Saturday, December 29, 2012

KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ်မှ လေကြောင်းဖြင့် စတင်တိုက်ခိုက်

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ်ကို အစိုးရတပ်ဖက်မှ လေကြောင်းဖြင့် စတင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့ရှိ ပြည်သူလူထုများကို သတိဖြင့်နေထိုင်ရန် ညွန်ကြားထားပြီ ဖြစ်ကြောင်း လိုင်ဇာအုပ်ချုပ်ရေးမှူး ဗိုလ်မှူး Kareng Naw Awn ကပြောသည်။

ဒီဇင်ဘာ ၂၈ ယမန်နေ့က KIO ရှေ့တန်းစခန်း Lajayang (လဂျားယန်)သို့ အစိုးရဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီးပါတ်ဝန်းကျင်ရွာများနှင့် KIA တပ်စခန်းများအား ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများပြောသည်။

ဗမာစစ်တပ်မှ ဓာတုလက်နက် အသုံးပြုပစ်ခတ်

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) နယ်မြေဖြစ် သော မြစ်ကြီးနား - ဗန်းမော်လမ်း နားလုံ နှင့် ဂန်ဒေါင်ယန်ကျေးရွာ တွင်   ဖြစ်ပွားသော  ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ဗမာစစ်တပ်ဘက်မှ ဓာတုလက်နက်များ အသုံးပြုကာ ကေအိုင်အေကို တိုက်ခိုက်ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်မှ ပစ်ခတ်လိုက်သော ဓာတုလက် နက် ကြောင့် ယခုအခါ ကေအေအိုင် မျိုးချစ်ရဲဘော် (၄၀) ကျော် အဆိပ်သင့် ဖျားနာနေကြောင်း ဆက်လက် သိရှိရပါသည်။ 


ဗမာအစိုးရသည် ကေအိုင်အေနှင့် တိုက်ပွဲများဖြစ်ပွားရာတွင် ဗမာစစ်တပ်ဘက်မှ ကျရှုံးမှ များပြားလာပါက ယခုကဲ့သို့ အကောက် ကြံကာ မသမာသော နည်းလမ်းများကို အမြဲအသုံးပြု တိုက်ခိုက် လျက်ရှိရာ ယခုတိုက်ပွဲတွင်လည်း ဗမာအစိုးရဘက်မှ လက်နက်အင်အား၊ လူအင်းအားသာမက၊ တိုက်လေယာဉ်များဖြင့်ပါ ကူညီတိုက်ခိုက်ရာ ဗမာစစ်တပ်ဘက်မှ ကျဆုံးမှု များပြာလာသောကြောင့် သူခိုးကျင့် သူခိုးကြံ အရှက်မရှိ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု


(မဇ္ဈိမ)။   ။ ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေသည့် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များအနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကို ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျောက် မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့ အညီ မှတ်ပုံတင်ကြေးပေးသွင်းကာ မှတ်ပုံတင်ပြီး အဆိုပြုလွှာတွေ ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်
ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေး ရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

လေယာဉ်မှချသောဗုံးတွင် အဆိပ်ဓါတ်ပါဝင်

(Myitkyina Blog)


ဒီဇင်ဘာလ (၂၉)ရက်နေ့ မနက်(၁၀)နာရီမှ မြန်မာ့လေတပ်မှ ဒုတိယနေ့ အဖြင့် တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့ပစ်ခတ်သော ဒုံးကျည်၊ ဗုံးများတွင် ဓါတုအဆိပ်ဓါတ်ငွေ့များ ပါဝင်ကြောင်း သိရှိရသည်။ ဗုံးပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးခိုးကို ရှူရှိုက်မိသောသူများသည် ခေါင်းမူး၊ အော့အံဝေဒနာကို ခံစားနေကြရ သည်။

ယနေ့လေယာဉ်မှပစ်ခတ်သည့် နေရာများမှာ ဘန်ဒေါင်ဒေသ၊ ဂန်ဒေါင်ဒု (Gang Dau Du)၊ လဂျားယန်၊ ဘွမ်ရေ(Bum Re)၊ နမ်ဆမ်ချောင်းရှိ ဘန်ဒေါင်သို့သွားသော လမ်းခွဲများတွင် လာရောက်ပစ်ခတ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၈)ရက်နေ့ မနက်(၉)နာရီမှ (၁၀)နာရီခွဲအထိ မြန်မာ့တပ်မတော်မှ လဂျားယန် KIA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့သော မှတ်တမ်းပုံများ

(Myitkyina Blog)

