Wednesday, November 21, 2012

ကေအိုင်အေ တပ်ရင်း (၃) ဒေသတွင် ဗမာစစ်သား (၃) ဦးကျ

(Jinghpawkasa)


နိုဝင်ဘာ (၂၀) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် တပ် ရင်း (၃) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဆနာ လီဆူးကျေးရွာနှင့် ဒိန်ဂီကျေးရွာကြားသို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် များ ကို နိုဝင်ဘာ (၁၉) ရက် မနက် (၁၀း၅၀) နာရီအချိန်ခန့်တွင် မိုင်းများဖြင့် တိုက်ခိုက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ဤသို့ ကေအိုင်အေ မျိုးချစ် ရဲဘော်များ၏ တားဆီးတိုက်ခိုက်မှုကြောင့် ဗမာအစိုးရ စစ်တပ်ဘက်မှ သုံးပွင့် ဗိုလ်ကြီး တစ်ဦး အပါအ၀င် (၃) ဦးသေဆုံးပြီး၊ (၆) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ဆက်လက်သတင်း ရရှိပါသည်။

(1) Burmese captain and (2) soldiers were died and (6) were injured in Sana Lisu village and Ding Gi village, which is under KIA (5th) Brigade area, on 19th November according to the KIA front-line officer report. At 10:50 on that day, KIA soldiers from (3rd) battalion used remote controlled mine to prevent the Burmese offensive soldiers to the KIA’s area.

ဒေါင်းအမျိုးများနှင့် လိမ်လည်မှု

(Jinghpawkasa)


နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် ဖားကန့် အခြေစိုက် ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့ သည်ဟု ဖားကန့်ဒေသခံများကဆိုလာပါသည်။ ၎င်းလက်နက်ကြီးများ ပစ်ခတ်ချိန်သည် ဗျူဟာကုန်းအနီးရှိ အ.ထ.က (ဖားကန့်) ကျောင်းတက် နေချိန်ဖြစ်သဖြင့် ကျောင်းသူ၊ သားများနှင့် ဆရာ၊ ဆရာမများ ကျောင်း သား မိဘများသည် ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြပါသည်။

ကြိုးဆွဲလေတံခွန် (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ

(Jinghpawkasa)



ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖ်ာဆောင်မှုကော်မတီတဲ့ ။ အဓိကရည်မှန်းချက်တွေက ဘာတွေပါလဲ.. တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့စည်းလုံးညီညွတ်မှု ခိုင်မာတည်ငြိမ်အေးချမ်းပြီး သာယာ ၀ပြောသည့် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဆိုလားဘဲ.. တိုင်းရင်းသားအချို့က ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီတဲ့၊ အချို့သောသူတွေက သီးခြား လွတ်လပ်တဲ့ စနစ်သစ်၊ နိုင်ငံသစ်ဆိုတဲ့ မျှော်မှန်းချက်တွေ ထိရောက် နေပြီနော်…

ယခုတက်လာတဲ့ လွတ်တော်အစိုးရက ဖွဲ့ပေးလိုက်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဆိုတာ ပြည်ထောင်စု အဆင့်ဆိုတဲ့ သတ် မှတ်ချက်နှင့် သေချာပေါက်ကိုက်ညီမှုရှိတဲ့ အဖွဲ့အစည်းလား စဉ်းစားပြီး လုပ်ကြပါနော် (ပြည်ထောင်စုအဆင့် ဆိုတာပေါ့သေးသေးမဟုတ်ဘူး အထွဋ်အထိပ်မှာရှိပြီး လုပ်ပိုင်ဆုံးဖြတ် ပိုင်ခွင့် အတော်အတန် အသင့် တော့ ရှိကြမယ်လို့ ထင်ပါတယ်)။

အရပ်သားပြည်သူများကို ဗမာစစ်တပ် ပစ်ခတ်

(Jinghpawkasa)


