Friday, November 16, 2012

ကျားထိန်းသိမ်းရေး ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် သမ္မတ အိုဘားမားထံ ကချင်တောင်သူများ တောင်းဆို



(မဇ္စျိမ) ။         ။ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်း သိမ်းစောင့်ရှောက်ရေး နယ်မြေ ထောက်ပံ့ငွေကို ရပ်ဆိုင်းပေးရန်နှင့် ယင်းစီမံကိန်းအား ပြန်လည် သုံးသပ်ပေးရန် အမေရိကန် သမ္မတ အိုဘာ မားအား ကချင်တောင်သူများက အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက် သည်။

သမ္မတ အိုဘားမားထံ ပေးပို့မည့် အိတ်ဖွင့်ပေးစာတွင် သစ်တောဧရိယာ များ၊ သဘာဝတောရိုင်း တိရိစ္ဆာန်တို့၏ နေထိုင်ရာ အရပ်များနှင့် ကျား ထိန်းသိမ်းရေးနယ်မြေ(ကျားဘေးမဲ့ကျိုးဝိုင်း)ရှိ အသေးစား ရိုးရာ စိုက် ခင်းများကို အကြီးစား စိုက်ပျိုးရေးစီမံကိန်းအတွက် ရှင်းလင်းဖျက်ဆီး ခြင်းခံနေရကြောင်းနှင့် ဒေသခံလူထုများသည် ကုမ္ပဏီ၏ အနိုင်ကျင့်ခြင်း ခံနေရသည်ဟု နိုဝင်ဘာလ ၁၆ရက်တွင် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ KDNG က ထုတ်ပြန်လိုက်သည်။

Obama’s Burma visit: Strategic reasons overtake human rights concerns

(Kachinland)

President Obama at Fort Bliss in El Paso, Texas, Aug. 31, 2012. (Official White House Photo by Pete Souza)

34 Kachin communities and organizations around the world urge President Obama to stand for American values and principles

(Kachinland)
The Kachin Alliance, representatives of the Kachin community in the US, send a letter to President Obama on November 15, 2012. The letter was endorsed by 20 Kachin communities in United States and 14 other Kachin organizations and communities around the world.

အကျဉ်းသားများဖြင့် မိုင်းရှင်းခိုင်း နေခြင်း

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဖြစ်ပွားသော တိုက်ပွဲ အတွင်း အစိုးရ တပ်ဖွဲ့မှ အကျဉ်းသားများကို အသုံးပြုကာ ရှေ့ပြေး မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြု ခဲ့သည်ဟု ဖါးကန့် ဒေသမှ KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောပါသည်။ 

“ ကျနော်တို့က လုံခင်းရွာကို ရောက်နေတဲ့ ဖါးကန့် တပ်ကိုရော မြစ်ကြီးနား ကနေ တက်လာမဲ့ စစ်ကား အစီး (၂၀) ကိုပါ တိုက်ခိုက်ဖို့ မိုင်းထောင်လိုက်တာပါ။ ဒီကားလမ်း တလျှောက်မှာ ကျနော်တို့ မိုင်းထောင်ထားလိမ့်မယ်လို့စစ်တပ်က တွက်ဆပြီး သားပါ။ ဒီတော့ သံသယဖြစ်နိုင်တဲ့ နေရာတွေကို အကျဉ်းသား ကားတွေကို အရင် လွှတ်တဲ့ သဘောပါ။ ကျနော်တို့ ကလည်းဖါးကန့် အထွက်နဲ့ မိုးကောင်း အထွက်မှာ မိုင်းထောင်ထားလိုက်တယ်။ အဲဒီလိုနဲ့ဖါးကန့်ကနေ လုံခြုံရေး အပြည့်နဲ့ စစ်ကား (၅) စီး ဆင်းလာတော့ ကျနော်တို့က မိုင်းခွဲပြီး တိုက်ခိုက် လိုက်တာပါ။ အကျဉ်းသား မှန်းလည်း မသိပါဘူး၊ အစိုးရဖက်က သတင်း ထွက်လာမှ အကျဉ်းသား ကားတန်းလို့ ပြောမှ သိရတာပါ” ဟု ဆိုပါသည်။ 

