Saturday, December 22, 2012

ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်

(VOA)


ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

လိုင်ဇာကို စစ်ဆင်သော မြစ်ကြီးနား- လိုင်ဇာလမ်းကြောင်း၌ တိုက်ပွဲပြင်းထန်

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ဌာနချုပ်လိုင်ဇာကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် ကြိုးစားနေသာ အစိုးရ တပ်ဖွဲ့များသည် အဆိုပါလမ်းကြောင်း (၃)ခုထဲမှ မြစ်ကြီးနား- လိုင်ဇာလမ်းပိုင်းဖက်ရှိ ဂန်တောင်ယန်နှင့် မလိကန်လမ်းပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများ စတင်ဖြစ်ပွားနေသည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိတစ်ဦးက ပြောပါသည်။

“အဲဒီလမ်းကြောင်းမှာ အစိုးရတပ်ဖွဲ့ အင်အား (၄၀၀) ခန့် ရှိမယ်။ သူတို့က မြစ်ကြီးနားကနေ တက်လာတယ်။ ဒါကို ကျနော် တို့က သူတို့တက်လာတဲ့ လမ်းတလျှောက်မှာ ဖြတ်တိုက်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်သလို မနက်ကတည်းကနေ ညနေ (၅)နာရီအချိန်အထိ ဆက်ဖြစ်နေတဲ့အတွက် အစိုးရတပ်တွေ ရှေ့ကိုမတိုးနိုင်သေးဘူး။” ဟု ဆိုပါသည်။

ကချင်လူငယ်တဦးရဲ့ ၂၉ နှစ်တာ ဖြတ်သန်းမှု

(ဧရာဝတီသတင်းဌာန)


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်း တနေရာ (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ပင်လယ်ရေပြင်အထက် ပေ ၅ ထောင်ကျော်မြင့်တဲ့ တောင်စောင်းတခုပေါ် ဖြစ်သလို တည်ဆောက်ထားတဲ့ ယာယီတဲငယ်အတွင်းမှာ ထင်းမီးဖို အရှိန်နဲ့ နွေးထွေးနေပါတယ်။ ထင်းမီးဖို ဘေးမှာတော့ ပခုံးပေါ်မှာ အပွင့် သုံးပွင့်ပါ စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ တိုင်းရင်းသား လူငယ်တဦးက သူ့ဖြတ်သန်းလာရတဲ့ ဘ၀နဲ့ ဖြစ်ချင်မြင်ချင်နေတဲ့ ဘ၀ကို ပြောပြဖို့ ပြင်ဆင်နေပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ် နီးပါးက အခုလို ရာသီ၊ အခုလိုကာလမျိုးမှာ အင်မုဏ်ဂါဏ်ဆိုတဲ့ ကချင်တိုင်းရင်းသား လူငယ်တဦးကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် တောတွင်းစခန်းတခုမှာ မွေးဖွားခဲ့တယ်။ လက်ရှိအချိန်မှာတော့ အဲဒီလူငယ်လေးဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှာ ဗိုလ်ကြီးအဖြစ်ရော၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ မဟာဗျူဟာ လေ့လာရေးဌာနမှာ အရာရှိတဦးအဖြစ်ပါ တာဝန်ထမ်းဆောင် နေပါတယ်။

မြစ်ကြီးနားမြို့ပေါ် ပေါ်တာဆွဲ

(Myitkyina Blog)


