဆိုင်း

(Eleven Media Group)

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်က တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေ့ဆိုင်းရခြင်းမှာ နေရာထိုင်ခင်း မလုံလောက်၍ ဖြစ်ကြောင်းနှင့် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ ၁၅ ရက်ကြား ပြုလုပ်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇)

(မိုးမခ)


အောင်ဒင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃)

ဒုတိယပင်လုံညီလာခံ

တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်းဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာများဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊

KIA နဲ့ မူဆလင် ကို တွဲထားခြင်း ရဲ့ ရည်ရွယ်ချက်များ။

(Kachin Duwa)

KIA နဲ့ မူဆလင် ကုလား အဖွဲ့ ဆိုတဲ့ ၀ါဒဖြန့် လော်နေတာ အွန်လိုင်းမှာပဲ စိတ်မနံ့တဲ့ လူတစုလို့ပဲ ထင်မိတာ နေပြည်တော် စည်ပင်ဆိုင်းပုတ်မှာ တောင် ရောက်နေတယ်။
ဒီတော့ ပေါ့သေးသေး တော့ ထားလို့ မရတော့ဘူး။ ဝေဖန်ကြည့်တာပေါ့။


ရေးထားတာက KIA နဲ့ မူဆလင် အကြမ်းဖက်သမားတွေက ဗုံးခွဲဖို့ ကြံတာတဲ့။ ဗိုလ်ကြီးအဆင့်တွေက ကရင်လူမျိုးတွေ ဖြစ်သွားပြန်တယ်။ နောက် ကချင် တစ်ယောက်က ဗမာ နာမည်နဲ့ ဖြစ်ပြန်ရော။  

Wednesday, December 11, 2013

မညှာမတာ ချိန်ခွင်လျှာ နှင့် စစ်တုရင် စွမ်းရည်ပြိုင်ပွဲ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ဒေသနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ () ဒေသများတွင် စစ်အင်အား သုံးဆကျော် တိုးမြှင့် ချထားနေကြောင်း (KIA) တပ်ရင်း (၁၂) မှူးနှင့် (TNLA) မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် တို့က ဆိုလာပါသည်။

နယ်မြေ စိုးမိုးရေးဖြစ်မယ်။ အပိုင်းလိုက် စစ်ဆင်တဲ့ ဆွယ်စစ်ဖြစ် မယ်။ ပြီးတော့ စစ်ဆင်မှုကလည်း ကြာလာ သလို ထိခိုက်ကျဆုံး မှုကလည်း များလာနေ တယ်။ ဆိုတော့ တပ်မှူးတဦးရဲ့ သဘော  သဘာဝ ကနာမည်ကောင်း မရှိဘူးပေါ့။ အဲဒါကြောင့် ကလဲ့စားချေ ချင်တဲ့ အရိပ် အရောင်လည်း ပါလာနေ တယ်လေ။ဟု KIA တပ်ရင်း(၁၂)မှူးဗိုလ်မှူး ဂျွန်းအောင်က  ဆိုပါသည်။

ညီလာခံ ကို သတ်မှတ်ရက်တွင် ကျင်းပနိုင်ခြင်း မရှိသေးဟုဆို

(ရွှေဟင်္သာသတင်းဌာန)

ကရင်အမျိုး သားအစည်း အရုံး (KNU) နယ်မြေ၌ ကျင်းပရန် ရှိသည့် တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့များဒုတိယအ ကြိမ်ညီလာခံ ကိုမူလ သတ်မှတ်ရက်မှ  ရွှေဆိုင်း ရတော့ မည်ဖြစ်ကြောင်း တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ ကဆိုပါသည်။