ဤတိုက်ခိုက်မှု၌ အကျဉ်းသား (၂) ဦးသေပြီး (၁၄) ဦး ဒါဏ်ရာရကြောင်း မြန်မာ့ အလင်း သတင်းစာက ဆိုပါသည်။ သေကြေ ဒဏ်ရာရသော အကျဉ်းသား များသည် လက်နက်ကြီးများနှင့်အတူ စစ်ကားဖြင့် တင်ဆောင် လာခဲ့ခြင်း ဖြစ်သည်ဟု KIA က ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် အကျဉ်းသားများကို ပေါ်တာအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။ 

KIO ဌာနချုပ်အနီး အစိုးရတပ် အင်အားတိုးချဲ့

(ဧရာဝတီသတင်းဌာန)


အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဆင်မပြေဖြစ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ လိုင်ဇာ ဗဟိုဌာနချုပ်အနီး အစိုးရတပ်များ တပ်အင်အားနှင့် စစ်လက်နက်ခဲယမ်းများ တိုးချဲ့လာကြောင်း သတင်းရရှိသည်။

လိုင်ဇာဌာနချုပ်နှင့် ၇ မိုင်ခန့်အကွာရှိ အစိုးရတပ်စခန်းများတွင် အဝေးပစ် ၈၀ မမ၊ ၁၂၀ မမ အမြှောက်လက်နက်များအပါအဝင် တပ်အင်အား၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းမှုရှိနေကြောင်း KIA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒိမိုကရက်တစ် တပ်ဦး ABSDF ကပြောသည်။

ကချင် မဟာမိတ်အဖွဲ့ သမ္မတ အိုဘားမားထံ အိတ်ဖွင့်စာပို့



နိုင်ငံတကာမှ ကချင် အဖွဲ့ ၃၄ ဖွဲ့ စုစည်းထားသည့် ကချင် မဟာမိတ်အဖွဲ့ (Kachin Alliance) က မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် အမေရိကန်သမ္မတ အိုဘားမားထံ အိတ်ဖွင့်စာတစောင်ကို ယမန်နေ့ နေ့စွဲဖြင့် ပေးပို့လိုက်သည်။ ယင်းပေးစာတွင် သမ္မတ အိုဘားမား ခရီးစဉ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဝါးနေဆဲဖြစ်သည့် မြန်မာအစိုးရကို တရားဝင် အသိအမှတ်ပြုရာ ရောက်ကြောင်း၊ အစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းကြောင့် အရပ်သားများအပေါ် အစိုးရတပ်များ၏ အကြမ်းဖက်မှုနှင့် ရွာပုန်းရွာရှောင် ဒုက္ခသည်များအရေး ကုလသမဂ္ဂ အခန်းကဏ္ဍကို လျော့ကျစေနိုင်ကြောင်း၊ ဤရလဒ်များကြောင့် တိုင်းရင်းသား လူနည်းစုများအရေး မှေးမှိန်နိုင်ပြီး နိုင်ငံ မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။

GAURI HTE HKA SAN LAPRAN KAW GASAT

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Sinna Ginwang, Dap Ba (2) Up Hkang Ginra rai nga ai Mohgaung - Kamaing lam Hka San Mare hte Gauri Mare lapran kaw dai ni November (16) ya shani hkying (1:30PM) ten ram hta KIA myu tsaw share ninghkring ni kawn myen asuya hpyen hpung ni hpe bawm hte hkap gasat lai wa sai lam shiga na chye lu ai. N dai zawn bawm hte hkap gasat ai hta myen maga na (2) si nna, (1) hkala hkrum wa sai lam na chye lu ai. N dai myen hpyen asuya hpyen hpung ni gaw ya ten Gauri lahta Man Den mare kaw hkring nga ai lam matut na chye lu ai. Kamaing Mare kaw mung myen hpyen asuya ni a hpyen mawdaw (37) nna, mawdaw kaba (5) daram kaw gaw grai li ai rai ni htaw da ai lam, buga masha ni gaw myen hpyen ni laknak kaba ni htaw lung wa ai rai na re nga nna tak sawn nga ma ai lam na chye lu ai.