မြန်မာအစိုးရစစ်တပ်သည် KIA ဌာနချုပ်ကို ထိုးစစ်ဆင်ရာတွင် အသုံးပြုရန်အတွက် မြစ်ကြီးနားမြို့ပေါ်၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ပေါ်တာဖမ်းနေကြောင်း သိရှိရသည်။ ကချင်ဒေသခံအနေများသော ဆင်ခြေဖုံး ရပ်ကွက်၊ ကျေးရွာများတွင် ပေါ်တာလိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။
ရှေ့တန်းတွင် ပေါ်တာများသည် စစ်လက်နက်ပစ္စည်းများ၊ လက်နက်ကြီးကျည်များကို ထမ်းပေးရကာ စစ်ကြောင်း၏ လူဒိုင်းများအဖြစ် အသုံးပြုလေ့ရှိသည်။ မြန်မာအစိုးရက အတင်းအဓ္ဓမလုပ်အားခေါ်ယူမှု မပြုပါကြောင်း ILO အား ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားဒေသတွင် အတင်းအဓ္ဓမခိုင်းစေမှုများ၊ တပ်ခြံကာပေးခြင်း၊ သစ် ၀ါး ခုတ်ပေးခြင်း၊ တပ်စခန်းတွင် နွားလှည်း၊ သုံးဘီးများ ချောအဖြစ် နေ့စဉ်အလှည့်ကျတာဝန်ယူပေးရခြင်း ပေါ်တာလိုက်ပေးရခြင်း….စသည် စသည်တို့သည် တိုင်းရင်းသားများ ယနေ့တိုင်ရင်ဆိုင်နေရသော နေ့စဉ်ပုံမှန်လုပ်ငန်းပင် ဖြစ်နေရသေးသည်။

အရာရှိကို ဓါးခုတ်ထွက်ပြေးသူ မြန်မာအစိုးရတပ်သား အလင်းဝင်

(Myitkyina Blog)


ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မိုးမောက်မြို့နယ်၊ စိန်လုံကဘာဒေသ တိန်ရောင်တောင် (Ting Rawng Bum) တွင်အခြေပြုထားသော အမှတ်(၃၇၀) အမြောက်တပ်ရင်းမှ တပ်သား အေးချမ်း သည် KIA တပ်ဖွဲ့သို့ အလင်းဝင်ရောက်လာခဲ့သည်။ တပ်သား အေးချမ်း ၏အရာရှိ ဗိုလ်ကြီးဟိန်းမင်းဟန် ၏ ရက်စက်ညှင်းပမ်းမှု၊ အနိုင်ထက်ကျင့်မှုကို မခံရပ်နိုင် တော့သဖြင့် အထက်အရာရှိ ဗိုလ်ကြီးကို ဓါးဖြင့်ခုတ်ပြီး တပ်စခန်းမှထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
မြန်မာအစိုးရရှေ့တန်းစခန်းတိုင်းတွင် အရာရှိအဆင့်ဆင့်က လက်အောက်ငယ်သားများကို အနိုင်ကျင့်၊ ဆဲဆို၊ ရိုက်နှက်၊ ကျွန်သဖွယ်ခိုင်းစေခြင်း၊ နှမအမိထိ ဆဲဆိုပြောဆိုခြင်း များကြောင့် အကြပ်၊ တပ်သားများသည် စိတ်ပင်ပန်းကာ ထွက်ပြေးမှုများ၊ အထက်အရာရှိများကို လုပ်ကြံပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

Friday, December 21, 2012

စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား မိုင်းခွဲခံရ

(ရွှေဟင်္သာသတင်းဌာန)

စစ်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ရထားတစင်းသည် မန္တလေး -မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မားဘူတာနှင့် မြို့သစ်ဘူတာ အကြား မိုးညှင်းအလွန် မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင်ယနေ့ နံနက် ၁ နာရီခန့်တွင် KIA က မိုင်းခွဲ ခဲ့ ကြောင်း ကချင်လွတ်လပ်ရေး တပ်မေ တာ် KIA ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။ 

“ စစ်ပစ္စည်းတွေ တင်လာတယ်ဆိုတာကို အတိအကျသိရလို့ ခွဲလိုက် တာပါ။ သူတို့က ကျနော်တို့ကို စစ်ဆင်ဖို့ လိုအပ် နေတဲ့ လက်နက်ကြီး တွေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေ တင်လာတာဖြစ်တယ်။ အရပ်သား ရထားတော့ မဟုတ်ဘူး။ ဒါကြောင့် အရပ်သားတွေ ထိခိုက် မှု မရှိတာဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီရထားမျိုးကို ခွဲပစ်ရမှာဘဲ။” ဟု ဆိုပါသည်။ 

တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်းထား၊ KIO အကြောင်း မပြန်သေး