နိုဝင်ဘာ (၂၀) အင်္ဂါ

ကချင်ပြည်နယ် မိုးကောင်း၊ ကားမိုင်းမြို့ ဘက်မှ ဖါးကန့်ဘက်သို့ ချီတက်လာသော ခလရ (၁၃) စစ်ကြောင်းတစ်ကြာင်းသည် ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ (၁၈) ရက်နေ့က နန့်ယား (Nam Ya) ကျေးရွာ အတွင်းရောက်ရှိစဉ် လမ်းဘေး ၀ဲ၊ ယာ သို့ သေနတ်များပစ်ခတ် ၀င် ရောက်ခြဲ့ခင်းကြောင့် အပစ်မဲ့ ရွာသား (၄) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
၎င်းတို့မှာ-
             (၁) ဦးဇိန်ဟန်ဘောက်နော်   အသက် (၅၂) နှစ်
             (၂) ဒေါ်အေး                     အသက် (၄၆) နှစ်
             (၃) ဒေါ်ဖေါ်ယမ်ကော့          အသက် (၇၀) နှစ်
              (၄) မောင်ကျော်မင်းထွေး    အသက် (၁၃) နှစ်
(သတ္တမတန်းကျောင်းသား) တို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့နောက် ၎င်းနန့်ယားကျေးရွာသား ဦးနော်တောင်အိမ်ဝင်းအတွင်းမှ ၀က် (၃၀) ပိဿာခန့်ဝက်တစ်ကောင်ကိုလည်း သတ်ဖြတ် ယူဆောင်သွားခဲ့ပါတယ်။ ဒီဇင်ဘာလ အတောအတွင်း KIA တပ်ရင်း (၆) တည်ရှိသောနေရာ ကံဆီး ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ညွန် ကြားထားပြီဖြစ်၍လူအင်အား၊ ရိက္ခာ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ကိုေ န့စဉ်နှင့်အမျှ ပို့ဆောင်နေကြောင်းလည်းသိရှိရပါတယ်။

ကေအိုင်အေ တပ်ရင်း (၃) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


နိုဝင်ဘာ (၁၇) စနေ


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ဌာနချုပ်ဖြစ်သော တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်ရင်း (၃) ဒေသ နန်ဇော် နှင့် လမျန့်ကျေးရွားကြားသို့ ရောက်ရှိလာသော ဗမာအစိုးရ တပ်မ (၈၈) လက်အောက်ခံ အင်းအား (၂၂) ခန့် ပါဝင်သော စစ်ကြောင်းနှင့်  ကေ အိုင်အေတပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များ နိုင်ဝင်ဘာလ (၁၇) ရက်နေ့ မနက် (၈း၀၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရဘက်မှ (၂) ပွင့် ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော် တစ်ဦး ပြင်းထန်စွား ဒဏ်ရာရရှိသွားကြောင်း ဆက်လက်သိရှိရပါသည်။

At 08:00 AM on 17th November, there was a battle between KIA (3rd) battalion’s patriotic soldiers and about 22 Burmese (88) division in Nang Zaw and Lamyang villages, which is under KIA (3rd) battalion and KIA (5th) Brigade area, according to the KIA front-line officer report. (1) Burmese captain and (1) Burmese soldier were injured seriously in that battle.
 

ခဆန့် နှင့် ဂေါ်ရီကျေးရွာကြား ဗမာစစ်သား (၂) ဦးကျ

(Jinghpawkasa)


နိုဝင်ဘာ (၁၇) စနေ


ကချင်ပြည်နယ် ကေအိုင်အေအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ကားမိုင်းလမ်း ခဆန့်ကျေးရွာ နှင့် ဂေါ်ရီကျေးရွာကြားတွင် နိုင်ဝင်ဘာ (၁၆) ရက် နေ့လည်း (၁း၃၀) နာရီခန့်တွင် ကေအိုင်အေတပ်ရင်း (၆) မှမျိုးချစ်ရဲဘော်များမှ ထိုးစစ် ဆင်လာသော ဗမာအစိုးရ စစ်ကြောင်းများကို ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ တိုက်ခိုက်ရာ ဗမာအစိုးရ စစ်သား (၂) ဦး သေဆုံးပြီး၊ (၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ကားမိုင်းမြို့တွင် ဗမာအစိုးရ စစ်ကား (၃၇) စီးရောက်ရှိနေပြီး၊ ဖားကန့်ဘက်သို့ ထိုးစစ် ဆင်ရန်ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ လက်နက်ကြီးများတင်ဆောင် ထားသော စစ်ကား (၅) ခန့်လည်း ပါဝင်ကြောင်း ဆက်လက်သိရှိရပါ သည်။

(2) Burmese soldiers were killed and (1) was injured in Hka San Yang and Gauri villages, it is between Mogawng and Kamaing road, which in under KIA (2nd) Brigade area, western Kachin State, on 16th November according to the KIA front-line officer. At 01:30 on that day, KIA (6th) battalion soldiers waited and opened fire the huge Burmese invader troops in Hka San yang and Gauri villages. And there were 37 Burmese war Lorries arrived in Kamaing and they aimed to operate in Hpa Kant area, moreover (5) Lorries carried heavy artillery weapons.