ဧရာဝတီမြစ်တစ်လျှောက် ဖြတ်သန်းခြင်းကို ပိတ်ပင်

(Jinghpawkasa)


ဗမာအစိုးရမှ ဆဒုံ၊ ဆဂပါဒေသများတွင် ခေါင်မိုးများကို ဆေးသုတ်ခိုင်း

(Jinghpawkasa)


ကချင်ပြည်နေ ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေအိုင် အေ တပ်ရင်း (၃) ဒေသဖြစ်သော ဆဒုံ၊ ဆဂပါ ဒေသများရှိ ပြည်သူများ ကို ဗမာအစိုးရမှ အတင်းအကျပ် ဘုရားကျောင်း၊ ကျောင်း နှင့် ဆေး ရုံ ဆေးခန်းများ၏ ခေါင်မိုးများကို ဆေးသုတ်လိမ်းခိုင်းနေကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤသို့ ခေါင်မိုးများကို ဆေးသုတ် လိမ်းခိုင်းရာ ဘုရားကျောင်းခေါင်မိုးများတွင် အပြာရောင်သုတ်လိမ်း ခိုင်းပြီး အဖြူရောင်ဖြင့် လက်ဝါးကပ်တိုင်ပုံ များကို ရေးဆွဲထားခိုင်း ပြီး၊ ကျောင်း နှင့် ဆေးရုံ၊ ဆေးခန်းများ၏ အမိုးများတွင် အနီရောင် သုတ်လိမ်းခိုင်းပြီး ဆေးဖြူဖြင့် စာလုံးများ ထင်ထင်ရှားရှား ရေးထိုး ထားရန် ညွန်ကြားထားကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ မှ ပြည်သူများကို သတိပေးပြောဆိုရာတွင် စစ်လေယာဉ်များဖြင့် တိုက်ခိုက်သွားမည်ဟု ပြောကြားကြောင်း ဒေသခံများမှ သိရှိရပါသည်။

ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၈) နယ်မြေ Nam Hkyem ကျေးရွာရှိ ဘုရားရှိခိုးကျောင်းအတွင်းသို့ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဗမာအစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ကလေး တစ်ဦး သေဆုံးပြီး၊ (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် Nam Hkyem ဘုရားကျောင်းဝင်းတွင် စစ်ပြေးဒုက္ခသည် (၅၀၀) ကျော် ထွက်ပြေးရောက်ရှိ လာပြီး၊ (၃၀၀) ခန့်မှာ ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် (၂၀၀) ကျော်မှာ Nam Hkyem ဘုရားကျောင်းတွင်ပင် ရှိနေသေးကြောင်း ဆက်လက်သိရှိရပါသည်။

CSW urges Burma’s government to stop military offensive against Kachin immediately


The Burma Army has been conducting a military offensive against the Kachin since June 2011, breaking a ceasefire that had lasted for 17 years. Over 100,000 civilians have been internally displaced since the war began, and the Burma Army has been accused of grave human rights violations, including rape, torture, destruction of villages, looting and desecration of churches, and killing civilians. The offensive has intensified severely in recent days.

KIA လဂျာယန်ကို မြန်မာစစ်တပ် လေကြောင်းက တိုက်


28.12.2012 (VOA)

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ ထိန်းချုပ်ရာ လဂျာယန်ဒေသမှာ အခုဆိုရင် ထိုးစစ်ဆင်လာတဲ့ အစိုးရစစ်တပ် နဲ့ တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွါးနေတယ်လို့ ကေအိုင်အိုအရာရှိတွေကပြောပါတယ်။ ဒီတိုက်ပွဲ တွေမှာ စစ်တပ်ဘက်ကနေ လေယာဉ်တွေလက်နက်ကြီးတွေ အသုံးပြုခဲ့ တယ် လို့လဲ ကေအိုင်အေပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးရာ လဂျာယန် ဒေသခံတွေကိုတော့ ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်သွားသလို အခုဖြစ်တဲ့တိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်မှုရှိခဲ့ တယ်လို့လဲပြောဆိုမှုတွေရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကို တော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်း ပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ ကို တပ်ဆုတ်ပေးဖို့ ရာဇသံပေးခဲ့ပြီး ကေအိုင်အိုအနေနဲ့ နောက်ဆုတ် ပေးခြင်းမရှိတဲ့အတွက် အခုဆိုရင် ကချင်ပြည်နယ် ကေအိုင်အိုထိန်း ချုပ်ရာ လဂျာယန်ဒေသဘက်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါး နေပါတယ်။ အခုဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ်တွေပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ကေအိုင်အို ပြောခွင့်ရဦးလာနန်ကပြောပါတယ်။