(ဧရာဝတီသတင်းဌာန)



ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်များ အကြား စစ်ရေး တင်းမာနေစဉ် လာမည့်နှစ် ဇန်န၀ါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းထားပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်မှ အကြာင်းမပြန်နိုင်သေးကြောင်း သိရသည်။

အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အဆိုပြုထားပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များထံ ယခုလ ၁၃ ရက်နေ့က စာပေးပို့ထား ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

မန္တလေး - မြစ်ကြီးနား ကုန်တင်ရထား မိုင်းခွဲခံရ



(Democratic Voice of Burma)

မန္တလေး - မြစ်ကြီးနားသွား ကုန်တင်ရထားဟာ ဒီကနေ့ မနက်ပိုင်း က မိုးညှင်းမြို့နယ်အတွင်းမှာ မိုင်းထိလို့ ရထားမောင်းသမား အပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်။

မနက် အရုဏ်မတက်ခင် ၁ နာရီ ၁၅ မိနစ်လောက်မှာ မိုးညှင်းမြို့နယ် နမ္မား ဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက DVB ကို ပြောပါတယ်။

“နမ္မားကြီး ကျေးရွာနားမှာ မိုင်းကွဲတဲ့ အသံအရင်ကြားတယ်၊ နောက် သေနတ်ပစ်သံ ကြားတယ်။ မိုင်းကွဲပြီးမှ ပစ်ကြတာ ဖြစ်မယ်၊ ညဘက် ဆိုတော့ နှစ်ဖက်ပစ်သလား တစ်ဖက်ကပဲ ပစ်သလား သေချာ မသိလိုက်ဘူး။ ရထား တချို့မှောက်တယ်။ လောလောဆယ် အတည်ပြု မရသေးတဲ့ သတင်းတွေအရ လူ ၃ ယောက် ဒဏ်ရာရလို့ မိုးညှင်း ဆေးရုံ ပို့လိုက်ရတယ် ပြောတယ်။”

တပ်မတော်၏ ခရစ်စမတ်လက်ဆောင်၊ လက်နက်ခဲယမ်းများ၊ စစ်ပွဲများ …

(မိုးမခ)
 တပ်မတော်၏ ခရစ်စမတ်လက်ဆောင်၊ လက်နက်ခဲယမ်းများ၊ စစ်ပွဲများ …
(ကာတွန်းကူမိုးကြိုး )

ဒီဇင်ဘာ (၂၁) ရက်နေ့ မနက်ပိုင်း ပြည်တွင်းစစ်အခြေအနေ

(Myitkyina Blog)


ထိုးစစ်ပြင်မှုကို ဟန့်တားတိုက်ခိုက်
ဒီဇင်ဘာလ(၁၉)ရက်နေ့ ညသန်းခေါင်အချိန်တွင် ရွှေညောင်ပင် တပ် စခန်းမှတဆင့် ဂျာပူ(Ja Pu)သို့ ချီတက်လာသော အင်အား(၃၅၀)ခန့် ပါဝင်သော စစ်ယာဉ်(၃၇)စီး မြေထိုးစက် ဘူဒိုဇာ(၂)စီးပါ စစ်ကြောင်းကို KIA တပ်ဖွဲ့ဝင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရစစ်တပ်ဖွဲ့များ ထိခိုက်မှုများကာ မြေထိုးစက်တစ်စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်း သည် ဂန်ဒေါ်ယန်သို့ ဆက်လက်ချီတက်ကာ KIO ဗဟိုဌာနချုပ် ကို မြောက်ဖက်မှထိုးစစ်ဆင် ရန် စီမံချက်နှင့် ချီတက်လာ သော တပ်ဖွဲ့ဖြစ်သည်။

Thursday, December 20, 2012

အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြရန် အမေရိကန်အစိုးရ တိုက်တွန်း



2012-12-20 (RFA)
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နှစ်ဖက်စလုံး အနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အမြန်ဆုံး တွေ့ဆုံဆွေး နွေးကြဖို့ အမေရိကန် အစိုးရက ဒီကနေ့ ကြေငြာချက် ထုတ်ပြန် တိုက် တွန်းလိုက်ပါတယ်။ 
 အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG


ကြေးနီစီမံကိန်းနှင့် KIA တိုက်ပွဲ ဆက်စပ်မှု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး




ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံ ကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှုများ လွန်ခဲ့သည့် နိုဝင်ဘာလ အတွင်းက ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည် ။

ထိုသို့ ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်းကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကို ထောက်ခံအားပေး နေ၍ ဖြစ်ကြောင်း ပြည်သူလူထုအကြား သတင်းများ ထွက်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ် နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံးမေးမြန်း ထားချက်များအား တင်ပြလိုက်ပါတယ်။

မေး - လက်ပန်တောင်းတောင်ကိစ္စ အပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော် ဘာကြောင့် တိုက်ပွဲတွေ ဖြစ်လာ သလဲဆိုတာ အရင်ပြောပေးပါ။

ဖြေ - လက်ပန်တောင်းတောင်ကိစ္စ အပြီး တိုက်ပွဲတွေပိုများလာတာ ဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေး နွေးပွဲ အပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲ မပြတ်ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား  နေရာအနှံ့ သေနတ်သံမြည် နေအောင် လုပ်ထားတာပေါ့။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်း ချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

(Eleven Media Group)



၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ ကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်


(ရွှေဟင်္သာသတင်းဌာန)

အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။ 

“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ဒီဇင်ဘာ (၂၀) ရက်နေ့ ပြည်တွင်းစစ်သတင်းတိုများ

(Myitkyina Blog)


မြေမြုပ်မိုင်း သိမ်းဆည်းရမိ

ဒီဇင်ဘာလ(၁၄)ရက်က KIA တပ်ရင်း(၃)တပ်ဖွဲ့မှ ပြန်လည်သိမ်းပိုက်ရယူလိုက်သော လောပွန်(Law Pun) စစ်စခန်းတ၀ိုက် ခမရ(၄၁၆)တပ်ဖွဲ့မှ မြုပ်နှံထားသော နှင်းမိုင်း(၂၇)ကို KIA တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်

ဒီဇင်ဘာလ(၁၉)ရက် မနက်(၁၀)နာရီအချိန်တွင် ဒေါ့ဖုန်းယန်မှ စစ်ကြောင်းချီတက်လာသော မြန်မာအစိုးရ တပ်ဖွဲ့ဝင်များနှင့် KIA တပ်ရင်း(၁၉)တို့ ပန်စွန်(Pan Tsun Post)အနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒေါ့ဖုန်းယန် အခြေစိုက် အမှတ်(၃၆၇) အမြောက်တပ်ရင်းမှ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ


2012-12-19 (RFA)
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။ 

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို  ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်

(VOA)


မြန်မာစစ်တပ်နဲ့ ကချင်သူပုန်တွေကြား တိုက်ပွဲသတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှုအတွက် ပြည်တွင်း မှာရော နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွားလာစေပါ တယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ တော်ကနေ ဗွီအိုအေ သတင်းထောက် Deniel Schearf ပေးပို့ထားတဲ့သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာအစိုးရတပ်တွေဟာ ရုရှားလုပ် စက်သေနတ်တင် ရဟတ် ယာဉ်တွေ အသုံးပြုပြီး တရုတ်နယ်စပ်အနီးမှာ အခြေစိုက်တဲ့ ကချင် လက်နက်ကိုင် တပ်တွေ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာနတွေ က ဖော်ပြခဲ့ကြပါတယ်။

Wednesday, December 19, 2012

KIA တပ်ရင်း ၃ နှင့် ဖြစ်သော တိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ

(ကချင်သတင်းဌာန)


ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်အခြေစိုက် သည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၃ နှင့်မြန်မာအစိုးရ တပ်များ တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများ ပြောသည်။

KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း ၃ သတင်း ရပ်ကွက်မှပြောသည်။

BAWM HTE GASAT MYEN (10) JAN SI

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Dap Ba (5) up hkang ginra rai nga ai Gara Yang hte Sam Pai lapran, Du Kaba Nban La a nga nawng makau kaw lu sha wa sa nna bai nhtang yu wa ai myen tai hpyen hpung marai (50) daram hpe, KIA myu tsaw share ninghkring ni kawn dai ni daw hta remove bawm hte (6) lang hkap kapaw bun lai wa sai lam shiga na chye lu ai. N dai zawn myu tsaw share ninghkring ni bawm hte hkap gasat ai hta myen hpyen la ni (10) jan kapaw a yai si ma sai lam hpe mung na chye lu ai. 