Myen hpyen asuya ni Hpakant Ginra de ya na zawn kalang mi bai hpyen n gun kaba hte htu gasat wa ai lam gaw Hpakant de Lungseng htu ai Lauban ni kawn n dai November (20) ya shani kawn Lungseng bai lu htu sha hkra Shanglawt ni hpe lawan gasat kau na matu myen hpyen asuya ni hpe shadut ai majaw re lam buga masha ni kawn na chye lu ai.

KIA အရပ်သားတပ်ဖွဲ့မှ အစိုးရခြေမြန်တပ်ကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂၀ ကျော်ကျ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား ဒေါ့ဖုန်းယန်မြို့နယ်အတွင်းလှုပ်ရှားလာသော အစိုးရတပ်ခြေမြန်တပ်ရင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲဖြစ်ပွားရာ KIA မှ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အစိုးရဖက်မှ ၂၀ ဦး ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Thursday, November 15, 2012

ဖားကန့်လမ်းတိုက်ပွဲ ဗမာစစ်သား အကျများ

 (Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း ဂေါ်ရီ၊ နန့်ဟိုင် ကျေးရွာများတွင် နိုင်ဝင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲများတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၁၈) ဦးကျဆုံးကြောင်း သတင်းရရှိပါသည်။ နိုဝင်ဘာ (၁၄) ရက်နေ့၌ပင် ဒိန်ကီးကျေးရွာ၌ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲမှ ဒဏ်ရာရ ဗမာစစ်သား (၁၈) ဦးကို ကားမိုင်းဆေးရုံသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ တစ်ဦးမှာ ဆေးရုံရောက်ရောက်ခြင်း သေဆုံးသွားကြောင်း ဆက်လက်သတင်းရရှိပါသည်။

ဂေါ်ရီကျေးရွာတွင် ဗမာစစ်သား (၈) ဦးသေဆုံး

(Jinghpawkasa)

ကချင်ပြည်နယ် အေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ကားမိုင်းလမ်း ဂေါ်ရီကျေးရွာတွင် နိုဝင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွားသော ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ၏ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၈) ဦးသေဆုံး ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ စစ်အင်အားအပြည့် တင်ဆောင်လာသော ဗမာအစိုးရ စစ်ကားတစ်စီးကိုလည်း ဖောက်ခွဲဖျက်ဆီး နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဂေါ်ရီ ကျေးရွာ၌ပင် ညနေပိုင်း (၄း၃၀) နာရီအချိန်၌ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖားကန့်လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်းတွင် ကေအိုင်အေ တပ်ရင်း (၆) မှမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်တို့ကြား နိုဝင်ဘာ (၁၄) ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွား ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မိုးကောင်း - ဖားကန့်လမ်း နန့်ဟိုင်၊ လဂတ်ယန်၊ ဂတ်မတက်နှင့် ဒိန်ကီး ကျေးရွားများ၌ ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံတပ်ရင်းများဖြစ်သော (၈၉)၊ (၃၈၁)၊ (၂၆၀) တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ မိုးကောင်း (၈) မိုင်လမ်းခွဲတွင် ဗမာအစိုးရ စစ်ကား (၃၅) စီးရောက်ရှိနေပြီး၊ ဖားကန့်ဘက်သို့ ထွက်ခွါရန်ဖြစ်ကြောင်း၊ ဖားကန့်ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ်များကို ကေအိုင်အေမျိုးချစ်ရဲဘော်များ ဆီးကြိုတိုက်ခိုက်မှုကြောင့် ဗမာအစိုးရစစ်တပ်ဘက်မှ အကျအဆုံး များကြောင်းကိုလည်း သိရှိရပါသည်။

