Saturday, December 8, 2012

အစိုးရတပ်မှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ မြန်မာအစိုးရတပ်သည် ဒီဇင်ဘာ ၆ ကြာသာပတေးနေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) နယ်မြေသို့ လက်နက်ကြီး များဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

နံနက် ၈ နာရီမှ ည ၉ နာရီချိန်ထိ အစိုးရတပ် ခြေလျင်တပ် ခလရ (၁၄၂) မှ KIA တပ်ရင်း (၂၄) တပ်ချထားရာ နယ်မြေတွင်းသို့ နာရီခြား၍ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ကချင်နှင့် ရှမ်းပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဥပဒေကွန်ယက်ဖွဲ

(မဇ္စျိမ) 


တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ဥပဒေဆိုင်ရာ ကူညီပေးနိုင်ရန်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ရှေ့နေများက ကချင် တရားရေးဆိုင်ရာ အထောက်အကူပြု ကွန်ယက်အဖွဲ့ (KLANG) ကို စနေနေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကချင်ဘာသာဖြင့် Jinghpaw Wungpawng Tara Masa Karum Kahtau Mahkri Shawn Hpung ဟု ခေါ်သည့် ၎င်း KLANG ကို ဖွဲ့စည်းလိုက်သည့် ဆုတောင်း ဝတ်ပြုသည့် အခမ်းအနားကို မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် တွင် ပြုလုပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများကြောင့် လူ့အခွင့်အရေးများ နည်းမျိုးစုံဖြင့် ချိုးဖောက်ခံနေရ၍
ပြည်သူလူထုအကြား တရားဥပဒေအရ ကူညီဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

တန်ဖဲ ရွာသား စိတ်မမှန်သူ တဦးအား တပ်မ ၃၃ တပ်ဖွဲ့များ ရိုက်နှက်ခဲ့

(မဇ္စျိမ) 


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီ မြစ်ဆုံအနီး တန်ဖဲကျေးရွာသား ဦးလရှီလနူး အား အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များက စစ်ဆေးမေးမြန်း၍ ရိုက်နက်ခံခဲ့ရကြောင်း တန်ဖရဲကျေးရွာသား တဦးက ပြောသည်။

သောကြာနေ့ ည ၈ နာရီချိန်တွင် အသက် ၃၀ ကျော်အရွယ် ဦးလရှီလနူးသည် ကွယ်လွန်သူ တန်ဖဲကျေးရွာသား ဦးရှိန်ရိုင် ဇော်တောင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲမှ၍ အပြန် မြစ်ဆုံလမ်းခွဲတွင် အစိုးရတပ်ဖွဲ့များက ထိုးကြိတ်၍ သေနတ်ဖြင့် ဦးခေါင်းနှင့် မျက်နှာများတွင် ရိုက်နက်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

KIA နယ်မြေမှ ကချင် စစ်ပြေး ဒုက္ခသည် များကို UN အကူအညီ ပေးလို

(ရွှေဟင်္သာသတင်းဌာန)


အစိုးရ စစ်ဆင် ရေးကြောင့် နေရပ်မှ ထွက်ပြေး နေရသော ကချင် ဒုက္ခသည် များကို ကမ္ဘာ့ ကုလသမဂ္ဂ (UN) မှ အကူ အညီ ပေးလိုကြောင်း အစိုးရအား တင်ပြ ထားသည်ဟု ယမာန် နေ့က ထရိတ်ဒါး ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ကုလ သမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ပြောကြား ခဲ့ပါသည်။

“အကူ အညီတွေ အလွန်အမင်း လိုအပ် နေတဲ့ နေရာ တွေမျိုးကို သွားရောက် ကူညီ နိုင်ဖို့ အတွက် ခွင့်ပြုချက် ရဖို့ အစိုးရကို တောင်းထား ပါတယ်။ UN ဟာ လုံခြုံရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင် တွေမှာလည်း လုပ်ငန်း ဆောင်ရွက် တတ်တဲ့ အတွေ့ အကြုံ အများကြီး ရှိပါတယ်။ ဒီထက် လုံခြုံရေး ကင်းမဲ့တဲ့ နိုင်ငံ တွေမှာတောင် လုပ်ငန်း ဆောင်ရွက် ခဲ့ဖူး ပါတယ်” ဟု ဗယ်လာရီ အေးမို့စ်က သတင်းထောက် များကို ပြောကြား ခဲ့သည်။

