Saturday, November 10, 2012

ထူးချွန်ထက်မြက်သော အာဇာနည်

(Jinghpawkasa)




ဤပုံကို ကြည့်ကြစို့။ စစ်ပွဲ၌ထူးချွန်ပြီး၊ အားကျအတုယူဖွယ် အဖိုးတန် မျိုးချစ် KIA ရဲဘော် သတ္တိခဲလေး ဇင်ထုံးနော်အောင် ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၁ ခု၊ နိုဝင်ဘာလ ၃ ရက်က ရှမ်းပြည် မုန်ဂူနယ်၊ မန်ဂျပ် ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲတခု၌၊ ရဲဘော်ဇင်ထုံးနော်အောင် သည် သူတဦးတည်း၊ ထိုးစစ်ဆင်လာသော အစိုးရ စစ်တပ်မှ ရန်သူများ ကို ခုခံတိုက်ခိုက်ခဲ့သည်။ ရန်သူမြောက်များစွာ သူ၏ ကျည်ဆံနှင့် သေပွဲ ဝင်ခဲ့ကြရသည်။ ရန်သူတို့သည် တအုပ်ပြီးတအုပ် ရှေ့ကိုတိုး၍တိုး၍ ချီတက်ကြသကဲ့သို့၊ ဇင်ထုံးနော်အောင်သည်လည်း ခံစစ်၌ တဦးတည်း အင်တိုက်အားတိုက် ခုခံတိုက်ခိုက်လျက်ရှိနေစဉ်၊ သူ၏ကျည်ဆံများ ကုန်သွားခဲ့သည်။

Myitkyina residents say more reinforcements arrive for Kachin war

(Kachinland)

Additional Burmese government troops have been deployed in Kachin areas contrary to President Thein Sein and his ministers’ claim that Burmese army is fighting a defensive war in Kachin and northern Shan state.  About 1000 Burmese soldiers were transported from lower Burma to Myitkyina after the two sides met in border city Ruili on Oct 30, said a Myitkyina resident. During the talk, U Aung Min, head of Burmese government delegation, promised to begin a political dialogue in near future.

Friday, November 9, 2012

ကေအိုင်အေ တပ်ရင်း (၁၅) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃)  ဒေသ  ကေအိုင်အေတပ်ရင်း (၁၅) နယ်မြေဖြစ်သော ဗန်းမော် - လိုင်ဇာ လမ်း ကျခန့်ဒပ်အနီးတွင် နိုဝင်ဘာ (၈) ရက် မနက်ပိုင်း (၁၀း၀၀) နာရီ အချိန်ခန့်တွင် ရှေ့တန်းသို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရစစ်တပ် ခမရ (၄၃၇) နှင့် ကေအိုင်အေ တပ်ရင်း (၁၅) မှ မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၂) ဦးသေဆုံးပြီး၊ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆက် လက်သိရှိရပါသည်။

Thursday, November 8, 2012

စစ်ဆင်ရေး အရှိန်မြှင့် နေသ၍ ပြည်တွင်း၌ တွေ့ဆုံ နိုင်လိမ့်မည် မထင်ကြောင်း KIO ဘက်ကဆို

(ရွှေဟင်္သာသတင်းဌာန)



တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသ၍ ပြည်တွင်း နေရာထဲ၌ တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ၏ တောင်းဆို ချက်ကို လက်ခံရန်  KIO ၌ အခက်အခဲ ဖြစ်နိုင်ကြောင်း နိုင်ငံခြား ဆက်ဆံရေး ဌာန ဒုတာဝန်ခံ ဂျိမ်းလွန်းတောင်က ဆိုပါသည်။

“ တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ် ဆိုတော့ ဦးအောင်မင်း တောင်းဆို ထားတဲ့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေး ကြရေး ကိစ္စကိုတော့ ကျနော် တို့ ဘက်မှ ဆုံးဖြတ်ရ နည်းနည်း ခက်နေတာပေါ့။ တဖက်နဲ့ တဖက် ယုံကြည်မှု ရှိသွားရင် နေပြည်တော် အထိ သွားရလဲ စဉ်စားနေဖို့ မလို ဘူးလေ။ အခုဟာက တဖက်က စစ်ပြင်ပြီး တိုက်နေမှတော့ ယုံယုံကြည် ကြည်နဲ့ ပြည်တွင်းမှာ တွေ့မယ်ဆိုတာ ကိုက မဖြစ်နိုင်တာပါ” ဟု ဆိုပါ သည်။

ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေး ကြရန်အတွက် ပြီးခဲ့သည့် အောက်တို ဘာလ (၃၀) ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံ ရွှေလီ အစည်း အဝေး တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ကူးစက်ယားနာ ဝေဒနာ ခံစားနေရ

(ဧရာဝတီသတင်းဌာန)



ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မဂါးယန် စစ်ပြေး ဒုက္ခသည် စခန်းတွင် ရေကြောင့်ဟု ယူဆရသော အရေပြား ရောဂါ တမျိုး ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ထို မဂါးယန် ဒေသသို့ ၂၀၁၁ ခုနစ် ဇူလိုင်လ ၁၇ ရက် နေ့တွင် စစ်ပြေး ဒုက္ခသည်များ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ပတ်ဝန်းကျင်တွင် ထိုအရေပြားနာများ စတင်ခံစားလာရခြင်း ဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည် တဦးက ပြောသည်။

ကေအိုင်အေတပ်ရင်း (၅) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၅) ဒေသဖြစ်သော ၀၀မ်ကျေးရွာ အနီးတွင် နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်း (၂း၀၀) နာရီ အချိန်ခန့် တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ် ခလရ (၁၄၁) တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှာ (၇) ဦးသေဆုံးကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သော အပါတ်တွင်လည်း ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ် နယ်မြေဖြစ်သော ဖားကန့်ဒေသ တွင် ဗမာစစ်အစိုးရ စစ်တပ် အခြင်းခြင်း (၁၂၀မမ) လက်နက်ကြီးများဖြင့် မှားယွင်းပစ်ခဲ့မှု ဖြစ်ပွားခဲ့ ကြောင်း၊ ဤသို့အခြင်းခြင်းမှားယွင်းကြောင့် ဗမာစစ်သား အများ အပြား  သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ သေဆုံး ဒဏ်ရာရရှိ သော ဗမာအစိုးရ စစ်သားများကို မြစ်ကြီးနား ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ၄၊၅ ခါ သယ်ယူခဲ့ရကြောင်း သတင်းရရှိပါသည်။ ဤသို့ ဗမာအစိုးရ စစ်တပ် အချင်းချင်းမကြာခဏမှားယွင်း ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ ဗမာ အစိုးရမှ ကချင်ပြည်နယ်အတွင်းသို့ စစ်အင်းအား အများအပြား ပို့ဆောင် ထားခြင်းကြောင့်ဖြစ်ပြီး၊ တပ်ရင်းတစ်ရင်းနှင့် တစ်ရင်းမှတ်မိခြင်း မရှိသော ကြောင့် မှားယွင်းပစ်ခတ်မှု မကြာခဏဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

Wednesday, November 7, 2012

အောင်ဂျာယန် အစိုးရတပ်အား KIO အရပ်သားတပ်မှ ပစ်ခတ် ၁ ဦးသေ

(ကချင်သတင်းဌာန)



ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ဆယ်မိုင်အတွင်း မြန်မာအစိုးရ အောင်ဂျာယန် (Awng Ja Yang) တပ်စခန်းကို နိုဝင်ဘာ ၆ ရက် အင်္ဂါနေ့က MHH ခေါ် KIO အရပ်သားတပ်ဖွဲ့မှ တိုက်ခိုက်ရာ အစိုးရစစ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်မှ လိုင်ဇာ သွားလမ်းတွင်တပ်ချထားသော အစိုးရ တပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) တပ်ရင်း (၁၈) အောက် MHH ပြည်သူ့စစ်များ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ် တိုက်ခိုက် လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး နိုင်ငံရေးသမားများလည်း လိုလား

(ဧရာဝတီသတင်းဌာန)



စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသော ကချင်ပြည် နယ်ကို ငြိမ်းချမ်းရေးရရှိလိုကြောင်း ယင်းဒေသတွင်းရှိ နိုင်ငံ ရေးသမား များက ပြောဆိုကြသည်။

အစိုးရတပ်များက ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)အပေါ် ခုခံရုံမှအပ ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်ခြင်း မရှိကြောင်း ပြော သည်။
သို့သော် ဒေသခံများအနေဖြင့် စစ်မြေပြင်ကို ကိုယ်တိုင်ကြုံတွေ့ ခံစားနေရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ က ပြောပြသည်။