"မူလသတ် မှတ်ထားတာ က ဒီဇင်ဘာ (၁၈)ရက်နေ့မှာ စတင်မယ်။ ပြီးတော့ ()ရက် ကျင်းပဖို့  ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ပြင်ဆင်ချိန် ကိုက မမှီနိုင် ပါဘူး။ အဲဒါကြောင့် ပါ။  ပြသနာ တစုံတ ရာကြောင့် ရွှေ့ဆိုင်းတာ မဟုတ်ပါ ဘူး ။ဟု ဆိုပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ကချင်ပြည်နယ်တွင် ဒုတိယအကြိမ် ကျင်းပ

(ကချင်သတင်းဌာန)

ယနေ့ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေးနေ့ဟောပြောပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပခဲ့ရာ ဖိတ်ကြားသူများနှင့် ဒေသခံများ ၁၂၀၀ ကျော်တက်ခဲ့ကြသည်။

၎င်းဟောပြောပွဲကို လူ့အခွင့်အရေး သီချင်းများ၊ ကဗျာများဖြင့် စီစဉ်ကျင်းပကာ ယခုနှစ်ဟောပြောပွဲသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ကချင်လူထုအတွင်း လူ့အခွင့်အရေးကို ပိုမိုနားလည်စေရန် ဖြစ်သည်ဟု ဟောပြောပွဲ စီစဉ်သူ ကိုမုန်ဒန်က KNG ကချင်သတင်းဌာနကို ပြောပြသည်။

Tuesday, December 10, 2013

ဒုတိယအကြိမ် ညီလာခံ သို့လည်း ၀ နှင့် မိုင်းလား အဖွဲ့ တက်ရောက်ရန် အဆင်သင့် မဖြစ်သေးဟု ဆို

(ရွှေဟင်္သာသတင်းဌာန)

အထက်ပါနှစ်ဖွဲ့ တက်ရောက်ရန် မရှိသေး ကြောင်း လက်နက်ကိုင် တိုင်းရင်းသားများ၏ ဒုတိယအကြိမ် ညီလာခံကျင်းပရေး အစီစဉ်ညှိနှိုင်းပွဲ တွင်  တင်ပြကြသည်ဟု ညီညွတ်သော တိုင်းရင်း သား လူမျိုး များ ဖက်ဒရယ် ကောင် စီ(UNFC) ၏ အတွင်းမှူး () ဖြစ်  သူ ခွန် ဥက္ကာမှ ဆိုပါသည်။

ယင်းညှိနှိုင်းပွဲ ကို တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)နှင့် ကရင်အမျိုးသား အစည်းအရုံးတို့သည် ထိုင်းနိုင် ငံ မဲဆောက်မြို့၌ ယမာန်နေ့၌ ညှိနှိုင်း ခဲ့ကြပါသည်။

 ဖိတ်ကြားတဲ့အခါ သိထားရအောင်လေ။ ညီလာခံကို အဖွဲ့ပေါင်း (၁၈)ဖွဲ့ထက် မနဲတော့ ဖိတ်မှာပါ။ NCCT အဖွဲ့ အပြင် UNFC တဖွဲ့ချင်း မှာ ပါတဲ့ လူတွေ ကို မကြာခင် KNU ဖက်က ဖိတ်ကြားလွှာ ပို့တော့မှာပါ။ဟု ဆိုပါသည်။ 

Monday, December 9, 2013

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြားသည်။

ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကို ဒီဇင်ဘာလ ၂ ရက်နေ့က ရဲအဝတ်အစားများ ဝတ်ဆင်ပြီး လက်ထိတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ မူးယစ်ဆေးဝါးရှိ မရှိ နေအိမ်နှင့် အဆိုပါ အမျိုးသမီး ကိုယ်ပေါ်တွင် လိုက်လံ ရှာဖွေခဲ့ပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ဆိုသည်။

TNLA နှင့် အစိုးရတပ်တို့ နမ့်လိတ်တောင်တွင် စစ်ရေးတင်းမာ

(ဧရာဝတီ)

ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် နမ့်လိတ်တောင် ၌ အစိုးရ တပ် မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့ ထိပ် တိုက် ရင်ဆိုင်မှု ဖြစ် ပွားနေပြီး စစ်ရေး တင်းမာမှု ဖြစ်နေ ပွားနေကြောင်း စုံစမ်း သိရှိရသည်။