KAMAING LAM DE MYEN LAW HKRAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Up Hkang Ginra rai nga ai Mohgaung - Hpakant lam ntsa na Gauri, Nam Sheng mare ni hta KIA Dung (6) na Myu Tsaw Share Ninghkring ni hte myen hpyen asuya hpyen hpung ni November (14) ya shani gasat ai hta myen hpyen dap maga na si hkrum lai wa ai marai (18) re lam shawng lam shiga lawk kawn na chye lu ai. November (14) ya shani sha Ding Kri mare dingsa hta gasat ai kaw na myen hpyen la hkala hkrum ai marai (18) hpe Kamaing tsi rung de wa sa da lai wa sai lam hte langai mi gaw tsi rung kaw du ai hte si mat nna mare masha ni hpe lup makoi kau shangun lai wa sai lam shiga na chye lu ai.

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းအုပ်စု ငါးမိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ် အချုပ်သား (၂) ဦးသေ

(Eleven Media Group)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းအုပ်စု ငါးမိုင်ကျေးရွာ အနီးတွင် နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၀း၀၀) နာရီခန့်က ဖားကန့်မြို့မှ နိုင်ငံတော်အစိုးရ ဘဏ္ဍာငွေနှင့် အချုပ်သား (၁၈၆) ဦး တင်ဆောင်လာသော ယာဉ်တန်းမှာ ကေအိုင်အေလက်နက်ကိုင်များ၏ ပစ်ခတ်ခြင်းခံရပြီး အချုပ်သား (၂) ဦးသေဆုံးကာ အချုပ်သား (၁၄) ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ 

မြန်မာစစ်တပ် ယာဉ်တန်းကို ကေအိုအေ မိုင်းခွဲတိုက်ခိုက်



2012-11-14 (RFA)
ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာ ရှစ်မိုင်ရွာဘက်ကနေ စစ်ကြောင်းချီတက်လာတဲ့ အစိုးရစစ်ယာဉ်တန်းတွေထဲက ကား ၅ စီးကို ဒီကနေ့မနက်ပိုင်း ၁၁ နာရီလောက်က မိုးကောင်း-ကာမိုင်းကြား နန့်ဟိုင် နဲ့ လကတ်ယန် ကျေးရွာတွေအနီးမှာ ကေအိုင်အေဘက်က မိုင်းခွဲ တိုက် ခိုက် ခဲ့တယ်လို့သိရပါတယ်။
အစိုးရစစ်တပ်ကား ၅ စီးကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ အတွက် ကား ၅ စီးပေါ်မှာပါလာတဲ့ အစိုးရတပ်ဖက်က ထောက်ပံ့ရေးရိ က္ခာနဲ့ စစ်လက် နက်ပစ္စည်းတွေ ပျက်စီးဆုံးရှုံခဲ့ပြီး အစိုးရစစ်သားတွေ လည်း သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကာမိုင်းနဲ့ ဖားကန့်ကြား မှာရှိတဲ့ နန့်ယားကျေးရွာနား တဝိုက် မှာလည်း အစိုးရတပ်တွေကို ကေအိုင်အေ တပ်တွေက မိုင်းခွဲတိုက်ခိုက် မှုတွေရှိနေတယ်လို့လည်း အဲ့ဒီနား ပတ်ဝန်းကျင်က ရွာသားတွေက ဆိုပါတယ်။

ဒီအတောအတွင်းမှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ ဖော်ဆောင်မှုမရှိဘဲ အနည်းငယ်တည်ငြိမ်နေတဲ့ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း အခုလိုတိုက်ပွဲသံ ပြန်ကြား နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

GAURI MARE KAW MYEN (8) HKRAT

(Jinghpawkasa)



Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Up Hkang Ginra rai nga ai, Mohgawng - Kamaing lam lapran Gauri Mare kaw dai hpawt daw KIA Dung (6) na Myu Tsaw Share Ninghkring ni hte myen tai hpyen ni gap gasat ai hta myen hpyen maga na marai (8) si hkrum lai wa sai lam shiga na chye lu ai. KIA Myu Tsaw Share Ninghkring ni kawn myen hpyen asuya a hpyen mawdaw (1) mi hpe mung lu kapaw kau ya lu ai lam na chye lu ai. N dai Gauri Mare kaw sha dai na magang hkying (4:30PM) ten ram hta kalang mi bai gasat hpang wa sai lam shiga matut na chye lu ai.

Wednesday, November 14, 2012

ဖားကန့် ဒေသ၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)



ကချင် ပြည်နယ် ဖားကန့်မြို့နယ်၌ တိုက်ပွဲများ ငြိမ်သက်နေရာ ယမန် နေ့ည (၁၂) နာရီခန့်တွင် မော်ဝမ်းဗျူဟာ ကုန်းပေါ်၌ရှိ သည့် မြန်မာ အစိုးရ တပ်ဖွဲ့တို့သည် လမောင်ကုန်း ကျေရွာ ဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ် ခဲ့ကြောင်း မြို့ခံ တစ်ဦးက ပြောပါသည်။

“မနေ့ည ကတော့ အစိုးရ တပ်ဖွဲ့ ဘက်က လက်နက်ကြီး (၈)လုံး ပစ်တယ် ။ ထိခိုက် ဒဏ်ရာ ရတာတော့ မကြားရသေးဘူး ခင်ဗျ။ အစိုးရ တပ်ဖွဲ့တွေ ကလည်း ဒီတလောမှာ အင်းအား တိုးချဲ့လာတာ ရှိတဲ့ အတွက် KIA တပ်ဖွဲ့ ဘက်ကလည်း တပ်ဖြန့် လိုက်တာတွေတော့ လုပ်လာတာ ရှိတယ်။” ဟု ဆိုပါသည်။

နိုင်ငံရေး ဆွေးနွေးပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပဖို့ UNFC ၏ အဆိုကို ဦးအောင်မင်း လက်မခံ

(ရွှေဟင်္သာသတင်းဌာန)



စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် နိုင်ငံရေး အရ ဆွေးနွေး သည့် အခါ ကြားနိုင်ငံ အဖြစ် ဂျပန်နိုင်ငံက လက်ခံ ကျင်းပပေးရန် အဆိုပြုချက်အပေါ် ဦးအောင်မင်း တို့က လက်မခံဟု UNFC အတွင်း ရေးမှူး နိုင်ဟံသာက ဆိုပါသည်။

“ အဲဒီအစီစဉ်က မသေချာတော့ဘူး။ မသေချာဘူး ဆိုတာက ဦးအောင် မင်းတို့ ဘက်က လက်မခံလို့ပါ။ ဒီတွေ့ဆုံဆွေးနွေး ရေးဟာ အရင်ဦး ဆုံး ကိုယ့်နိုင်ငံအတွင်းမှာဘဲ လုပ်ကြဖို့ ပြောပါတယ်။ အဓိပ္ပါယ်က တွေ့ဆုံဆွေးနွေးရေးကို တခြားနိုင်ငံမှာ သွားမပြောချင်တဲ့ သဘောပါ”ဟု ဆိုပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်းဗျူဟာကုန်းနှင့် လမောင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

(Eleven Media Group)


Wednesday, 14 November 2012

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်းဗျူဟာကုန်းနှင့် လမောင်းကုန်း ကျေးရွာတွင်  နိုဝင်ဘာလ(၁၄)ရက်၊ (၁၂နာရီ၊၂၂မိနစ်) အချိန်ခန့်တွင် ကေအိုင်အေ(KIA)နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

''နှစ်ဖက်ပစ်ခတ်ကြတာပါ။တပ်မတော်က ဗျူဟာကုန်းကနေ လမောင် ကုန်းကို လက်နက်ကြီးတွေနဲ့ပစ်တာ။ လူကတော့တစ်ဦးမှ မထိပါဘူး'' ဟု ဖားကန့်မြို့မှဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ မိုးကောင်း-ဖားကန့် လမ်းပိုင်းမှာလည်း ကေအိုင်အေဘက်မှ စစ်ဆေးမှုများပြားလျက်ရှိပြီး ကချင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိသော အမျိုးသား များမှာ နိုဝင်ဘာလ (၁၁)ရက်နေ့မှစ၍ တက်ခွင့်မပြုဟု စုံစမ်းသိရှိရ သည်။