HANG KAI BUM KAW LAJA LANA GASAT NGA

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Dap Ba (5) n pu Dung (19) ni a ginra rai nga ai Hang Kai Bum kaw KIA myu tsaw share ninghkring ni hte myen hpyen asuya hpyen hpung ni dai na maga hkying (4:00PM) ten ram kaw nna laja lana gap gasat nga ai lam shiga na chye lu ai. Myen hpyen ni gaw lak nak kaba ni hte KIA ginra de gap sharu bun nga ai lam shiga na chye lu ai.

ဦးလရှီးလနူးကို ဗမာစစ်သားများ မတရားဖမ်းဆီးရိုက်နက်

(Jinghpawkasa)

ဗမာစစ်တပ်မှ ပစ်သတ်ခဲ့သော အပြစ်မဲ့
ကချင်တိုင်းရင်းသားတစ်ဦး

ကချင်ပြည်နယ် မြစ်ကြီးနား မြောက်ဘက်ပိုင်း တန်ဖရဲကျေးရွာမှ ကချင်တိုင်းရင်းသား ဦးလရှီးလနူး ကို ဗမာအစိုးရ စစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်သားများက ဒီဇင်ဘာ (၇) ရက်နေ့ည (၈း၀၀) နာရီအချိန်ခန့်တွင် မတရား ရိုက်နက် နှိပ်စက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။ ဦးလရှီးလနူးသည် အောင်မြင်သာကျေးရွာ တန်ဖရဲကျေးရွာသို့ လွန်ခဲ့သောနှစ်က ဗမာစစ်သားများ ပစ်သတ်ခဲ့သော ဦးလတောင်၏ တစ်နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်းပွဲမှ အပြန် ဆွမ်ပရာဘွမ် လမ်းဆုံတွင် ဗမာစစ်သားများမှ ဖမ်းဆီး ရိုက်နက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗမာအစိုးရ စစ်သားများမှ ဦးလရှီးလနူး၏ အဖိုးတန် ကချင်ရိုးရာ ဆွဲကြိုးကိုလည်း လုယူသွားကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဦးလရှီးလနူးသည် ဗမာ စစ်သားများ၏ မတရားရိုက်နက်ထားမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း၊ ဦးခေါင်းနှင့် တစ်ကိုယ်လုံးကို ရိုက်နက်ထားပေးပြီး၊ မျက်နှာကိုလည်း ဓါးမြောင်နှင့် ထိုးထားပေးကြောင်း ဒေသခံများမှ တဆင့် သိရှိရပါသည်။

နယ်ခြားမှတ်တိုင် (၆) အနီး တရုတ်စစ်အင်အား (၃၀၀) ကျော်ချထား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ် ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြား မှတ်တိုင် (၆) သို့ တရုတ်အစိုးရမှ တရုတ်စစ်တပ် အင်အား (၃၀၀) ကျော် ကို လာရောက်တပ်ချထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ တရုတ် အစိုးရမှ ယခုကဲ့သို့ နယ်ခြား မှတ်တိုင်သို့ စစ်အင်အား အများအပြား လာရောက်ချထားရခြင်းမှာ ဗမာစစ်အစိုးရမှ ဒီဇင်ဘာလ (၅-၆) ရက် နေ့တို့တွင် စစ်ရဟတ်ယာဉ်ဖြင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များကို လာ ရောက် ပစ်ခတ်ရာ၊ ဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံ အတွင်းသို့ မီတာ (၈၀၀) ကျော်ဝင်ရောက်လာခြင်းနှင့် ဗမာစစ်အစိုးရ စစ်ရဟတ်ယာဉ်မှ ပစ်လွတ်လိုက်သော ဝေဟင်မှ မြေပြင်ပစ် ဒုံးလက် နက်များ တရုတ်နိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းတို့ ကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။ တရုတ်စစ်တပ်မှ နယ်ခြား မှတ်တိုင်အနီးတပ်စွဲထားသော တရုတ်စစ်တပ်မှ လေယာဉ်ပစ် လက် နက်ကြီးများကိုလည်း တပ်ဆင်ထားပြီး နောက်တစ်ကြိမ် ဗမာအစိုးရ စစ်ရဟတ်ယာဉ်များ နယ်ကျော်လာပါက ပစ်ချသွားမည် ဖြစ်ကြောင်း နေပြည်တော် ကိုလည်း သတိပေးထားပြီး ဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။