နမ့်လိတ်တောင်ပေါ်ရှိ TNLA တပ် ရင်း (၁၁၂) လက်အောက်ခံ ပြောက် ကျားတပ်များနှင့် ယင်းတောင်ခြေ သို့ ရောက်ရှိနေကြသော ကွတ်ခိုင် မြို့နယ် အခြေ စိုက် ခလရ (၂၀၉)၊ (၁၄၃)၊ (၁၄၅) တပ်ရင်းများ ထိပ် တိုက် ရင်ဆိုင်နေ ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ရန် နီးစပ်နေကြောင်း TNLA ပြန်ကြားရေဌာနမှ ပြောသည်။

KIA တပ်ရင်း (၈) အား အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အထိနာ၍ တပ်ဆုတ်ထား

(ကချင်သတင်းဌာန)

တိုက်ပွဲများငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဖက်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း (၈) တပ်စခန်းအား အစိုးရတပ်မှ သိမ်းပိုက်ရန်စစ်အင်အားများဖြင့် တိုက်ခိုက်လာခြင်းကြောင့် KIA ဖက်မှ အထိနာလာပြီး ဒီဇင်ဘာ ၅ ရက်နေ့က စခန်းကိုနောက်ဆုတ်လိုက်ရကြောင်း KIA စခန်းမှ ပြောသည်။

အစိုးရတပ်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား သိမ်းပိုက်ရန် ပစ်ခတ်လာချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ချိန် တိုက်ပွဲတွင် KIA ဖက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး ကချင်သတင်း ဌာနသို့ပြောသည်။

ကချင်လူထု တစ်သောင်း သုံးထောင်ခန့် ဆုံစည်းရာ ယုဒဿန် နှစ် (၂၀၀) ပြည့် ပွဲတော်

(ကချင်သတင်းဌာန)

ရန်ကုန်၊ မြန်မာ - အနီ၊ အနက်၊ အစိမ်းအရောင်အသွေးစုံလင်လှသည့် ကချင်ဝတ်စုံများ ၀တ်ဆင်ထားသော လူအုပ်ကြီးသည် ယခုတလော ရန်ကုန်မြို့ကြီးကို ၀ိုင်းရံအပိုင်စီးနှင်းထားသည့်အလား မြင်တွေ့နေရသည်။

ရန်ကုန်မြို့၏ နာမည်ကြီး ပန်းခြံ၊ ကစားကွင်း၊ တိရိစ္ဆာန်ဥယာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ဆူပါမားကက်ကြီး စသည့် စသည့် တည်နေရာများတွင် ကချင်လုံချည်ဝတ်ဆင်ထားသည့် သူတို့ကို မြင်နေရခြင်းဖြစ်သည်။
“အဲဘက် မဟုတ်ဘူး၊ ဒီဘက် ဒီဘက်၊ ကောင်းကောင်း ကိုင်ထားပါ”

“အရမ်းပူတယ်။ ဒီလိုမျိုး မြို့မှာတော့ မနေချင်ပါဘူး”

“အယ်… မစီးရဲဘူး.. လှေကားမရှိဘူးလား”

လိုင်ဇာ ဝေကြိုင်ဒုက္ခသည်ကျောင်းမှ ၉ နှစ်အရွယ် ကျောင်းသူ ကျောင်းဆောင်မှ ပြုတ်ကျသေဆုံး

(ကချင်သတင်းဌာန)

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ပေါ်ရှိ ဝေကြိုင် ဒုက္ခသည် စခန်းမှ သူငယ်တန်း ကျောင်းသူ မမေရီဆွတ်ဘူ (ခ) မထက်ထက်အေး သည် လိုင်ဇာ အထက် တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်မှ ဒီဇင်ဘာ ၄ ရက် နေ့က ပြုတ် ကျသေဆုံး သွားကြောင်း စခန်း တာဝန်ရှိ သူများထံမှသိရသည်။