လူ ၁၀ ဦး သေဆုံးသော ဦးတန်ဂွန်းနေအိမ် ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ဆုတောင်း

(ကချင်သတင်းဌာန)


ဦးတန်ဂွန်းနေအိမ်

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ သီတာရပ်ကွက်နေ ဦးတန်ဂွန်း (Salang Tang Gun) နေအိမ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့သည့်အဖြစ်အပျက်သည် ယနေ့ တနှစ်ပြည့်ခဲ့ပြီး မိသားစုဝင်များက သတိရအောက်မေ့ ဆုတောင်း ခဲ့သည်။

ဤကဲ့သို့ အမှတ်မထင်ဗုံးပေါက်ကွဲမှုကြောင့် ဦးတန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး၊ မိဘမဲ့ကလေး လေးယောက်နှင့် စစ်ပြေး ဒုက္ခသည် သုံး ယောက်တို့ သေဆုံးခဲ့ရပြီး ထိုနေအိမ်တွင်ရှိသော မိဘမဲ့ကလေးများနှင့် လူ (၃၁)ဦး ဘဝ ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

ကချင်ဒုက္ခသည်စခန်း အဆုပ်နှင့် AIDS ဝေဒနာရှင်များအတွက် ဆေးဝါးလိုအပ်နေ

(ကချင်သတင်းဌာန)



HPUNGLUM YANG ဒုက္ခသည်စခန်း၊ လိုင်ဇာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် အဆုပ်တီဗီရောဂါနှင့် HIV/AIDS ဝေဒနာခံစားသူ ဒုက္ခသည် အယောက် (၃၀) ကျော်ရှိရာ ပုံမှန်ဆေးများစားသုံးရန်ပြတ်လပ်မှုကြောင့် အခက်အခဲရင်ဆိုင်နေရ ကြောင်းသိရသည်။

ဗမာအစိုးရစစ်တပ် လူနေရပ်ကွက်သို့ လက်နက်ကြီးပစ်ခတ်

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ဆွမ်ပရာဘွမ် - ပူတာအိုလမ်း ဆွမ်ပီယန် ကျေးရွာသို့ အင်စင်ခတံတားစောင့် ဗမာအစိုးရစစ်တပ် ခလရ (၄၆) နှင့် ခလရ (၁၃၈) မှ (၆၆မမ) လက်နက်ကြီးများဖြင့် နိုဝင်ဘာလ (၁၂) ရက် နေ့ မနက် (၂း၀၀) နာရီ အချိန်ခန့်တွင် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ ဤသို့ ဗမာအစိုးရစစ်တပ်များ၏ လက်နက်ကြီးများ ပစ်ခတ်မှု ကြောင့် ရွာသားများ၏ နေအိမ်များပျက်စီးသွားကြောင်း ဆက်လက် သတင်း ရရှိပါသည်။

HPAKANT LAM DE LAJA LANA GASAT NGA

(Jinghpawkasa)




Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Up Hkang Ginra rai nga ai Mohgaung - Hpakant lam ntsa November (14) ya shani jahpawt hkying (10) ten kawn KIA Dap Dung (6) na myu tsaw share ninghkring ni hte myen asuya hpyen hpung ni shara shagu gap gasat nga sai lam shiga na chye lu ai. Nam Sheng, Lagat Yang, Ga Matep hte Dai Kyi mare ni hta Myen hpyen asuya a tatma (88) n pu na hpyen dap ni rai nga ai tatyin (89), (381), (260) ni hte gap gasat nga ai re lam na chye lu ai. Mohgaung (8) Miles lam num braw kaw mung myen asuya hpyen mawdaw (35) tup du taw nna, Hpakant lam de lai lung wa ai myen hpyen hpung ni hpe KIA myu tsaw share ninghkring ni bawm hte hkap gap gasat ai majaw myen hpyen ni ram ram si hkala wa sai lam shiga na chye lu ai. Majan gaw ya shiga ka taw ai ten du hkra matut manoi naw gasat nga ai lam matut na chye lu ai.