Friday, December 7, 2012

အစိုးရတပ်များ ဖိုင်ကောင်းရွာသားများကို ဖမ်းဆီးနှိပ်စက်၍ ခရစ်ယာန်ဘုရားအား ရှုံ့ချပြောဆို

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲ ဖြစ်ပွားနေသော ပန်ဆိုင်း (Pangsai) မြို့နယ်တွင် မြန်မာအစိုးရတပ်များသည် ဒေသခံများအားနှိပ်စက်ညှင်းပန်း၍ ၄င်းတို့ ကိုးကွယ်သော ခရစ်ယာန်ဘုရားအား ရှုံ့ချပြောဆိုခဲ့ကြောင်း ဒေသခံများ ပြောသည်။

ဘုရားကျောင်းဝင်းအတွင်း စုဖမ်းထားသော ဒေသခံများကို တစ်ဦးချင်းစီ စစ်ဆေးမေးမြန်း နှိပ်စက်မှုများပြုလုပ်ပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့သော ယောက်ျား ၂၀ ယောက်ကိုမူ အစာရေစာ အငတ်ထားပြီး နှိပ်စက်ထားခဲ့ကြောင်းသိရသည်။

ကချင်စစ်ပြေး ဒုက္ခသည်များကို UN ကူညီရန် အစိုးရခွင့်မပြု

(ဧရာဝတီ)


ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

“UN ဟာ လုံခြုံရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဒီထက်လုံခြုံရေး ကင်းမဲ့တဲ့ နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့ဖူးပါတယ်။ အကူအညီတွေ အလွန်အမင်း လိုအပ်နေတဲ့ နေရာတွေကို သွားရောက်ကူညီနိုင်ဖို့ အစိုးရကို ခွင့်ပြုချက်တောင်းထားပါတယ်” ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် သတင်းထောက်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ်စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် နိုင်ငံတော် အစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း ၎င်းက ဆိုသည်။

မြစ်ကြီးနားမှာ လှိုင်းထသွားတဲ့ ပန်ချာ ဂယက်


(Myutsawmyit) December 7, 2012 (Friday)

ယခု ရက်ပိုင်း KIA ကို လေယာဉ်ပျံနဲ့ တိုက်တဲ့သတင်းတွေ၊ ပန်ဝါ ဘက်မှာ ဘိန်းဘုရင် ဇခုန်တိန်းယိန်းရဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ဗမာတပ်တွေ ပေါင်းပြီး KIA နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ သတင်းတွေ ပလူပျံနေ ပေမယ့် မြစ်ကြီးနားမှာတော့ ရိုမီ ရဲ့ သတင်းက ရေပန်းအစားဆုံး (hot news) ဖြစ်နေပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့က ရိုမီ စက်ပစ္စည်း အရောင်းဆိုင်မှာ လူငယ်က စာအိတ်လေး လာပေးပါတယ်။ အဲဒီ အချိန်မှာ ရိုမီဆိုတဲ့ ပန်ချာက မရှိပါဘူး။ သူ့အစ်ကိုက စာအိတ်ကို လက်ခံလိုက်ပြီး ဖောက်ဖတ်ပါတယ်။ စာရွက်ပေါ်မှာ KIO တံဆိပ်မြင်တာနဲ့ အဲဒီစာရွက်ကို ဆုတ်ဖြဲလိုက်ပြီး သူခိုး၊ သူခိုးလို့အော်ပြီး ၀ိုင်းဖမ်းလိုက်တာပါ။ ဆိုင်က အလုပ်သမားတွေ၊ ဆိုက်ကားသမားတွေက ၀ိုင်းဖမ်းပြီး ရဲလက်ထဲ အပ်လိုက်ခြင်းဖြစ်ပါသည်။

Thursday, December 6, 2012

KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ



KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုစိပ်လာသဖြင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း KIA နှင့် ကျောင်းသားတပ် စစ်ဘက်သတင်း ရပ်ကွက်များက ဆိုသည်။

အစိုးရတပ်များက လိုင်ဇာမြို့ အပြင်စည်း လုံခြုံရေးယူထားသော ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်စခန်းများ အနီးတစ်ဝိုက်၌ ယခုရက်ပိုင်းအတွင်း လှုပ်ရှားမှု ပိုများလာသည့်အတွက် ၎င်းတို့တပ်များ အသင့် ပြင်ဆင်ထားကြောင်း ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အပြောနဲ့အလုပ် လက်တွေ့ညီစေချင်သည်

(စည်းလုံးခြင်းရဲ့အင်အား)


KIO နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုတွင် ဦးအောင်မင်းကိုတွေ့ရစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဖြစ်တဲ့ ဦးအောင်မင်းဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံတိုင်း အာဘောင်အာရင်းသန်သန်နဲ့ တကယ်ဘဲ ငြိမ်းချမ်းရေးလက်တစ်ကမ်း ရတော့မလို ပြောနေပါတယ်။ KIO နှင့် တွေ့ဆုံပွဲမတိုင်ခင် သုည ရောက်ဖို့ အနှုတ်လေး ရှိနေပြီး “သုည” အဆင့် ရောက်ဖို့ ရှိတယ်လို့ပြောပါတယ်။ တကယ်တမ်း လက်တွေ့ ဆွေးနွေးပွဲကြတော့ အနှုတ်လေးကနေ အနှုတ်ခြောက် အထိ ထိုးကျသွားတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ KIA က ဆွေးနွေးတဲ့နေရာကို ပြည်တွင်း မြစ်ကြီးနားနဲ့ ဗန်းမော်မှာ သဘောမတူတဲ့ လေသံပြန်ထွက်လာပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း စစ်ရေးနဲ့ လုံးပမ်းနေသယောင် ပြောဆိုပြီး တွေ့ဆုံပွဲမတက်ခဲ့လို့ ဦးအောင်မင်း Roll ကျခဲ့ရပါတယ်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု KIO က ပြော

(မဇ္စျိမ)


အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေစဉ် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“အခု ဘယ်တော့ ပြန်တွေ့ကြမယ်ဆိုတဲ့အပိုင်းမှာ ဦးအောင်မင်း သူ အစည်းအဝေးမှာ ပြောတဲ့အပိုင်းဘဲ ရှိတယ်။ အခု ပြန်တွေ့ဖို့က တကယ်လို့များ ဦးအောင်မင်းဘက်က ပြန်ပြီးတွေ့ရအောင်ဆိုရင်တော့ တွေ့ဖို့ အဆင်သင့်ပါ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ၇က်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် KIO နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ရန် တင်သွင်းပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်လအတွင်း ပြန်လည်တွေ့ဆုံရန် ပြောဆိုခဲ့
သည်ဟုလည်း ဦးလနန်က မဇ္စျိမကို ပြောသည်။

KIA အား စစ်ရဟတ်ယာဉ် သုံး၍ တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)



ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် အမှတ်(၆) အနီး တ၀ိုက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေ စိုက်သည့် စခန်းများကို အစိုးရတပ်က စစ်ရဟတ်ယာဉ် အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။
“မနေ့က ရဟတ်ယာဉ် (၇) စင်းနဲ့ တက်လာတယ်။ ကျန်တဲ့ (၅) စင်းက စစ်ပစ္စည်း လက်နက်နဲ့ ရိက္ခာတွေ တပ်အင်အားတွေ ပို့ကြတယ်။ 
အဆင်းကျတော့ လူနာတွေကို ပြန်ပြီးတော့ သယ်သွားကြပါတယ်။ ကျန်တဲ့ စစ်ရဟပ်ယာဉ် (၂) စင်းကတော့ KIA တပ်စခန်းတွေကို လိုက်ပတ်ရှာ ပြီးတော့ အပေါ်ကနေ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့တာ တွေ လုပ်တယ်။ (၂) ပတ် တိတိပတ်ပြီး ပစ်တာပေါ့ဗျာ။” ဟု ဆိုသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ ယင်းဒေသအတွင်း ပြင်း ထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယမန်နေ့က အပြင်းထန်ဆုံး ဖြစ်သည် ဟုလည်း ဆိုသည်။ ညနေ (၃) နာရီခွဲ အချိန်က ၀င်ရောက် ပစ်ခတ်ခဲ့ရာ ဒုံးကျည် တချို့ တရုတ်ပြည် နယ်စပ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

Wednesday, December 5, 2012

ဗမာအစိုးရစစ်တပ်မှ မီးရှို့ဖျက်ဆီးလိုက်သော ဖိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်း

(Jinghpawkasa)

မြစ်ကြီးနားမြို့မှ ဘိန်းကုန်သည် ပန်ချာဘီ ရူမီ

(Jinghpawkasa)

ကချင်ပြည်နယ် မြစ်ကြီးနား မြို့မတွင် ရွှေတူးဖော်ရေး ပစ္စည်များကို ဆိုင်ခန်းဖွင့်လှစ်ကာ စီးပွားရှာ ရောင်းချနေသော ပန်ချာဘီ ရူမီ ဆိုသူသည် ဆိုင်ခန်းကို ဗန်းပြကာ နောက်ကွယ်တွင် ဘိန်းဖြူ ဖြန့်ဖြူး ရောင်းချကာ ကြီးပွားချမ်းသာနေသူ တစ်ဦးဖြစ်ကြောင်း သတင်းကြားသိရပါသည်။ ကေအိုအိုအစိုးရမှ ပန်ချာဘီ ရူမီ ၏လုပ်ရပ်ကို သိရှိသောကြောင့် မူယစ်ဆေးဝါး တားဆီးပိတ်ပင်ရေး ဆောင်ရွက်ချက်အရ ဒီဇင်ဘာ (၄) ရက်နေ့တွင် ကေအိုင်အေ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) လက်အောက် တပ်ရင်း (၁၁) မှ လူလွတ်ကာ သတိပေးစာသွားပေးခိုင်းခဲ့ကြောင်း၊ ကေအိုင်အို အစိုးရမှ သတိပေးစာပေးရန် လွှတ်လိုက်သော လူငယ်ကို သူခိုးဟု စွပ်စွဲကာ လူအများနှင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒဘတ်တိုက်ပွဲတွင် ဗမာစစ်သား (၂၄) ဦးကျ

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ဌာနချုပ် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဒဘတ်ကျေးရွာသစ် သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ အင်အား (၃၄) ယောက်ပါ စစ်ကြောင်းကို ဒီဇင်ဘာ (၄) ရက်နေ့ မနက်ပိုင်း (၁၀း၀၀) နာရီ မှ (၁၁း၀၀) နာရီအတွင်း ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗုံး၊ မိုင်းများဖြင့် တားဆီးတိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဆီးကြိုတိုက်ခိုက်ရာ ဗမာစစ်သား (၂၄) ဦးသေဆုံးကြောင်း၊ ကျန် (၁၀) မှာ ရှက်ရမ်းရမ်းကာ ဒေသခံ ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။