အဆိုပါ သူငယ်တန်းကျောင်းသူလေး အသက်(၉) နှစ်အရွယ် မမေရီဆွတ်ဘူ (ခ) မထက်ထက်အေး မှာ ပြုတ်ကျပြီးနောက် ဆေးရုံသို့ရောက်ချိန် ၂ နာရီကျော်ကြာမှ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံ ဒီဇင်ဘာတတိယပတ်ထဲ ကျင်းပမည်

(VOA)

 မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကြီးကို ဒီဇင်ဘာ တတိယအပတ်ထဲမှာ ကျင်းပသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဒီညီလာခံမတိုင်ခင် တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ မူကြမ်းနဲ့ ပတ်သက်ပြီး KNU ဗဟို ကော်မတီဝင်တွေအကြား ဆွေးနွေးသုံးသပ်ခဲ့ကြပေမယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ကတော့ မရေရာလှသေးပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Friday, December 6, 2013

မြစ်​ဆုံ ​စီ​မံ​ ကိန်း ​ပြန်​စ ​နိုင်​ ဟု ​လွှတ်​တော် ​ကော်​မ​တီ​ ဥ​က္က​ဋ္ဌ ​ပြော

(DVB)


လာ​မယ့်​  ၂၀၁၅ ​မှာ ​တက်​လာ​မယ့် ​သ​မ္မ​တ ​လက်​ထက်​ကျ​ရင် ​ရပ်​နား​ထား​တဲ့​  ​မြစ်​ဆုံ​စီ​မံ​ကိန်း​ကို ​နည်း​လမ်း​ရှာ​ပြီး ​ပြန်​လုပ်​လို့​ရ​ကြောင်း ​ပြည်​သူ့​လွှတ်​တော် ​သ​ယံ​ဇာ​တ​နဲ့ ​ပတ်ဝန်း​ကျင် ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​ဥ​က္က​ဋ္ဌ​က ​တ​ရုတ်​အ​စိုး​ရ ​ကိုယ်​စား​လှယ်​အ​ဖွဲ့ ​တ​ဖွဲ့​ကို ​ပြော​ကြား​လိုက်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ​လ​ထဲ ​တ​ရုတ်​ပြည်​သူ့ ​သ​မ္မ​တ​နိုင်​ငံ ​သ​ဘာဝ​ပတ်ဝန်း​ကျင်​နဲ့ ​သ​ယံ​ဇာ​တ ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​အ​ဖွဲ့​၀င်​တွေ ​နေ​ပြည်​တော်​လွှတ်​တော်​ရေး​ရာ ​ကော်​မ​တီ​ရုံး​ခန်း​ကို ​လာ​ရောက်​စ​ဉ် ​ပြော​လိုက်​တာ​လို့ ​တွေ့​ဆုံ​ပွဲ​တက်​ရောက်​ရာ​မှာ ​ပါဝင်​သူ​တ​ဦး​ဖြစ်​တဲ့ ​ဥ​တ္တ​ရ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဦး​မင်း​သူ​က ​ပြော​ပါ​တယ်။

လမ်းလျှောက်ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချမှုအပေါ် ကန့်ကွက်

(RFA)

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသူတွေကို ပုဒ်မ ၁၈ နဲ့ ထောင်ချအရေးယူတာကို ကန့်ကွက်ရှုံ့ချတယ်ဆိုပြီး လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရန်ကုန်မြို့၊ စမ်းချောင်း မြေနီကုန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မတရားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူနေတာတွေကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ကိုထက်အောင်လင်းက ပြောပါတယ်။

ခရစ္စမတ် ကို တော်လှန်ရေး အမြင်ဖြင့် ရှုမြင်ခြင်း

(Kachin Duwa)