Kachin face air strikes as Burmese government’s deadline passes

(Kachinland)

Burmese government airstrikes rain down on KIA frontline posts near Kachin administrative capital Laiza on Dec 28. Two attack helicopters first came at around 9:30 am and then another three helicopters came, said a Laiza resident. Russian-made attack helicopters fired rockets and machine guns on KIA positions near Laiza. A Laiza resident says the latest round of airstrikes is so close to civilians’ areas as he can even see helicopters firing machine guns. The impact of the rocket is so strong that even a tree that has a person’s waist size falls down after being hit, said a KIA frontline officer.

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ

(KIC)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များ က စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီ ဆာက ပြောသည်။

Friday, December 28, 2012

အစိုးရက KIA စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့

(ရွှေဟင်္သာသတင်းဌာန)



ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့မှ တပ်စွဲထားသော လိုင်ဇာဗဟိုဌာနချုပ် အနီးရှိ လဂျားယန် တပ်စခန်းကို အစိုးရလေတပ်မှ ဂျက်တိုက်လေယာဉ်များ ယနေ့ (၉) နာရီ(၄၅)မိနစ် အချိန်တွင် စတင် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု ပြောခွင့်ရသူ ဦးလနန်းက ဆိုပါသည်။

“ အစိုးရလေတပ်က ဂျက်တိုက်လေယာဉ် SOKO G-4 Super Galebတွေ (4) စီးနဲ့ MI 24 ရဟတ်ယာဉ်(၂) စီးနဲ့ လာ တိုက်တာ။ နေ့လည်(၁၁) နာရီအချိန်လောက်မှာ ရပ်သွားတယ်လေ။ လေယာဉ်လည်းရပ်ရော ဂန်တောင်ယန်မှာ ရှိတဲ့ သူတို့ လက်နက်ကြီးစခန်းကနေ ၁၀၅ မမ ဟောဝစ်ဇာနဲ့ ပစ်ကူတွေထပ်မံ ပစ်ပေးနေပြန်တယ်။” ဟု ဆိုပါသည်။

အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင်

(ဧရာဝတီသတင်းဌာန)



ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်း၏ ဗဟိုဌာနချုပ် တည်ရှိရာဒေသ တ၀ိုက်ကို မြန်မာ့တပ်မတော် (လေ) မှ ဂျက်ဖိုက်တာ လေယာဉ်များနှင့်ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစ၍ ထိုးစစ်ဆင်နေ ကြောင်း သိရသည်။

“ဂျက်တိုက်လေယာဉ် ၄ စင်းကို ၂ စင်းစီ တွဲပြီးတော့ ကချင်လွတ် မြောက် ရေး အဖွဲ့ (KIO) ဌာနချုပ် တ၀ိုက်ကို ပစ်ခတ်တယ်၊ အဲဒီ ၄ စင်းအပြင် စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ပါ ပစ်ခတ်နေတာပါ၊ အဓိကတော့ ဗဟိုဌာနကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာပါပဲ” ဟု KIA ပြော ခွင့်ရသူ ဦးလနန် က ဧရာဝတီ ကိုပြောသည်။

ကချင်စစ်ပြေးဒုက္ခသည် ၄ထောင်ခန့် အစာရေစာငတ်မွတ်မှုကြုံ



(ကေအိုင်စီ)
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တပ်မဟာ(၃)အခြေစိုက်ရာ တရုတ်နိုင်ငံနယ်စပ် မိုင်ဂျာယန် ဒေသတစ်ဝိုက်ရှိ သွားလာရန်ခက်ခဲသော နယ်မြေသို့ ရောက်ရှိနေကြသည့် ကချင်စစ်ပြေးဒုက္ခသည် ၄,၀၀၀ ခန့် သည် လက်ရှိအချိန်တွင် အစာရေစာငတ်မွတ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

မိုင်ဂျာယန်ဒေသနှင့် အနည်းငယ်အလှမ်းဝေးကွာပြီး နိုင်ငံတကာ အကူ အညီ ပေးနေသည့် အဖွဲ့အစည်း များက မသွားရောက်နိုင်သဖြင့် ဒုက္ခ သည်များအတွက် အစားအစာမလုံလောက်ဖြစ်ပွားပြီး အစာရေစာ ရှားပါး မှုနှင့်ကြုံတွေ့နေရကာ အစာအိမ်ရောဂါများ ဖြစ်ပွားနေကြောင်း ကချင် အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်းနေလီက ပြောသည်။