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် WLB ဆက်လက် ရပ်တည်မည်

(ဧရာဝတီသတင်းဌာန)


ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma(WLB) သည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်၊ စစ်ပွဲများ ရပ်ဆိုင်းသွားရန် ဖိအားပေးနိုင်သည့် အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည် သွားမည်ဖြစ်ကြောင်း WLB မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

“ငြိမ်းချမ်းရေးရဖို့အတွက် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ ရပ်ဖို့လိုတယ်။ အဲဒီလိုရပ်ဖို့ကို ဖိအားပေးနိုင်တဲ့ အဖွဲ့အဖြစ် ဆက်လက် ရပ်တည်ချင် သေးတယ်။ ဒါကြောင့် ပြည်ပမှာပဲ ဆက်လက်ရပ်တည်နေဦးမယ်”ဟု ဒေါ်တင်တင်ညိုက ပြောဆိုသည်။

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု


2012-12-18 (RFA)
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ ဌာနတစ်ခုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကချင်ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာစဉ်

၂၀၁၂ အတွင်း ထိုးစစ်မဆင်ပါဘူး၊ ရိပ်ခါလာပို့တာပါ၊ ဆိုတဲ့ ဗမာ စစ်တပ်များ နဲ့ ထိတွေ့မှု မှတ်တမ်းအချို့

(Kachin Duwa)



ထိုးစစ်မဆင်ပါဘူး... ရိပ်ခါပို့တဲ့ တပ်တွေကို ကေအိုင်အေက တိုက်နေပါ တယ် လို့ ပြောနေတဲ့ အချိန်အတွင်း တလကို တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ခဲ့တယ်။ လိုင်ဇာ အနီး ၀န်းကျင် (၅)မိုင် အကွာမှာ ရှေ့တန်း စခန်းမရှိတဲ့ နေရာအထိ တပ်မ နဲ့ ရိပ်ခါလာပို့ တယ် ဆိုတာ.... ဘာရိပ်ခါ အမျိုးအစားလည်းဆိုတာ ၀ူးတိန်းရှိန် အသိဆုံးနေမှာပါ။


ဒီအပတ်အတွင်း လိုင်ဇာ မှ (၅) မိုင်အကွာတွင် ကြိုဆိုရေး အဖွဲ့များ လက်ခံရရှိသော ၀ူးတိန်းရှိန် ပို့ခိုင်းတဲ့ ရိပ်ခါများ

ဒီဇင်ဘာ (၁၉) ရက် မနက်ပိုင်း အထိ ပြည်တွင်းစစ် အခြေအနေ

(Myitkyina blog)



စစ်ဆင်ရေး စီမံချက်ဆုံးရှုံးသော ဒီ(၁၄)

ဒီဇင်ဘာလမှစတင်လာသော မြန်မာ့တပ်မတော်၏ ထိုးစစ်သည် အထိ အခိုက် အကျအဆုံးများနှင့် ရင်ဆိုင်နေရ သည်။ ယခင်တပ်မ(၈၈) တပ်မ မှူးဟောင်း ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို ပြောင်းလွှဲယူပြီးသည့်နောက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်မှု ခပ်စိပ်စိပ်ရှိလာကာ တိုက်ပွဲသည် လည်း ပြင်းထန်လာခဲ့ သည်။ ပွင့်လင်းရာသီကာလအတွင်း KIA ၏ အဓိကအချက်အချာဖြစ် သော တပ်စခန်းများ ကို သိမ်းပိုက်နိုင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အစီအမံများကို ညွှန်ကြားလျက်ရှိသည်။

