Saturday, January 5, 2013

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

(ရွှေဟင်္သာသတင်းဌာန)


အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။ 

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင် တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက် တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။ 

ကချင်=ဗမာ သမိုင်း (အပိုင်း-၄)

(ကိုဝိုင် FB မှ)


ကေအိုင်အို၊ကေအိုင်အေ ပေါ်ထွက်လာခြင်း။


ကေအိုင်အို၊ ကေအိုင်အေ ပေါ်ထွက်လာခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ ရှေ့မှီနောက်မှီပုဂ္ဂိုလ်ကြီးများ၊ ကချင် ခေါင်းဆောင်ကြီးများနှင့် နိုင်ငံရေးနယ်ပယ်မှ တိုင်းပြည်၏ အခြေအနေကို ကောင်းစွာသိရှိသော ပုဂ္ဂိုလ်များနှင့် ပြောကြား ချက်များကို လေ့လာကြည့်နိုင်ပါသည်။ အဓိကသိရှိရသည်မှာ ကချင်တော်လှန်ရေး ပေါ်ပေါက်လာခြင်း၏ အခြေခံ အကြောင်းတရားမှာ နိုင်ငံရေးပြဿနာကြောင့် ဟူသည်ပင်ဖြစ်သည်။ သေချာသည့် အကြောင်းတစ်ခုမှာလည်း လူမျိုးရေး ပြဿနာကြောင့် မဟုတ်ဘူး ဆိုတာပင် ဖြစ်သည်။ ကချင် လူမျိုးများသည် သမိုင်းရှေ့ပိုင်းတစ်လျှောက်လုံး မိမိနယ်မြေ၊မိမိ ယဉ်ကျေးမှုနှင့် သီးခြားနေထိုင်ခဲ့ကြပြီး ဗမာဘုရင်များ၏ လက်အောက်ခံ မဟုတ်ခဲ့သည်ကို သတိပြုရပါမည်။

ကချင်=ဗမာ သမိုင်း (အပိုင်း-၃)

(ကိုဝိုင် FB မှ)


နိုင်ငံရေး အကင်းပါးသော ဦးနုက ကချင်များကို ပြည်နယ် သတ်မှတ်ပေးသည့်အတွက် ကချင်ခေါင်းဆောင်များ ထံမှ ဂတိ တစ်ခု တောင်းပါသည်။ ထိုဂတိမှာ “ကချင်တိုင်းရင်းသားများသည် လွတ်လပ်ရေးရပြီးနောက် ဘယ်တော့ အခါမှ ပြည်ထောင်စုမှ မခွဲထွက်ရန်” ဟူသော ဂတိစကားဖြစ်သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ကချင်ပြည်နယ် ကို ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့်ကို ထည့်သွင်းမထားခြင်း ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ၁၉၄၈-ခု၊ ဇန္နဝါရီလ(၄)ရက်နေ့ နံနက်(၄)နာရီတိတိ တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် (၆)ရက် အကြာတွင် ဇန္နဝါရီလ(၁၀)ရက်နေ့၌ ကချင်ပြည်နယ်ကို တရားဝင် မွေးဖွားခဲ့ပြီး “ ကချင်ပြည်နယ်နေ့” ဟု သမိုင်းဝင် သတ်မှတ် ခေါ်တွင်ခဲ့ပါသည်။

ကချင်=ဗမာ သမိုင်း (အပိုင်း-၂) ။

(ကိုဝိုင် FB မှ)


ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်သည့် ဖဆပလညီလာခံ၏ ဆုံးဖြတ်ချက်အကြောင်း မတင်ပြခင်၊ တောင်တန်း ဒေသ တိုင်းရင်းသား တို့နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည် သမိုင်းဝင် (ပင်လုံ) စာချုပ် ပါ အချက်များကို ဖော်ပြလိုသည်။


ပင်လုံစာချုပ်
ဖေဖော်ဝါရီလ(၁၂)ရက်၊ ၁၉၄၇ ခု။ 
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် အဖွဲ့တို့သည် (၁၂-၂-၄၇) နေ့တွင် သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပါသည်။ ညီလာခံ အစတွင် ဗိုလ်ချုပ်အောင်ဆန်း က “ ဒီကနေ့ ကျွန်တော် ဒီနေရာမှာ ပြောကြားချင်တဲ့ စကားတွေ အားလုံး အဆွေတော်တို့ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေး အတူတူ ယူမလား၊ မယူဘူးလား ဆိုတာကို အဆွေတော်တို့ ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဗမာတွေက လွတ်လပ်ရေးယူတော့မယ်၊ ဒီကိစ္စ အဆွေတော်တို့လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့က အဆွေတော်တို့ကို အဓမ္မ မတိုက်တွန်းဘူး ”ဟု အဖွင့်မိန့်ခွန်းတွင် တိုတိုပဲပြော ကြားခဲ့ပါသည်။  
(ပင်လုံညီလာခံသို့ ဗိုလ်ချုပ်နှင့်အတူ တက်ရောက်ခဲ့သော ဦးဖေခင်၏ပြောပြချက်)

တက်ရောက်လာသူများမှ ကြားဖြတ်ဗမာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ကချင်၊ချင်း တို့သည် လွတ်လပ်ရေး ကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟူသောအားဖြင့် သဘောထားဆုံးဖြတ်ချက်ကို ကန့်ကွက်မည်သူ မရှိပဲ အောက်ပါအတိုင်း သဘောတူခဲ့ကြသည်။

ကချင်=ဗမာ သမိုင်း အပိုင်း(၁) ။

(ကိုဝိုင် FB မှ)

ကချင်လူမျိုး တို့သည်  ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက် တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့ စတင်၍ ကျုးကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်းလှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက် ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများ လုံးဝမကြိုက်ပါ။

၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကိုလီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင် တစ်နေရာအဖြစ် ဂျပန် ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင် တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။

တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး


04.01.2013 (VOA)

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် တရုတ် မြေပေါ်ကို လက်နက်ကျည်တွေကျနေတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေတို့ကြား အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးတင်းမာနေတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ တရုတ်အစိုးရက တိုက် တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် တရုတ်မြေပိုင်နက် ထဲကို လက်နက်ကြီးကျည် သုံးလုံးကျလာတဲ့အတွက် တရုတ်ဘက်က မြန်မာအစိုးရဘက်ကို နောက်ထပ် ဒါမျိုးဖြစ်ရပ်တွေမဖြစ်လာစေဖို့ သံတမန်ရေးသတိပေးပြောဆိုမှုတွေလည်းရှိနေပါတယ်။

လွတ်လပ်ရေးရပေမဲ့ တန်းတူမှုမရှိသေးဟု တိုင်းရင်းသားခေါင်းဆောင်တွေဝေဖန်


(Jan 4, 2013 ) VOA Burmese
မြန်မာနိုင်ငံမှာလွတ်လပ်ရေး ရရှိခဲ့တာ နှစ်ပေါင်း ၆၅ နှစ် ဒီကနေ့ ပြည့် သွားပေမဲ့ တိုင်းရင်းသား အားလုံး အဆင့်အတန်း အခွင့်အရေး တူညီတဲ့ ပြည်ထောင်စုနိုင်ငံ မဖြစ်သေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက် ပါတယ်၊ မြန်မာလူမျိုးတွေနဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးတွေ ကြားမှာ အမြင်မတူညီမှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်း ဆောင်တွေ က ပြောကြပါတယ်။ ဒီလိုသဘောထားတွေနဲ့အတူ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ လွတ် လပ်ရေးနေ့နဲ့ ပြည်ထောင်စုအကြောင်း ပြောကြားခဲ့တာတွေကို ဘန် ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်ပြည့် သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာထဲမှာ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်ကြီးတွေရဲ့ တိုက်ပွဲဝင် ကြိုးပမ်းမှုတွေကို အသိ အမှတ်ပြု ဖော်ပြထားတာ တွေ့ရပါတယ်။ လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူအားလုံး အပြည့်အဝ ခံစားနိုင်ရေးအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြ တယ်။

အဆိုးထဲက အကောင်း

(Kachin Duwa)


မြန်မာ အစိုးရ ရဲ့ ထိုးစစ်ကြောင့်...
(၁) ကချင်တော်လှန်ရေး အကြောင်း ကမ္ဘာက ပို စိတ်ဝင်စားလာတယ်။
(၂) ကချင် ဆိုတာ မြန်မာ မဟုတ်မှန်း ကမ္ဘာက ပိုသိလာတယ်။
(၃) မြန်မာ့ နိုင်ငံရေး သတင်း မှန်သမျှ လေ့လာ သုံးသပ်ချက်မှာ ကချင်အကြောင်း မပါမဖြစ် ပါလာရတယ်။
(၄) ပြည်တွင်း ပြည်ပ ကချင်လူငယ် များ ပိုမို စည်းရုံးလာတယ်။ (အရင်က ကချင်စကားတောင် မပြောတတ်တဲ့ မြို့နေလူတန်းစားများ ကိုယ့်ဟာကိုယ် ကချင် ဆိုပြီး ရဲရဲ ပြောလာတယ်။)
(၅) ကချင်လူမျိုးများ နဲ့ မြန်မာ နိုင်ငံသားများ သမိုင်းအမှန် ကို ပိုစိတ်ဝင်စားလာတယ်။
(၆) လိုင်ဇာမြို့ကို လူသိပိုများလာတယ်။ (လိုင်ဇာ မှာ ကချင်အထက်တန်းကျောင်း ကောင်းရှိပုံ၊ ၂၄ နာရီ လျှပ်စစ်မီး ရပုံ၊ လမ်းများ ကောင်းပုံ.. စသည်ဖြင့်..)
(၇) မြန်မာ အစိုးရ ရဲ့ မသမာမှု များကို ကမ္ဘာက ပိုသိလာတယ်။ (စစ်ပွဲသတင်းနဲ့ ဆိုင်တဲ့ ဆောင်းပါးတိုင်းမှာ နောက်ကြောင်း ရာဇ၀င် ရေးလာတာ တွေ့ရပါတယ်။)
မြန်မာ အစိုးရ ရဲ့ ခေတ်အဆက်ဆက် လိမ်လည်မှု များကို သတင်းဆောင်းပါးတိုင်းလိုလို ရေးကြပါတယ်။

အထူးသဖြင့် ပင်လုံညီလာခံ အကြောင်း လူတွေ ပိုသိလာပါတယ်။

ကချင်ဒေသထိုးစစ်ကြောင့် စစ်မှန်သောငြိမ်ချမ်းရေး ဦးတည်နိုင်မည် မဟုတ်ဟု TSYO ပြောဆို



မြန်မာအစိုးရက ကချင်နယ်မြေဒေသအတွင်း တိုက်လေယာဉ်များ အသုံးပြုကာ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေ ခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေးဆီသို့  ဦးတည်နိုင်မည် မဟုတ် ကြောင်း တအာင်း(ပလောင်) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး- TSYO မှ ယနေ့ ပြောဆိုလိုက်သည်။

TSYO ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် မိုင်ပန်လှက “အစိုးရလုပ်တဲ့ ငြိမ်းချမ်းရေး အစက ထင်သာမြင်သာ ရှိခဲ့ပေမယ့် အခု ကချင်ကို အပြင်း အထန် ထိုးစစ်ဆင်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒါကဘယ်လိုမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းမှုနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်မှသာ စစ်မှန် တဲ့ငြိမ်းချမ်းရေးကို ဦးတည်နိုင်မှာ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြော သည်။

ဒုက္ခသည်နှင့် ပတ်သက်သည့် အစိုးရ ထုတ်ပြန်ချက် မှားယွင်းနေ

(ရွှေဟင်္သာသတင်းဌာန)


မြို့ပေါ်၌ရှိသော ကချင်စစ်ပြေး ဒုက္ခသည်စခန်း များအား အစိုးရဘက်မှ တာဝန်ယူ ဖွင့်လှစ်ပေးထားရသည်ဟု ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နေပြည်တော် ထုတ်ပြန်ချက် မှားယွင်းကြောင်း ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာ က ပြောဆိုလိုက်သည်။

“အစိုးရဘက်က တာဝန်ယူ ကိုယ်တိုင်ဖွင့်ထားတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုလို့ မရှိပါဘူး။ မြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခ သည်စခန်း တွေဟာ အများစုဟာ ဘာသာရေးအသင်းတော်တွေ၊ ဆရာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ စခန်းပါ။ အစိုးရအသိအမှတ်ပြုတဲ့ စခန်းတော့ရှိပါတယ်။ သိပ်မများပါဘူး။ ကျန်တဲ့ စခန်းတွေကိုတော့ လုံးဝတာဝန်မယူ ပါဘူး။” ဟု ဆိုသည်။
http://www.president-office.gov.mm/briefing-room/news/2013/01/04/id-2290

Friday, January 4, 2013

ခံယူချက် နဲ့ ခံစားချက် ချင်းတူရင် မဟာမိတ်တွေပါ။

(Kachin Duwa)


မြန်မာ လူမျိုး အများအပြားဟာလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုကြတယ်။ ကချင်တွေလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုတာပါပဲ။  တိုင်းရင်းသားအများပိုင်းလဲ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ချင် ကြတယ်။ တပ်မတော်သားများ (နိုင်ငံရေး နားလည်သူများ) လည်း ပြင်ချင်မှာ အမှန်ပါ။

မပြင်ချင်တဲ့ လူတစ်စုတော့ ရှိနေတယ်။ ဒါဆိုသူတို့က လူနည်းစုပဲလေ။ ဒီမိုကရေစီမှာ လူတစ်စုက လုပ်ချင်သလို လုပ်လို့ ရသလား။ သူတို့ ဘာကို စိတ်ကူးသလဲ၊ သူတို့ ဘာကြောင့် မပြင်ချင်ရတာလဲ၊ မပြင်ချင်တဲ့ အကြောင်းပြချက် ကို ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း မဆွေးနွေးချင်ရတာလဲ၊

ဒါတွေကို ဒီနေ့ မြန်မာပြည်သူတွေကြားမှာ မေးရမယ့် မေးခွန်းပါ။ အမြင်မတူ တိုင်း တိုက်မယ် ခိုက်မယ်၊ သေနတ် နဲ့ ဖြေရှင်းနေမယ် ဆိုရင် ဘာအကြောင်းမှ မထူးပါ။

ပဋိပက္ခ ရဲ့ နောက်ကွယ်...

(Kachin Duwa)


မြန်မာ လူမျိုးတွေကို အင်္ဂလိပ် အုပ်ချုပ်ရင်ပိုတောင် တိုးတက်ပြီး ပညာတတ်အုံးမယ်... ဒါပေမယ် မြန်မာတွေ အင်္ဂလိပ် အုပ်ချုပ်ခံချင်သလား... ဘယ်သူမှ သူများလူမျိုး အုပ်ချုပ်တာ မခံချင်ပါဘူး... ဒီလိုပါပဲ.. ကချင်တွေလဲ အင်္ဂလိပ်နဲ့ ပေါင်းခဲ့ရင် ပိုတိုးတက်မယ် ဆိုတာ မသိခဲ့တာမဟုတ်.. လွတ်လပ်ခြင်းကို လိုချင်လို့ မြန်မာ နဲ့ ပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်... ကျနော်တို့ ကံမကောင်းခဲ့ဘူး...

မြန်မာကျောင်းစာ နဲ့ မြန်မာစာပဲဖတ်ရင် တာတွေနားလည်မှာ မဟုတ်ပါဘူး... ဘာလို့လဲ ဆိုတော့ သမိုင်းလိမ်ထားလို့ပဲ... စာပေစိစစ်ရေး နှစ် ၅၀ လုပ်လာတာ မြန်မာလို ရေးထားတဲ့ နိုင်ငံရေး စာအုပ်နဲ့ သမိုင်း အမှန် စာအုပ် မရှိခဲ့ပါဘူး..

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်


ဇန်န၀ါရီ (၄) သောကြာ
  (Jinghpawkasa)


KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာ ပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂)  ပြုလုပ်ခဲ့ ကြောင်း သတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက် နေ့ တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက် ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းသားအများစုမှာ ကချင်လူငယ်များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦးပါဝင်ကြောင်း သင်တန်းတာဝန်ခံ က ရှင်းပြပါသည်။ ယခုသင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိ ကြောင်း၊  သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာ ကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံ စစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့သင်ယူစေကြောင်း တာဝန်ခံကဆက်ရှင်းပြပါသည်။

KIA အပေါ် အစိုးရ၏စစ်ဆင်ရေး အခြေအနေကို ၈၈ အဖွဲ့လေ့လာ

(ရွှေဟင်္သာသတင်းဌာန)


ကိုမြအေးခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) အပေါ် အစိုးရ စစ်ဆင်ရေး အခြေအနေကိုလေ့လာရန် ယမာန်နေ့တွင် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့သည်ဟု KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်း ကဆိုပါသည်။ 

“ သူတို့အဖွဲ့က ကျနော်တို့ရဲ့ ဒုဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို လာရောက် လေ့ လာလိုတဲ့ သဘောပါဘဲ။ အစိုးရကတော့ ဘယ်သူတားတား လက်ခံမှာမဟုတ်ပါဘူး။ အခု UN ပြောနေတယ်။ ဒါလည်းစစ် ဆင်ရေးက ဟန်မပျက် ဆက်လုပ်နေတုန်းဘဲ။ အစိုးရဟာ သူတို့ လုပ်ချင်သလို လုပ်နေတဲ့အဖွဲ့အစည်းပါ။ ဒါကြောင့် စစ်ပွဲ ရပ်စဲရေးဟာ အစိုးရအပေါ်မှာသာ မူတည်ပါတယ်” ဟု ဆိုပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့ညပိုင်း တိုက်ပွဲသတင်းတိုများ


(Jinghpawkasa)

ကေအိုင်အေ တပ်ရင်း (၂၃) တွင် တိုက်ပွဲပြင်းထန်

ဇန်ဝါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၃) လက်အောက် ကေ အိုင် အေ တပ်ရင်း (၂၃) ဒေသ ဘွမ်ရယ်တွင် ဇန်န၀ါရီ (၃) ရက်နေ့ ၌ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။

ဗမာစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်

ဇန်န၀ါရီ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ် သော လဂတ်ဘွန်၊ ဘင်ဝိုင် ဘက်သို့ စစ်ကားတန်းဖြင့် ထိုးစစ်ဆင်လာ သော ဗမာအစိုးရ

ကချင်စစ်ပွဲအပေါ် သူတို့အမြင်


ဧရာဝတီ

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာ ခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေး နွေးပွဲ အလားအလာတွေလည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ် လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက် ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါ သူများကိုပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။

ဦးလနန်
KIA ပြောခွင့်ရပုဂ္ဂိုလ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတော့ မသိဘူး။ နိုင်ငံရေး ဆွေး နွေးပွဲကတော့ မျှော်လင့်ချက် မရှိဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံ ရေး ဆွေးနွေးမှုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မဟုတ်ဘူး။ နိုင်ငံရေး ဆွေး နွေးမှု ပြုလုပ်ပြီး အဖြေရှာမှသာ လျှင် ငြိမ်းချမ်းရေး ရရှိမယ် ဆိုတဲ့ကိစ္စ ပြောတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပြီး မှသာ အဆင်ပြေမယ် ဆိုတာထက် နိုင်ငံရေး ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို ရောက်မှာပါ။

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

(ဧရာဝတီ)
လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က သိမ်းပိုက်ပြီးနောက် မြင်ကွင်းကို စစ်တပ်ပိုင် မြဝတီ ရုပ်သံ ဝက်ဘ်ဆိုဒ်က တင်ထားစဉ် (ဓာတ်ပုံ – မြဝတီ)

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည် တိုက်ပွဲများနှင့် အစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂနှင့်  နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရမှ ယနေ့ ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မ တော်(KIA) ၏ ခြေကုပ်စခန်းများအား မြန်မာ့တပ်မတော်က တိုက်ခိုက် မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြော ဆိုခဲ့သည်။

ကချင်တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်


03.01.2013 (VOA)

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တပ်တွေကြားတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ တဲ့အတွက်၊ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှု ထိခိုက်နေ ပါတယ်။ လိုင်ဇာမြို့မှာ ကုန်အရောင်းအဝယ် လာလုပ်နေကြတဲ့ တချို့ တရုတ်လူမျိုးတွေဆိုရင်လည်း တရုတ်ပြည်ကို ပြန်သွားကြတယ်လို့ အဲဒီဒေသဖက်က ကုန်သည်တွေက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော် ကားလမ်းကို ပိတ်ထားတဲ့အတွက် တရုတ် မြန်မာနယ်စပ်မှာ ကုန်သည် တွေ အရောင်းအဝယ် ထိခိုက်နေရတဲ့ အကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နား တဝိုက်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် (KIA) အဖွဲ့တွေကြား တိုက်ပွဲ တွေဖြစ်နေတာမှာ ဒီကနေ့အထိ အစိုးရဖက်က လေကြောင်းတိုက် ခိုက်မှုတွေ ရှိနေတာကို လိုင်ဇာမြို့မှာနေတဲ့ ကုန်သည်တယောက်က ခုလိုပြောပြပါတယ်။

လွတ်လပ်ရေးနေ့ မနက်ပိုင်း ကချင်-ဗမာ ကျူးကျော်စစ်ပွဲသတင်းတိုများ


(Myitkyina Blog)

ဇန်န၀ါရီလ(၃)ရက် လေကြောင်းတိုက်ခိုက်မှု

မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ်(၂)စီးဖြင့် (၁၂) နာရီခွဲအချိန်တွင် လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်းကို ၁၅ မိနစ်ကြာ ပစ်ခတ်တိုက် ခိုက်ခဲ့ သည်။ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် နမ်ဆမ်ယန်အနီးတွင်လည်း လေယာဉ်(၂)စီးဖြင့် ဆက်လက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။
မွန်းလွဲ ၁ နာရီခွဲနှင့် ညနေ ၅ နာရီခွဲအချိန်များတွင် ပန်ဝါဒေသ နယ်ခြား မှတ်တိုင်(၆)ဒေသရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ်(၂)စီးဖြင့် လာ ရောက်ဗုံးကျဲ၊ ဒုံးကျည်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

တိုက်ပွဲပြင်းထန်

ဇန်န၀ါရီလ(၃)ရက် မနက် ၈ နာရီမှစတင်ကာ နမ်ဆမ်ယန်၏ အရှေ့ ဘက်တောင်ခြေရှိ KIA တပ်စခန်းဘက်သို့ ခလရ(၂၉၈) ခမရ(၃၈၄) (၃၈၅) (၃၈၆) (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။

ကချင်တွေက မရသေးတဲ့ အခွင့်အရေးအတွက် တိုက်နေတာ... ဗမာ တွေက ဘာအတွက် တိုက်နေတာလဲ...

(Kachin Duwa)


ကချင်တော်လှန်ရေးကို အမြစ်ပြတ် တိုက်မယ် ဆိုတဲ့ အိမ်မက် မက်နေတဲ့ စစ်သွေးကြွ အဖွဲ့များကို ပြောချင်တယ်။

ခင်များတို့လိုပဲ အိမ်မက်မက်ခဲ့တဲ့လူတွေ နှစ် ၅၀ ကျော် တိုက်လာလဲ ဆက်ရှိနေတာ ဘာကြောင့်လဲ? ဆိုတာ တချက် စဉ်းစားပါ။

စစ်ဦးစီးချုပ် တစ်ယောက်ကို လုပ်ကြံရင် နောက်ထပ် စစ်ဦးစီးချုပ် ၁၀ ယောက်မက လာအုံးမှာပဲ။ ကချင်တော်လှန်ရေး ခေါင်းဆောင် အလီလီ ပြောင်းသွားသော်လည်း ကေအိုင်အေ ဆက်ရှိနေတယ်။ ကချင်တော် လှန်ရေး မျိုးဆက် ၃ဆက်တောင် ဖြတ်လာခဲ့ပါပြီ။ နောက်လဲ ဆက်ရှိနေ မှာပါ။

နန့်ဆန်ယန်တွင် တိုက်ပွဲပြင်းထန်၊ ဗမာစစ်တပ် အကျအရှုံးများ


ဇန်န၀ါရီ (၄) သောကြာ (Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်းပေါ်ရှိ နန့်ဆန်ယန် ကျေးရွာတွင် ဇန်န၀ါရီလ (၃) ရက်နေ့ မနက် (၆း၀၀) နာရီ အချိန်ခန့်မှ စပြီး တစ်နေကုန် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ နန်ဆန်ယန်ကျေးရွာတွင် နေရာယူထားသော ဗမာစစ်တပ်များကို ကေအိုင်အေ မျိုးချစ်ရဲဘော်များ သွားရောက် ပိတ် ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် နန့်ဆန်ယန် ကျေးရွာတွင် ဗမာ စစ်တပ်အင်းအား (၄၀၀) ကျော် နေရာယူထားကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရတပ်ဘက်မှ (၆၀) ကျော် သေဆုံးပြီး၊ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဤသို့ ဗမာစစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာ ရမှုများပြားလာသောကြောင့် ဗမာအစိုးရဘက်မှ ဂျက်တိုက်လေ ယာဉ် နှစ်စီး ဖြင့် နေ့လည်း (၁၁း၅၀) နာရီခန့်တွင် လာရောက်ပစ်ခတ် ကူညီပေးခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။
တိုက်ပွဲတွင် ကေအိုင်အေမျိုးချစ်ရဲဘော် (၂) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များက ဗမာစစ်တပ်၏ လက် နက်၊ ခဲယမ်း အမြောက်အများကို သိမ်းပိုက် ရရှိခဲ့ကြောင်း သတင်းရရှိပါ သည်။

Thursday, January 3, 2013

ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှု ရပ်တန့်ရန် မြန်မာအစိုးရကို ကုလက တိုက်တွန်း၊ တိုက်ပွဲများ ဆက်ဖြစ်နေ

(Mizzima)


ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်များ လေကြောင်းဖြင့် တိုက်ခိုက်နေသည်ဟု ကြားသိရသည့်အပေါ် ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

“အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်မည့် ကိစ္စများနှင့် ဒေသအတွင်း ပဋိပက္ခ ပိုမို ပြင်းထန်လာစေမည့် ကိစ္စရပ်များကို ရပ်တန့်က ရပ်ရန် မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်သည်” ဟု ကုလသမဂ္ဂ၏ ကြေငြာချက်တွင် ပါရှိသည်။

ကချင်ထိုးစစ် မရပ်လျှင် အပစ်ရပ် ၁၀ ဖွဲ့ ဆွေးနွေးရေး အစီအစဉ်ကို ပြန်သုံးသပ်မည်

(ဧရာဝတီ)


ကချင်ဒေသ တိုက်ပွဲများ ရပ်တန့်ရန် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒ ထုတ်ဖော်ကြစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အစိုးရ စစ်တပ်အနေဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပေါ် ထိုးစစ်ဆင်နေမှုအား ရပ်တန့်ခြင်း မပြုပါက အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ထပ်မံဆွေးနွေးမည့် အစီအစဉ်များကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့တို့အကြား ပဏာမအဆင့် အပစ်ရပ်စဲထားပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးခြင်း၊ နိုင်ငံရေးအရ ဆွေးနွေးခြင်း စသည့် လုပ်ငန်းစဉ် များ ရှေ့ဆက် လုပ်ဆောင်ရန် သဘောတူထားကြောင်း၊ သို့သော် တခြား တဘက်တွင် ထိုးစစ်ဆင်နေသည့်အတွက် အစိုးရ၏ ပြောဆိုမှုအပေါ် သံသယရှိကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရသူ နိုင်ဟံသာက ပြောသည်။

KIA နယ်မြေ လေကြောင်းတိုက်ခိုက်မှု မြန်မာအစိုးရဝန်ခံ (အင်တာဗျူး)


02.01.2013 (VOA)


မြန်မာအစိုးရဘက်က KIA ကချင်တပ်တွေအပေါ်မှာ ထိုးစစ်ပြင်းထန် နေတာကြောင့် စစ်ရေးကို အာရုံစိုက်နေရလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘက်ကို အာရုံမလှည့်နိုင်သေးဘူးလို့ KIA ဘက်က ပြောပါတယ်။ တချိန်တည်းမှာပဲ KIA တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတာကိုတော့ မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါ တယ်။ ကချင်ဘက်က စစ်ရေး၊ နိုင်ငံရေးနောက်ဆုံးအခြေအနေတွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်တွေ ရှိတဲ့နေရာတွေကို မြန်မာအစိုးရ ဘက်က လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေတုန်းပဲ လို့ သိရပါတယ်။ တဘက်မှာတော့ စစ်ရေး အခြေအနေ တင်းမာနေတာ ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဘက်ကို မလှည့်နိုင် ဖြစ်နေ ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဆွေးနွေးပွဲအတွက် ကမ်းလှမ်းထားပြီး ဖြစ် တယ်၊ KIA ဘက်က

ကချင်တိုက်ပွဲ ဝင်ပါခြင်းသည် ခုခံခြင်းဟု ABSDF ဆို

(ဧရာဝတီ)


ကချင်ပြည်နယ် တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည်မှာ တပ်မတော်အနေဖြင့် မိမိတို့ စခန်း များ အခြေစိုက်ထားသော ယင်းဒေသကို ထိုးစစ်ဆင်နေသောကြောင့် ပြန်လည်ခုခံခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ယနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ABSDF ကျောင်းသားတပ်မတော်ဟု လူသိများခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောကြားခဲ့သည်။

“မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါဝင် နေရတာ။ ဘာကြောင့်လဲ ဆိုရင် မကဒတက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေလုပ်နေတဲ့ ဒေသမှာ ရှိနေတဲ့အတွက်  ပါဝင်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ မကဒတ ဗဟို ကော်မတီအဖွဲ့ အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု မကဒတ ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်က ပြောဆိုခဲ့သည်။

လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို

(ဧရာဝတီ)


၂၀၁၃ ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် အစိုးရတပ်က လိုင်ဇာအနီး ဂန်ဒေါင်ယန်၊ လဂျားယန် ဒေသသို့ လေကြောင်းဖြင့် ထိုးစစ်ဆင်နေစဉ် (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)
 ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရ စစ်တပ်က လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ် ကြောင်း၊ အမြန်ဆုံး ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ယမန်နေ့ တွင် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်း လိုက်သည်။

မြန်မာအစိုးရ၏ လေကြောင်းအင်အား အသုံးပြု ထိုးစစ်ဆင်မှုကို ၀န်ခံ ပြောကြားလာမှုလည်း ရှိပြီး လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုလိုက်သည်။

တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်မှု ရလဒ်

(Kachin Duwa)


မြန်မာ အစိုးရ အနေနဲ့ ကေအိုင်အေ ကို မတိုက်ပါဘူး၊ ဆိုပြီး ခိုးခိုး တိုက်နေတာ တစ်နှစ်ကြာမှာ တောင်ကုန်းတခုကို လူထောင်နဲ့ ချီ အသက်တွေ စတည်းပြီး ရလိုက်တော့မှ ကေအိုင်အေ ကို တိုက်ကြောင်း တရားဝင် မြ၀တီ မှာ ရေးပါတော့တယ်။

ဒီတောင်ကုန်းကို ကေအိုင်အေ က ဇန်န၀ါရီလ ၂ရက်နေ့ ပြန်သိမ်းလိုက် တယ် ဆိုတာတော့ မရေးထားဘူး။

အစိုးရ အနေနဲ့ အခုထိ ကေအိုင်အေ ကို တရားဝင် တိုက်တယ် ဆိုတာ မကြေငြာသေးဘူး။ လိုင်ဇာကိုလဲ မတိုက်ဘူးလို့ ပြောနေပါပြီ။

တကယ်လို့များ လိုင်ဇာ ကိုလဲ လွယ်လွယ်နဲ့ သိမ်းလို့ ရခဲ့ရင် ဆင်ခြေ တမျိုးပြောပြီး သတင်းလွင့်အုံးမှာပါ။

လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမာန်နေ့တွင် ပြည်တွင်း မီဒီယာသို့ ပြောကြား ထားသည် ရှိသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း သော်ငြားလည်း စစ်ရေး အတွက် အရေးပါ စိုးမိုး တောင်ကုန်း များအား သိမ်းပိုက် ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ ခေါင်းဆောင် တဦးက ပြောသည်။ 

“လိုင်ဇာကို မသိမ်းပါဘူး။ အရေး ကြီးတဲ့ တောင်ကုန်း တွေကို သိမ်းဖို့ ထိုးစစ်ဆင် နေတာ ပေါ့ဗျာ။ သမ္မတက အမိန့်ပေး ထားပေမဲ့ ဒီနေ့ အမှတ် ၇၇၁ တောင်ကုန်း တဝိုက်မှာ ရှိတဲ့ လဂျားယန်၊ နမ့်ဆန်ယန်နဲ့ ခလာယန် မှာ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲပါဗျ။ တိုက်လေယာဉ် နဲ့လဲ လာရောက် ပစ်ခတ် နေဆဲပါ ခင်ဗျာ” ဟု ဆိုပါသည်။

ကေအိုင်အေ တပ်ရင်း (၃) မျိုးချစ်ရဲဘော်များ ထိုးစစ်ဆင်တိုက်ခိုက်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ကေ အိုင်အေ တပ်ရင်း (၃) ဒေသဖြစ်သော ဘင်ပူကောင်နှင့် ဒိန်ဂါရွာကြားရှိ ဗမာအစိုးရ တပ်စခန်းတစ်ခုကို ကေအိုင်အေ တပ်ရင်း (၃) မှ မျိုးချစ် ရဲဘော်များ ဇန်န၀ါရီ (၂) ရက်နေ့ မနက် (၅း၀၀) နာရီအချိန်ခန့်တွင် သွားရောက်တိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုကဲ့သို့ ကေအိုင်အေမျိုးချစ်ရဲဘော်များ ဗမာရှေ့တန်း တပ်စခန်းကို သွားရောက်တိုက်ခိုက်ရာ ဗမာစစ်သားများ သေဆုံး ဒဏ်ရာရမှုရှိပြီး၊ ဗမာစစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ လက်နက် (၈) လက်နှင့် ကျည်ဆံအမြောက်အများ သိမ်းဆီးနိုင် ခဲ့ကြောင်း ဆက်လက် သိရှိရပါသည်။

အပစ်ရပ်တာ ငြိမ်းချမ်းရေး မဟုတ်...

(Kachin Duwa)


တချို့က အပစ်ရပ်တယ် (Ceasefire) ဆိုတာနဲ့ ငြိမ်းချမ်းရေး (Peace) ဆိုတာတောင် သဲသဲကွဲကွဲ သိပုံ မရဘူး... မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဘယ်တုန်းကမှ မရဖူးသေးပါ။... အပစ်ရပ်ထားတာပဲ ရှိတယ်.. ကေအိုင်အေက ငြိမ်းချမ်းရေး လိုချင်တာပါ...

ကရင် နဲ့ အခြား အဖွဲ့များလဲ အပစ်ရပ်ထားတာပဲ ရှိတယ်... အချိန်တန်လို့ သွားတိုက်ရင် သူတို့လဲ ပြန်တိုက်မှာပဲ... ဒီတော့ ငြိမ်းချမ်းခြင်း မရှိသေးဘူး....

နန်ဆန်ယန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - လိုင်ဇာ ကားလမ်းပေါ်ရှိ နန့်ဆန်ယန် ကျေးရွာ တွင် ဇန်န၀ါရီ (၂) ရက်နေ့၌ ကေအိုင်အေ ပြည်သူ့စစ်တပ် ဖွဲ့နှင့် ပြည် သူ့ဆက်ဆံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဗမာအစိုးရတပ် အင်းအား (၄၀၀) ကျော်နှင့် မနက် (၆း၀၀) နာရီခန့်မှ တိုက်ပွဲများပြင်း ထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲသည် နန်ဆန်ယန် ကျေးရွာ အတွင်း၌ ဖြစ်ပွားခဲ့ပြီး ဗမာအစိုးရ စစ်တပ်ဘက်မှ အကျအရှုံးများခဲ့ ကြောင်း သတင်းရရှိပါသည်။ ဒွမ်ဘန်ဘွမ်၊ ဂန်ဒေါင်ယန် အခြေစိုက် ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် ကူညီခဲ့ကြောင်း၊ အင်အားမမျှလွန်းသောကြောင်း ကေအိုင်အေ မျိုးချစ် ရဲဘော်များ ညနေပိုင်းတွင် နန်ဆန်ယန်ကျေးရွာမှ ပြန်လည် ဆုတ်ခွာ သွားခဲ့ကြောင်း သတင်းရရှိပါသည်။