“စစ်တပ်ဘက်က ထိုးစစ်တွေက တကယ်ရှိနေတာ၊ ဒုက္ခသည်တွေ ဘယ်လောက် ဒုက္ခရောက်နေကြတယ် ဆိုတာ၊ ဒေသခံတွေ အသိ ဆုံးပဲ၊ အခု ငြိမ်းချမ်းရေးကိစ္စမှာလည်း အစိုးရဘက်က တကယ်ရိုးသားတယ်၊ မှန်ကန်တယ် စေတနာထားတယ်ဆိုရင်တော့ ဖြစ် လာနိုင်စရာ ရှိပါတယ်၊ ငြိမ်းချမ်းရေးအတွက် အချိန်ဆွဲနေစရာမလိုဘူး၊ စောင့်နေစရာမလိုဘူး၊ အဓိက ကတော့ သမ္မတ အနေနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာ ထားဖို့၊ ရိုးသားဖို့ လိုအပ်တယ်၊ အဲဒါဆိုရင် ဒီပြဿနာက ၅ မိနစ်အတွင်း တောင် ပြေလည် သွားနိုင်ပါတယ်”ဟု ဒေါ်ဘောက်ဂျာ က ဧရာဝတီသို့ ပြောသည်။

ဗမာစစ်တပ် လူနေရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) နယ်မြေဖြစ်သော  မြစ်ကြီးနား - ဗန်းမော်လမ်း ဂန်ဒေါင်ယန် အခြေစိုက် ဗမာအစိုးရ စစ်တပ် ခမရ (၃၁၈) မှ နိုင်ဝင်ဘာ (၆) ရက်မနက် (၆း၀၀) နာရီအချိန်ခန့်တွင် အင်ပေါန်ရွာနှင့် ဂန်ဒေါင်ဒူ ရွားများအတွင်သို့ (၁၂၀မမ) လက်နက်ကြီး ဖြင့် (၄) ကြိမ် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ဗမာအစိုးရသည် ဂန်ဒေါင်ယန်အရှေစိုက် ဗမာစစ်တပ်ကို စစ်တပ်အပြောင်းအရွှေ့လုပ်ရန် မြစ်ကြီးနားဘက်မှ လက်နက်၊ ရိက္ခာ၊ စစ်အင်အား အလုံးအရင်းဖြင့် ချီတက်လာနေကြောင်း သတင်းရရှိပါ သည်။

Tuesday, November 6, 2012

Killing Fields: Kachinland

By Pangmu Shayi

 The ongoing destruction by goldmining around Chibwe dam

Even as the latest round of talks were being held between the Burmese government and the Kachin Independent Organization/Army (KIO/KIA), Burmese army shelling of KIA positions and villages continued unabated, killing and maiming innocent civilians, including young children. The truth of the matter is that while the regime publicly goes through the motions of a peace process, the army is relentless pursuing its intention of decimating the KIO/KIA and the Kachin people. The brutality of front line Burmese troops and the atrocities they committed are well documented, no matter how blatantly President Thein Sein and his cohorts may deny it.

An Appeal to the Ethnic Leaders

(Kachinland)
by Kanbawza Win

Burma is the first country outside the Communist bloc to recognise the People’s Republic of China in its creation on 1st Oct, 1949 and since then the Burmese Generals have very much admired Chairman Mao, especially his theory that power comes out of the barrel of a gun and they have practiced this theory for more than half a century starting from March 2nd 1962 After more than fifty years of gross human rights violation, ethnic cleansing, forced labour, forced relocation, child soldiers implemented by brutal dictatorship and taking the country from the rice bowl to the rice hole of Asia these narco Generals, heads of the rapist Tatmadaw came to realise that they are about to lose their independence. 

အစိုးရတပ်များ KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်များနှင့် အင်အား တိုးချ

(ကချင်သတင်းဌာန)


မြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) နယ်မြေသို့ စစ်အင်အားများ တိုးချဲ့နေကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည ၁၀ နာရီချိန်တွင် စစ်အင်အား ၈၀ ကျော်အား ခလရ ၁၀၅ တပ် အခြေစိုက်သည့် ဂန်ဒေါင်ယန် (Gangdau Yang) စခန်းသို့ အင်အားဖြည့်ခဲ့သည်ဟု ဒေသခံများဆိုသည်။