ထိုးစစ်ဆင်တိုက်ခိုက်လာသော မြန်မာ့တပ်မတော်ကို KIA တပ်ဖွဲ့နှင့် ABSDF ကျောင်းသားတပ်မတော်တို့က ရွံ့ရွံ့ချွန်ချွန်ခုခံတိုက်ခိုက်နေ သဖြင့် စစ်ဆင်ရေးစီမံချက်များ အရှုံးနှင့်ရင်ဆိုင်နေရသည်။
မြန်မာ့တပ်မတော်၏ ဒီဇင်ဘာလ(၁၄)ရက် (ဒီ-၁၄)စီမံချက်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် အတွက် အကြီးမားဆုံးထိုးနှက်မှု ဖြစ်ခဲ့ရသည်။ ၎င်းစစ်ဆင်ရေးတွင် စကခ(၃) လက်အောက်ခံ ခမရ(၃၈၁) (၃၈၃) (၃၈၉) ခလရ(၄၀) ပူးပေါင်းအင်အား(၃၆၀) နှင့် ဒီဇင်ဘာလ(၁၄)ရက် မနက်(၃)နာရီ အချိန်မှ ထိုးစစ်စတင်ကာ တိုက်ပွဲသည် မနက်(၆)နာရီအချိန်မှစတင်ကာ ညနေ(၅)နာရီခွဲအထိ ကြာမြှင့်ခဲ့သည်။ ဒီ(၁၄) လဂျားယန်တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ကြည်းတပ်အပြင် မြန်မာ့လေတပ်ကပါ ၀င်ရောက် တိုက်ခိုက်ပစ်ခတ် ပါဝင်ခဲ့သည်။

စဉ်းစဉ်းစားစား ပြောကြပါ

(Jinghpawkasa)

Tuesday, December 18, 2012

အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)
အစိုးရသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီး ဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။
 
“စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ မြစ်ကြီးနားကနေ ဒေါ့ဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ (၄) ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေ” ဟု ဆိုပါသည်။ 

ပန်းဝါမှ အစိုးရအမှတ် (၅၆) တပ်စခန်းကို KIA သိမ်းပိုက်

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (kIA) မှ ကချင်ပြည်နယ်အရှေ့ ဖက် ပန်းဝါမြို့နယ်ရှိ အစိုးရ အမှတ် (၅၆) စခန်းကို ယနေ့နေ့လည်ပိုင်း၌ သိမ်းပိုက်ရရှိခဲ့သည်ဟု KIA အရာရှိတဦးက ပြောပါသည်။ 

“ ဒီစခန်းကို ပြီးခဲ့တဲ့ (၁၆) ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့က တိုက် ခိုက်နေခဲ့တာပါ။ မနေ့ကတော့ တရက်နားပြီး ပြန် လည်ပြင်ဆင်တယ်။ ပြီးမှ ဒီနေ့နေ့လည်မှာ ၀င်သိမ်းတာပါ၊ ဒီစခန်းဟာ တရုပ်ပြည်ရဲ့ နယ်ခြား မှတ်တိုင် (၆) နားမှာဘဲဗျ။” ဟုဆိုပါသည်။
ဤစခန်းကို KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၃၃) တပ်ဖွဲ့က တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသည်။ အသေအ ပျောက်စရင်းနှင့် သိမ်းပိုက်ရရှိသောပစ္စည်းစရင်းများကိုမူ KIAမှ အသေးစိပ်ကို ထုတ်ဖေါ် ပြော ကြားခြင်းမရှိသေးပေ။ 

KIA ကာမိုင်း ရဲ စခန်း ၀င်စီးမှု ၄ ဦး သေဆုံး

(ဧရာဝတီသတင်းဌာန)



ကချင်ပြည်နယ် ကာမိုင်းမြို့နယ် ရဲစခန်းကို ယနေ့ နံနက် စောစောပိုင်း တွင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ရင်း ၆ မှ တပ်စိတ် တခုက ၀င်ရောက်စီးနင်းခဲ့ရာ လူ ၄ ဦးသေဆုံးကြောင်း KIA ရှေ့တန်းစခန်းမှ အရာရှိတဦးက ပြောသည်။