အစိုးရတပ်က KIA ကို ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် (မေးမြန်းချက်)



(Democratic Voice of Burma)

ဒီနေ့မနက်မှာ အစိုးရတပ်ဖွဲ့တွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ အနီးဆုံး လဂျားယန်ကို လေယာဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်စေ နိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ မနေ့က အစိုးရ တပ်ဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သတ်ပြီး ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
လေယာဉ်တွေနဲ့ ပစ်တယ်ကြားတယ်။

“ဒီနေ့ မနက် ၆ နာရီ ၀န်းကျင် ဒေါ့ဖုန်းယန် စခန်းကနေ လဂျားယန် ဘက်ကို လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တယ်။ နောက် ၉ နာရီ ပတ်ဝန်းကျင်မှာ ဖိုက်တာ ၄ စင်းပေါ့။ ၂ စင်းတွဲ၊ ၂ စင်းတွဲနဲ့ လဂျားယန်ကို ဆက်တိုက်ပစ်တာမျိုးလုပ်တယ်။ ပစ်ခတ်ပြီး ၁၀ နာရီ ခွဲလောက်မှာ ရဟတ်ယာဉ် ၂ စင်း လိုက်ပါလာပြီး ပြန်ပစ်တာမျိုး လုပ်တယ်။ ဒါကြောင့် ဒီနေ့ တိုက်ခိုက်မှုကတော့ ဌာနချုပ် အနီးဆုံးမှာ ဖိုက်တာ ၄ စင်းနဲ့ အမ်အိုင် ၂၄ ၂ စင်း၊ အားလုံး ၆ စင်း၊ လာပစ်တယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခုလည်း ပစ်တုန်းပဲ။”

မြန်မာစစ်တပ်နှင့် တရုတ်စစ်တပ် ရွှေလီမြို့၌ဆွေးနွေး

(Myitkyina Blog)



မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် တို့ သည် ဒီဇင်ဘာလ(၂၇)ရက်နေ့မှစတင် ကာ ရွှေလီမြို့တွင် နှစ်နိုင်ငံစစ် ရေးနှင့်ပတ်သက်၍ ဆွေးနွေးနေကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈) သတ်မှတ်ခဲ့သည့်အတိုင်း မနက် (၆)နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှ လက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။ ၉ နာရီအချိန်မှစတင်ကာ SOKO G-4 Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ နာရီခွဲအထိ လာရောက်ပစ်ခတ်ခဲ့သည်။ ဂျက် G-4 Super Galeb နှင့် တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ G-4 Super Galeb နှင့်အတူ Mi-24 စစ် ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့သည်။

လဂျားယန်ကိုလေကြောင်းမှထိုးစစ်ဆင်

(Kachinland)

၂၈  ဒီဇင်ဘာ ၂၀၁၂

မြန်မာအစိုးရစစ်တပ်သည် ကေအိုင်အို ဌာနချုပ်နှင့် ၆ မိုင် ခန့်သာဝေးသော လဂျားယန်ကျေးရွာသို့ လေကြောင်းမှ တိုက်စစ် ဆင်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်ကပင် ယင်းနေရာတွင် လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်ခဲ့ပြီး နံနက်ပိုင်း ၉ နာရီခွဲတွင် လေယဉ်ပြန်ဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်။  ရဟတ်ယဉ် နှစ်စီးတခါ၊ သုံးစီးတခါပျံပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လိုင်ဇာမြို့သားများက ရဟတ်ယဉ်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ပြီး သေနတ်သံများကိုလည်း အတိုင်းတားကြားခဲ့ရသည်။ အစိုးရသည် နှစ်ကုန်ပိုင်းတွင် လေကြောင်းထိုးစစ်ဆင်မူများကို တိုးမြင့်အသုံးပြုလျက်ရှိသည်။ နားလုံတွင် မြန်မာအစိုးရစစ်တပ် အင်အား ၅၀၀ ခန့်နှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လဂျားယန်၊ လိုင်ဇာကို အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ဒီဇင်ဘာလ ကတည်းက လုပ်ဆောင်နေသည်။
“ လေကြောင်းက ပစ်တာ ခါးလောက်ရှိတဲ့သစ်လုံးတွေတောင် ပျက်ကျတယ် ” ဟု ကေအိုင်အေ ရှေ့တန်းမှ အရာရှိတဦးက ဆိုသည်။