ယခုလအတွင်း ကချင်နှင့် နိုင်ငံရေးဆွေးနွေးမှု ထပ်လုပ်မည်

(ဧရာဝတီသတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်း ဟိုတယ်တွင် အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် ယခုလ မကုန်ခင် ထပ်မံတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ဒုန်ဝေါ့ တိုက်ပွဲတွင် အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်းရှိ  ဒုန်ဝေါ့ (Dung Waw) တွင်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှစ်ဖက်ဘက်မှ ကျရှုံးမှုများရှိခဲ့သည်။

ယမန်နေ့ နိုဝင်ဘာ ၅ ရက် တွင် အစိုးရတပ်ဖွဲ့နှင့် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ ၅ တို့ ပန်ဆိုင်း တိုက်နယ် ဒုန်ဝေါ့ (Dung Waw) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားချိန် အစိုးရတပ်ဖက်မှ ၈ ဦးကျဆုံးခဲ့ရာတွင် ဗိုလ်ကြီးအဆင့် တစ်ဦးလည်းပါကြောင်း ပန်ဆိုင်းမှ KIA ဗိုလ် ဇော်ဆိုင်းကပြောသည်။

ကချင်လူငယ်များ ငြိမ်းချမ်းရေး အမြင်သဘောထား ဆွေးနွေးပွဲ ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် နိုဝင်ဘာ ၃ ရက် စနေနေ့က ပထမဆုံးအကြိမ် ကချင်လူငယ်များ ဦးဆောင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးအမြင်သဘောထားနှင့် ပြည်သူလူထုအမြင်ဆွေးနွေးပွဲတစ်ခုကို (Peace Of Life) ခေါင်းစဉ်ဖြင့် ဆွေးနွေး ဖလှယ်ခဲ့ကြောင်းသိရသည်။

“ဒီနေ့ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်နေတယ်ဆိုတာတွေ။ တစ်ယောက်နဲ့တစ်ယောက် ရဲ့အမြင်တွေ အမြင်သဘောထားတွေ ဆွေးနွေးဖလှယ်သွားတယ်။ ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးနေတယ်။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကိုပါ ဆွေးနွေးသွားမယ်။” ဟု ဆွေးနွေးပွဲ ဦးဆောင်သူ နော်လီ KNG ကချင်သတင်းဌာန သို့ပြောသည်။

မူးယစ်ဆေး ပြသနာကြောင့် ရှမ်းပြည် မြောက်ပိုင်း၌ စစ်ဆင်ရေး ပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) တို့၏ ရှမ်းပြည် မြောက်ပိုင်း တပ်မဟာ (၄) ဧရိယာ၌ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်နေကြောင်း တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး မိုင်းဖုန်းကျော်က ဆိုပါသည်။

“တိုက်ပွဲ ကတော့ နေ့တိုင်းဘဲ ဖြစ်နေတယ်။ ဒီနေ့လဲ ဖြစ်တယ်။ ဒီမှာ ရှိနေတဲ့ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄ ၊ ၁၁၄၊ ၁၁၅၊ သူတို့ တက်လာတဲ့ တပ်တွေနဲ့ ဖြစ်ကြတယ်။ တိုက်ပွဲ ထဲမှာ ကချင်လည်း ပါတယ်။ နေရာ ကတော့ ကွပ်ခိုင်မြို့နယ်၊ မန်းတုံမြို့နယ်၊ နမ့်ဆန်မြို့နယ်မှာလဲ ဖြစ်တယ်။ ဟိုဘက် ကျောက်မဲမြို့နယ်နဲ့ မိုးမိတ် ဘက်မှာလည်း ဖြစ်တယ်။ နေရာအနှံ အတော် များများ ပါဘဲ။ တစ်နေရာ မဟုတ် တနေရာ နေ့တိုင်း ဖြစ်နေတယ်လေ” ဟု ဆိုပါသည်။

Monday, November 5, 2012

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”




ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော် တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိက၀တ်များ မရရှိခဲ့ပေ။ အစိုးရဘက်မှ KIA တပ်များကို စစ်ရေး အရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ် သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေးရမည်ဟု ပြောဆိုနေမှုများ ရှိနေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော် အကြား စစ်ရေး၊ နိုင်ငံရေးအခြေနေများကို KIA  ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်း ထားပါသည်။

ကေအိုင်အေ မျိုးချစ်ရဲဘော် တစ်ဦး ကျဆုံး

(Jinghpawkasa)


နိုဝင်ဘာ (၅) တနင်္လာ

လွန်ခဲ့သော အောက်တိုဘာ (၁၉) တွင် စီးအင်ရွာသားများကို  နှိပ်စက် သတ် ဖြတ်ခဲ့သော ဗမာအစိုးရ စစ်ကြောင်းများကို ကေအိုင်အိုအစိုးရ တပ်မဟာ (၂) လက်အောက် တပ်ရင်း (၆) မှ ကေအိုင်အေ မျိုးချစ် ရဲဘော်များ နောက်တစ်ကြိမ် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ ဤသို့ ဗမာစိုးရ စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်ရာ ဗမာအစိုးရ ဘက်မှ အင်အားများလွန်းသောကြောင့် ကေအိုင်အေ မျိုးချစ်ရဲဘော် လဂျာ ကျဆုံးသွားကြောင်း သတင်းရရှိပါသည်။ 
ဆက်လက်ပြီး ဗမာအစိုးရတပ်များသည် ဖားကန့် မော်မောင်းဘွမ်း ကို မရမနေ ပြန်လည်တိုက်ခိုက် နေကြောင်း၊ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သောကြောင့် အပြစ်မဲ့ပြည်သူ (၄) ဦးသေဆုံး သွားကြောင်း သိရှိရပါသည်။ နောက်ပြီး တာမခံ နမ့်မော်နှင့် ဆိုင်း တောင်ကြားတွင် ခရီးသည်တင်း ဟိုင်းလပ်ကား တစ်စီးကို ဗမာအစိုးရ စစ်မှ ပစ်ခတ်ခဲ့မှုကြောင့် ကားနှင့်တကွ ခရီးသည် များအလုံး မီးလောင်ပြာကျ သွားကြောင်း ဆက်လက်သိရှိရပါသည်။

The patriotic soldiers from KIA (6) battalion, which is under KIA (2nd) brigade, followed and firing again Burmese soldiers, that they killed and tortured Si-in villagers, on 19th October according to the KIA front-line officer report. While the KIA troop followed and fired the brutal Government soldiers, KIA soldiers La Ja died in the battle, because of too many Burmese soldiers on that troop. Continuously, Burmese soldiers fired many times with heavy artillery weapon to the Maw Mau Mountain. Then, the Government troops fired and burned hilux car between Nam Maw and Seng Tawng, all the passengers had been killed and burnt.

စီးအင်ရွာ ဥက္ကဌနှင့် မူကြိုဆရာမကို ဗမာစစ်သားများ နှိပ်စက်သတ်ဖြတ်

(Jinghpawkasa)


နိုဝင်ဘာ (၅) တနင်္လာ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း ဖားကန့်လမ်း စီးအင်ကျေးရွာတွင် လွန်ခဲ့သော အောက်တိုဘာ (၁၉) ရက်နေ့က ဗမာအစိုးရစစ်သားများ ရွာသားများကို ဖမ်းဆီးနှပ်စက်၊ ခိုးဆိုးလုယှက်မှုများ ပြုလုပ်ခဲ့ရာ စီအင်းရွာ ဥက္ကဌကို ရွာလမ်းမ ပေါ် တွင် နှိပ်စက် သတ်ပစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ရွာမူကြိုကျောင်းမှ ဆရာမတစ်ဦးကိုလည်း အသက်ဆုံးရှုံး ရသည်အထိ မတရားပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ဆက်လက်သိရှိရပါသည်။
ဤသို့ရွာသားများကို နှိပ်စက် သတ်ဖြတ်ခဲ့သော ဗမာအစိုးရစစ်တပ် စစ်ကြောင်းကို ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘောများ က  ပြန်လည် လိုက်လံတိုက်ခိုက်ရာ ဗမာစစ်သား (၈) ဦးသေဆုံးကြောင်း ဆက်လက်သိရှိရပါသည်။

Cruel Burmese soldiers killed Si-In head villager and raped and killed one teacher in Si-In village, between Mogawng –Hpakang road, which in under KIA ( 2nd ) brigade area, on 19th October 2012, according to the KIA front-line officer report . On that day, the brutal Government Burmese soldiers arrested, tortured the head of Si-In villager, and killed him on the road. Again, they arrested early childhood development teacher from the village, then raped and killed her.  After this incident, KIA patriotic (6) battalion followed the Burmese troops, and then fired them. (8) Burmese soldiers were killed in that battle.