တော်လှန်ရေး ဆိုတာ ဖိနှိပ်သူ လူတန်းစား ရှိနေလို့ ဖြစ်လာ ရတာချည်းပါ။

ဒါကြောင့် ဖိနှိပ်သူ လူတန်းစား ရှိနေသမျှ တော်လှန်ရေး ဆိုတာလဲ ရှိနေအုံးမှာပဲ။

ဖိနှိပ်သူ လူတန်းစား ဆိုတာလဲ ပုံစံအမျိုးမျိုးပြောင်းတတ်ကြပါတယ်။ ဒါကြောင့် တချို့က တော်လှန်ရကောင်းမှန်းတောင် မသိလိုက်တာတွေအများကြီးပါ။

ဥပမာ...

TNLA ၏ယမာန်နေ့ တိုက်ပွဲတွင် ဖွဲ့စည်းပုံပျက် လောက်အောင် အစိုးရတပ်ဖွဲ့ များ ထိခိုက်နိုင်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲ ကျေးရွာအုပ်စုရှိ နမ့်လိတ် တောင်တန်း၌ ယမာန် နေ့က ဖြစ်ပွားခဲ့သော (၄)နာရီကြာ တိုက်ပွဲတွင် အစိုးရတပ်များ ဖွဲ့စည်းပုံ ပျက်မတတ် ထိခိုက်ခဲ့သည် ဟု တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

 “ အခုထိ အဲဒီနေရာမှာ ၀ပ်နေတုန်းဘဲ။ မဆုတ်သေးဘူး။ တက်လဲ မလာဘူး။တက်လာ မလားဆိုပြီးတော့ ကျနော် တို့က စောင့်နေသေးတယ်။ ငြိမ်နေတာဘဲ။ ကြည့်ရတာ သူတို့ဖက်ကဖွဲ့ စည်းပုံ ပျက်မတတ် ထိထားပုံရတယ်။ ပြီး တော့ စစ်ကူလည်း ဒီနေ့ ရောက်မ လာဘူးဆိုတော့မပြောတတ်ဘူး၊ မဟုတ်ရင်  ဒီည စစ်ဆင်လာ နိုင်မလားမပြော တတ်ဘူး စောင့်ကြည့်ဦးမယ်။ဟု ဆိုပါသည်။

စစ်ဆင်ရေး ပြင်ဆင်နေမှု အပေါ် (KIA) တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်နှင့် ဆက်သွယ် မေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ် လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၃) လက် အောက်ခံ တပ်ရင်း (၁၂)ဧရိယာတွင် (၃) ရက်ခန့် တိုက်ပွဲများ ရပ်တန့်နေ ပါသည်။ ပြီးခဲ့ သည့် အောက်တိုဘာလ ဆန်းကတည်းက ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အစိုးရ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ နည်းဗျူဟာ များက စစ်ဆင်နေခဲ့ခြင်း ဖြစ် ပါသည်။

ဤစစ်ဆင်ရေးကို နေပြည်တော်မှ ကကကြည်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ ဦးဆောင်ပြီး ကန့်သတ်စစ် ဆင်ရေးမျိုးကို ဆင်နွှဲနေကြောင်း ဖမ်းမိသော စစ်သုံ့ပန်း တဦးက (KIA) အား ပြောကြားခဲ့ပါသည်။

အစိုးရတပ်နှင့် ကေအိုင်အေ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေ

အစိုးရ တပ်နှင့် ကေအိုင်အေ တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒပြ ခဲ့သူနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်

(RFA)

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသူတွေထဲက ကိုရန်နိုင်ထွန်းနဲ့ ကိုအောင်မင်းနိုင်တို့ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ပုဒ်မ ၁၈၊ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပါတယ်။

သူတို့လမ်းလျှောက်စဉ်က ဖြတ်လျှောက်သွားတဲ့ မြို့နယ် ၇ မြို့နယ်အတွက် ထောင်ဒဏ် ၇ လ (သို့မဟုတ်) ငွေဒဏ် ၇ သောင်းပေးဖို့ ရွေးချယ်ခွင့်ပေးခဲ့ ပါတယ်။
ဒါပေမဲ့ ငွေဒဏ်ကို လက်မခံခဲ့ဘူးလို့ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ မနီလာအောင်က ပြောပါတယ်။

လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ

(Eleven Media Group)

ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအနက် နှစ်ဦးကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င် ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန် ချမှတ်ခဲ့ပြီး ပျက်ကွက်ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် မြို့နယ်တရားရုံး ခုနှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ကျခံရန် အမိန့်ချမှတ်မှုကို ငြိမ်းချမ်းရေး လမ်းလျှောက်သူ နှစ်ဦးဖြစ်သည့် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်က မိမိတို့တွင် အပြစ်မရှိဟု ခံယူသဖြင့် ငွေဒဏ်အမိန့်ကို ပေးဆောင်ခြင်း မပြုခဲ့ပေ။ သို့ဖြစ်၍ တရားရုံး၏ အမိန့်ကို ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဦးစီ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် ခုနှစ်လကို ကျခံရမည်ဖြစ်သည်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန်ဖွရွာမှ ရွာသား ၂၀ ကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်းကို KIO ဗဟိုက မသိရှိသေးကြောင်း တုံ့ပြန်

(Eleven Media Group)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိ မန်ဖွကျေးရွာမှ ရွာသား ၂၀ ဦးကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်း ကို KIO ဗဟိုက မသိရှိရသေးကြောင်း သိ ရှိရပါသည်။

" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့ KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ဆီရောက်တာ မရှိသေးဘူး " ဟု KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

Thursday, December 5, 2013

တိုက်ပွဲပြင်းထန်သဖြင့် နမ့်လိတ်တောင်မှ TNLA တပ်ပေါင်းများ ဆုတ်ခွာ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့  ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

တိုက်ပွဲက ပြင်းထန်တယ်။  နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။ တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့ဟုဆိုပါသည်။

ကေအိုင်အေတပ်ရင်း (၈) ဒေသ နမ်လက်ဘွမ်တွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုင်အစိုးရ ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၈) ဒေသဖြစ်သော နမ်လက်ဘွမ်တွင် ဒီဇင်ဘာ (၄) ရက် နေ့လည် (၁၂း၃၀) နာရီ အချိန်မှ ညနေပိုင်းအထိ ကေအိုပ်အေ တပ်ရင်း (၈) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ ခမရ (၅၀၅) တပ်ရင်းများတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ရှမ်းပြည် မြောက်ပိုင်းဒေသများသို့ စစ်အင်းအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။

ကေအိုင်အေ တပ်မဟာ (၄)၊ တပ်ရင်း (၂) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုအစိုးရ ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၂)  ဒေသဖြစ်သော ဂျောန်မျန်ဘွမ်တွင် ကေအိုင်အေ တပ်ရင်း (၂) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခလရ (၁၂၇) တို့ ဒီဇင်ဘာ (၄) ရက်မနက် (၁၀း၃၀) နာရီ အချိန်ခန့်တွင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်မှာ ဦးတေဇ လုပ်သမျှ KIA စောင့်ကြည့်နေ

(Irrawaddy)

ကချင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ဆောင်နေ သည့် ဦးတေဇ အား ဒေသခံ လူထုအကျိုး၊ က ချင်ပြည်နယ် အကျိုးများနှင့် ပါတ်သက် ၍ စေတနာ ထား လုပ်ဆောင်ခြင်းများ ရှိ၊ မရှိ KIA က စောင့်ကြည့်နေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုလိုက်သည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန် အစိုးရစစ်တပ်အား ငွေကြေးနှင့် အခြားလှူဒါန်းမှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုများ လုပ်ဆောင်ခဲ့ခြင်းအပေါ် မနှစ်သက်ကြောင်း ရန်ကုန် ခရီးစဉ်အတွင်း ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်း ပြန်စလိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ရှိနေ

(Mizzima)

အများပြည်သူ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ခြင်းများမပြုရန် တားမြစ် ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယင်းကာလနောက်ပိုင်း ပြန်လည်အသက်သွင်းလိုသူများ လွှတ်တော်အတွင်း၌ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးရက်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ နိုဝင်ဘာ ၄ ရက် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘောထားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Wednesday, December 4, 2013

ဆီးဂိမ်းတွေ စိတ်ဝင်စားနေချိန် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာTNLA , KIO အဖွဲ့နဲ့ တိုက်ပွဲပြင်းထန်

(4.12.2013) ရက်နေ့ မြန်မာတပ်မတော် (ခလရ- ၁၂၃၊ ၁၄၃) နှင့် (၂၉၀) ပူးပေါင်းစစ်ကြောင်းတို့သည်
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲအုပ်စု နမ့်လိတ်တောင်တန်းတွင် ပျောက်ကျား အခြေစိုက်နေသော တအန်းတပ်မတော် တပ်ရင်း (၁၁၂) နှင့် ကချင်တပ်မတော် တပ်ရင်း( ၈) တို့၏ တပ်စခန်းများအား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် နေ့လည် ၁၂း၃၀ နာရီခန့်မှ ၁၃း၃၀ နာရီ ခန့်အထိ နှင့် ယခုညနေ (၁၆း၀၀ ) နာရီမှပြန်လည် စ တင် ထိုးစစ်ဆင်သဖြင့် ဆက်လက် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်နှင့် ကချင်ပူးပေါင်းတပ်ဖွဲ့အား အစိုးရတပ်မှ ပြင်းထန်စွာစစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ပူးပေါင်းတပ် များသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေး ရွာအုပ်စု နမ့်လိတ် တောင်တန်းတွင် လှုပ်ရှားနေသော ပလောင်နှင့် ကချင်တပ်ဖွဲ့များ အား ယနေ့ နေ့လည်မှစပြီး စတင် ထိုးစစ်ဆင် ခဲ့ရာတိုက်ပွဲ နှစ်ကြိမ် ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်ဟု ရှေ့တန်းရောက် တအာင်း တပ်မှူး တဦးက ဆိုပါသည်။

တိုက်ပွဲကတော့ နေ့လည် နေ့လည် (၁၂း၃၀) နာရီကနေ (၁၃း၃၀) နာရီအထိ တကြိမ်နဲ့ တခါညနေ (၁၆း၀၀)နာရီ ကနေ ဆက်ဖြစ်ပြန်တယ်။ နေ့လည် ပွဲကတော့ နေ့လည် (၁၂)နာရီက စပြီးတော့ သူတို့က ပလောင်နဲ့ ကချင်တပ်တွေ ရှိတဲ့ နေရာကို မှန်းပြီး လက်နက်ကြီးနဲ့ တလစပ် မနားတမ်း အရင်ပစ် တယ်။ ပြီးတော့မှ နာရီဝက်အကြာမှာမှ တောင်ကုန်းကို တက်ထိုးတာ ပေါ့နော်။ အဲဒါနဲ့ ၁၂နာရီခွဲ လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ ရှေ့ထွက်မိုင်းတွေ ကွဲသံကြားတယ်၊ အဲဒါနဲ့ ချက်ချင်း အသံတိတ် ကုန်တာဘဲဟု ဆိုပါသည်။

ဖက်ဒရယ် တပ်မတော်အတွက် ပြုပြင် ပြောင်းလဲရေး နည်းလမ်းများ လေ့လာ

(ရွှေဟင်္သာသတင်းဌာန)

ညီ ညွတ်သော တိုင်း ရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) သည် အခြား အဖွဲ့ဝင် များနှင့် အတူ Security of Sector Reform ဟူ သည့် လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေရာ တွင်ပြီးခဲ့သည့် ဒီဇင်ဘာ (၂)ရက်နေ့က စတင်လေ့လာပြီး (၃)ရက်ကြာ အမြင်ချင်းဖလှယ် ကြမည်ဟု ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာမှ ဆိုပါသည်။

ပေးတဲ့ ပညာရှင် အဖွဲ့ကတော့ အင်္ဂလန် အခြေစိုက်အဖွဲ့ပါ။ သူတို့အဖွဲ့က( UNFC) အဖွဲ့ဝင်တွေကို အိုင်ယာလန် နိုင်ငံကို ပို့ပေးတဲ့ အဖွဲ့ပေါ့။ အိုင်ယာလန်နဲ့ အင်္ဂလန်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာနိုင်ဖို့နဲ့ ရလာဒ်ကောင်းအပေါ် သုံးသပ်နိုင်အောင် စီစဉ်ပေးတဲ့ အဖွဲ့ကနေ ကမကထ လုပ်နေတာပါဟု ဆိုပါသည်။

အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသတွင် အခြေချမနေထိုင်ရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးလာရောက်ပြောကြား

(Kachinwaves)

အောင်မြင် သာဒေသခံ များ မြစ်ဆုံဒေသ သို့ ပြန်လည်နေထိုင်ခြင်း ရှိမရှိ မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးပြီး ပြန်လည် အခြေချနေထိုင် သူများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲ ဆိုနိုင်ကြောင်း တန်ဖရဲ (မြစ်ဆုံ)ကျေးရွာ တွင် ပြန်လည်နေထိုင် ကာလုပ်ကိုင်စားသောက်နေ သည့် ဒေသခံများ အားပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် လာရောက်စစ်ဆေးချိန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခင်းဗျားတို့ကိုနေစရာနေရာပေးထားပြီးပြီ။ ဒီမှာနေလို့မရတော့ဘူး”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားကြောင်းအောင်မြင်သာဒေသခံတစ်ဦးမှဆိုသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည် များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး

(Lachid Kachin)
(ဆောင်းပါး — မတ် ၁၄၊ ၂ဝ၁၃-အားပြန်လည်ဖေါ်ပြပေးလိုက်သည်။)


ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။ ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။

ကချင်ပြည်နယ်တွင် လူအခွင့်အရေးနေ့ ဟောပြောပွဲကျင်းပမည်

(Jinghpawkasa)

ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် နိုင်ငံတကာ လူအခွင့်အရေးနေ့ အခမ်းအနား အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူအခွင့်အရေးချိုးဖောက် ချိုးဖောက်ခံရမှု အမြင့်ဆုံးဟုဆိုနိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထု ဟောပြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

အဆိုပါဟောပြောပွဲအား ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ မှ ပူပေါင်းပြီး ကချင်ပြည်နယ်မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်သည်။

Tuesday, December 3, 2013

တွေ့ဆုံ ဆွေးနွေးရေး ဖိတ်ကြားခြင်း နှင့် အစိုးရ တပ်အင်အား တိုးချဲ့ချထားမှု

(ရွှေဟင်္သာသတင်းဌာန)

ဒီဇင်ဘာလ အတွင်း တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ ကမ်းလှမ်း နေချိန်တွင် ပလောင်ဒေသ၌ အစိုးရစစ်အင်အား တိုးချဲ့ ချထားလျှက်ရှိ ကြာင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းက ဆိုပါသည်။

နမ့်ဆမ်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာ ဆိုရင် အရင်က တမြို့နယ်ကို တပ်ရင်း ()ရင်း ချထားရာကနေ အခု () ရင်း အထိ တိုးလာနေတယ်။ ပေါင်းလိုက်ရင် အနဲဆုံး (၁၅)ရင်းလောက်ကို တိုးထားတာ တွေ့ရတယ်။ တဖက်မှာလည်း အချိန်အားတာနဲ့ အစိုးရ ငြိမ်းချမ်းရေး စင်တာနဲ့ ကျနော်တို့ တွေ့ဖို့ ပြောထား တာရှိတယ်ဟု ဆိုပါသည်။