ဝင်ရောက်စီးနင်းမူကြောင့် ရဲ စခန်းတွင်ရှိနေသူ ၃ ဦးသေဆုံးခဲ့ပြီး KIA ဘက်မှလည်း တဦးသေဆုံး ခဲ့သည်ဟု ဆိုသည်။

ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းကိုစွန့်ခွာသွားပြီး KIA က လက်နက်မျိုးစုံ ၂၀ ကျော်ကို သိမ်းယူရရှိခဲ့ကြောင်း၊ ရဲ စခန်းတွင်းရှိ အချုပ်ခန်းကိုလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အမေရိကန် သံအမတ်ကြီး ကွင်းဆင်းလေ့လာ

(ဧရာဝတီသတင်းဌာန)



ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်သည် စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဒုက္ခသည်များ ကူညီရေးအတွက် ယနေ့တွင် သွားရောက် လေ့လာလျက်ရှိကြောင်း သတင်းရရှိသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ကချင်လူမှု အခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ကချင်ဒေသတွင်း စစ်ပွဲများ အဆုံးသတ်ရေးနှင့် စစ်ပြေး ဒုက္ခသည်များ ကူညီကယ် ဆယ်ပေးရေး ကိစ္စများကို ဆွေးနွေးရန် သွားနေချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ယနေ့နံနက်တွင် ကာမိုင်းရဲစခန်းကိုလည်း KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ကာမိုင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ထို့အပြင် KIA က မိုးကောင်း ချောင်းကူး ဘေလီတံတားကို မိုင်းခွဲဖျက် ဆီးလိုက်ကြောင်း သိရသည်။

ဘွမ်တောင် စခန်းတွင် ဗမာစစ်သား (၁၀) ဦးကျော်သေဆုံး

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေ အိုင် အေ တပ်ရင်း (၃) ဒေသ ကန်ပိုင်တီ သွားလမ်း၊ အရင် ကေအိုင်အေ တပ်စခန်းဖြစ်ပြီး ဗမာစစ်အစိုးရ စစ်တပ်မှ သိမ်းပိုက်ယူထားသော ဘွမ် တောင်စခန်းတွင် ဒီဇင်ဘာ (၁၈) ရက်နေ့ မနက် (၆း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖါးကန့်ဒေသရှိ ကာမိုင်းရဲစခန်းအား KIA သိမ်းပိုက်



(ရွှေဟင်္သာသတင်းဌာန)
 ကချင်ပြည်နယ် ဖါးကန့်ဒေသ တပ်မဟာ (၂) လက်အောက်ခံ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) မှ တပ်ဖွဲ့တချို့သည် ယနေ့မနက် (၄) နာရီခန့်တွင် ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်း တစ်ခု ဖြစ်သော ကာမိုင်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ သည်ဟု ပြောခွင့်ရသူ KIA အရာရှိ တဦးက ဆိုပါသည်။ 

“ ဒီလိုပါ ကျနော်တို့ တပ်ရင်း (၆) ရဲ့ တပ်ခွဲရုံးကို ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ၀င်သိမ်းသွားတဲ့တပ်ပေါ့ အဲဒီတပ်က မိုး ကောင်းရဲစခန်းမှာ ၀င်နားနေတဲ့အချိန်မှာ ကျနော်တို့က ၀င်တိုက်လိုက်တာဖြစ်တယ်။ သူတို့ထွက်ပြေးရတယ်လေ။ မကြေနပ်တာကတော့ အဲဒီတပ်က သူတို့တက်လာတုန်းကပေါ့ ရွာသားတွေကိုလည်း နှိပ်စက်တယ်၊ အိမ်အချို့ကို လည်း ဖျက်ဆီးတယ် ပြီးတော့ ကျနော်တို့စခန်းကိုလည်း ၀င်ဖျက်သွားတယ် အဲတာကို မကြေနပ်လို့ပါ” ဟု ဆိုပါသည်။ 

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ



2012-12-17 (RFA)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။ 
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell