Saturday, November 3, 2012

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်

(Jinghpawkasa)




နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအားရည်ရွယ်၍ ပစ်ခတ်မှုလည်းဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများ ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက်ဖြစ် ပါသည်။ ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိပြန်လည် တိုက် ခိုက်ခြင်းမရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များတပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့် ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များ အနေများသည့် ရပ်ကွက်များသို့ အများဆုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ သို့ဖြစ်၍ ဗမာအစိုးရအနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသော အရာအတွက်   မေးခွန်းများမေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံ တစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက် ကြတာကို ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူ တွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။” ဟုသူ၏အမြင်ကိုပြောပြပါသည်။ ယခုအခါ ဖားကန့် ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန် ရှိသူများက အလှူငွေများပေးအပ်ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူ များ၏ မိသားစုဝင်များ က ပြောပြပါသည်။


Friday, November 2, 2012

Time to get rid of Mahar-Myanmar mentality

(Kachinland)

Map of British Burma

The Union of Burma, since its inception has been dominated by the majority Myanmar over the Non-Myanmar, it harbours an obsession to be homogeneous state of one country, (Myanmar), one religion (Buddhist) and one language (Myanmar language) over all the Non-Myanmar ethnic nationalities and all faiths. This is why it has the longest ethnic insurrections in the world up to this day since its founding in 1948. Now, because of a terrible religious and ethnic sectarian strife in Western Burma, a veil had been lifted to reveal a hideous blemish where Rakhine Buddhist were  pitted against the immigrant Muslim leaving some 400 people killed so far. This is not the first nor will be the last if forced Myanmarnization goes on. Currently there is an addition 28,000 displaced Muslim in addition to 75,000 already in the refugee camps in Bangladesh.[1]  Under the current Burmese law, the 800,000 Arakanese Muslims are de jure stateless in Burma partly because of the Bengali extremist in Diaspora based in Europe and America invented a new word “Rohingya  to be one of the numerous ethnic races in Burma touching off the country’s sovereignty and falling into the hands of the hardliners faction of the army who are against the change and wanted to make a comeback and cover up the army’s excess in Kachin state .[2]

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်

(VOA)



မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အိုလွတ်လပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ စစ်ရေးကိစ္စ မဆွေးနွေးခဲ့တာမို့ နောက်တခေါက် ဆွေးနွေး ရေး အဆင်ပြေဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အနေနဲ့ ကေအိုင်အိုဌာနချုပ်မှာ ကြာသပတေးနေ့က သွားဆွေးနွေး ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တပ်တချို့ ရုပ်ပေး ရေး ညှိနှိုင်းဖို့ရှိတယ်လို့ ကြိုတင် အကြောင်းကြားခဲ့ပေမဲ့ ကေအိုင်အိုဘက် က ဆွေးနွေးနိုင်ဖို့ စစ်ရေးခေါင်းဆောင် မတက်လာခဲ့တဲ့ အပေါ် နောက် တခေါက် ဆွေးနွေးပွဲအတွက် စိုးရိမ်မှုတွေရှိလာချိန်မှာ အခုလို ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

အင်္ဂါနေ့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံး အကြိမ်အဖြစ် အပစ်အခတ်ရပ်ရေး တရားဝင် ဆွေးနွေးခဲ့ကြရာမှာ ကေအိုင်အိုဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက်နိုင်ခဲ့ တာကြောင့် အခုလို အစိုးရဘက်က သုံးပတ်ခန့် ကြိုအကြောင်းကြားခဲ့တဲ့ တပ်ရုပ်ပေးရေး သူတို့ဘက်က ကမ်းလှမ်းခဲ့တာကို ဆွေးနွေးခွင့်မရခဲ့ ဘူးလို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ဆိုပါတယ်။

အစိုးရတပ်များ ကေအိုင်အိုဌာနချုပ်နယ်မြေတွင်း လက်နက်ကြီးများပို့

(ကချင်သတင်းဌာန)



တရုတ်ပြည် ရွှေလီ ဆွေးနွေးပွဲ တစ်ရက်အလို အောက်တိုဘာ ၂၉ ညက မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ ၎င်းတို့၏ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) စခန်းသို့ လက်နက်ကြီးနား ပို့ဆောင်ခဲ့ကြောင်း KIO က ဆိုသည်။

ဗမာစစ်သားအချင်းချင်းပစ်ခတ် (၂) ဦးသေဆုံး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ နယ်မြေ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) ဒေသ မုန်ဂူအခြေစိုက် ဗမာအစိုးရစစ်တပ် ခလရ (၆၈) တွင် အောက်တိုဘာ (၃၁) ရက်၌ ဗမာစစ်သားအချင်းချင်း ပစ်ခတ်မှု ကြောင့် နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ မုန်ဂူ အခြေစိုက် ဗမာအစိုးရစစ်တပ် ခလရ (၆၈) မှ စစ်သားများကို ကင်းလှည့် ရန် ခိုင်းစေရာ စစ်သားတစ်ဦးမှ အမိန့်နာမခံပဲ တပ်စခန်းတွင်သာ အရက် သောက် မူးယစ်ပြီး ကျန်ခဲ့ကြောင်း၊ စစ်သားများ ကင်းလှည့်ရာမှ ပြန် ရောက် ချိန်အထိ မူးယစ်နေသော ကြောင့် တာဝန်ရှိစစ်ဗိုလ်မှ ဆဲဆို ကျိန်းမောင်းရာ စစ်သားမှ တာဝန်ရှိစစ်ဗိုလ်အား သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပစ်သတ်ခံရသော ဗမာစစ်ဗိုလ်၏ ကိုယ်ရံတော်ကလည်း ထိုစစ်သားကိုပြန်လည် ပစ်သတ်ခဲ့ကြောင်း၊  သေဆုံး သွားသော ဗမာစစ်ဗိုလ်နှင့် တပ်သားကို မုန်ဂူ လယ်ကွင်းပြင် တွင် နိုင်ဝင်ဘာ (၁) ရက်နေ့၌ သွားရောက်မြုပ်နှံခဲ့ကြောင်း သိရှိရပါ သည်။

Two Burmese soldiers shot each other in Munggu, which is under KIA (4th ) Brigade area, Northern Shan State, on 31st October, according  to the KIA frontline officer report.  The commander, from Burmese army light infantry unit (68), commanded one of the soldiers to patrol but that soldier didn’t obey command to patrolling and left in the camp, drunk too much until the patrolling group arrived. Thus, the captain cursed that drunkard soldier, but the soldiers opened fire to his captain. And, the captain’s body guard shot that soldier again that drunkard soldier, on that day. The dead body of captain and soldier were buried in the Munggu paddy field.

Thursday, November 1, 2012

Peace talks undermined by Burmese army’s offensive

(Kachinland)



KIO delegates have arrived back at Maija-yang city after 4-hours long meeting with Burmese government’s union level delegates on Oct 30. No comprehensive ceasefire agreement was signed in this meeting. This was the fourth official meeting between Kachin Independence Organization and Burmese government. Three previous official meetings were held at the same venue in Ruili on Nov 2011, Jan 2012, and March 2012.

Despite peace talks, government’s army attacks continue

(Kachinland)



Burmese government army continued to launch attacks on KIA and Kachin civilians during the time the two sides met in China-Burma border city Ruili on Oct 30.

A fierce battle took place between Kachin people militia under KIA’s mobile battalion and Burmese army’s 321st L.I.B at Mali-yang on Oct 30. The two sides met again at Ja Pu village and fought another battle on the same day, reported a front line source.

‘နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမှာပါ။ အဲဒီတပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ်ရပါမယ်’ KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း

(ELEVEN MEDIA GROUP)




ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော KIO ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် ဆွေးနွေးပွဲအပြီး တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 မေး - အခုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ နိုင်ငံရေးနည်းလမ်းအရ ဆက် လက်ဆွေးနွေးဖို့ သဘောတူညီမှု အပြည့်အ၀ရခဲ့ ပြီလို့ ပြောနိုင်ပြီလား။
ဖြေ - ဟုတ်ကဲ့။ သဘောတူညီမှု ရပါပြီ။ ဆက်ဆွေးနွေးရမှာပါ။ တိုး တက်မှုရှိပါတယ်။

ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံကြားတွင် ကားတစ်စီးသေနတ်ဖြင့်အပစ်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

(ELEVEN MEDIA GROUP)



ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံအကြား နန့်မော် ဘုန်းကြီးကျောင်းအနီးတွင် အောက်တိုဘာလ ၃၁ရက်မွန်းလွဲ ၁ နာရီ ခန့်က ကေအိုင်အေနှင့် တပ်မတော်အကြားပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဗင်ကားတစ်စီး သေနတ်ဖြင့် အပစ်ခံရပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာ ရခဲ့သည်ဟုဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုသည် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ ကြာမြင့်ခဲ့သည် ဟု သိရသည်။ ''စစ်သားတွေက တာမခံ ဘက်ကနေလာတယ်။ ကျွန်တော်တို့ ကားက ဆိုင်းတောင်ကနေ တာမခံကို သွားတာပါ။ ပထမတော့ ကျွန်တော်တို့ကားကို ရပ်စောင့်နေသေးတယ်။ ပစ်ကြ ခတ်ကြတာ ၁၅ မိနစ်လောက်ကြာတော့ စစ်သားတွေက ကျွန်တော် တို့ကားကို ကာဗာယူပြီး ပစ်ကြတယ်။ ပစ်ကြတာက ကာကွယ်စရာ နေရာမရှိတော့ ကျွန်တော်တို့က ကြောက်လို့ မောင်းပြေးတော့ မောင်း ရင်းနဲ့ လာထိ တာပါ။ စစ်သားတွေကတော့ တိုက်ပွဲအတွင်းမှာ ဘယ်နှစ် ယောက်ကျ တယ်ဆိုတာ မသိရဘူး။ 

ရှမ်း နွားကုန်သည် ၁၀ ဦး မြန်မာအစိုးရ စစ်သားများ၏ ဓါးပြတိုက်ခံရပြီး ၁ ဦးသေဆုံး



By KNG

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်နိမိတ် နမ့်ခမ်းမှ မန်ဝင်းအ၀င် မြန်မာအစိုးရစစ်သားများ ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးကို ဓါးပြ တိုက်ပြီး နောက်ပြန်ပစ်ခတ်ခဲ့သောကြောင့် ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်သူ အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆိုသည်။
သေဆုံးသူမှာ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး မန်ဝင်းမြို့ ရပ်ကွက် (၅)တွင် နေထိုင်သူဖြစ်သည်ဟု ဆိုပါသည်။

ယခုလို အပြစ်မဲ့ ဒေသခံပြည်သူများကို ဓားပြတိုက်ခဲ့သော မြန်မာစစ် တပ်သည် လားရှိုး အမှတ် (၁) ၀န်တင်တပ်ရင်းမှ စစ်သားများဖြစ် ကြသည်ဟု ဒေသခံများပြောသည်။

အဆိုပါ ရှမ်း နွားကုန်သည်များသည် အောက်တိုဘာ ၂၆ နေ့က တရုတ်နယ်စပ်သို့ နွားရောင်းပြီး ထော်လာကျီဖြင့်ပြန်လာချိန် မန်ဝင်းမြို့ အ၀င် ကောင်းခန် (Kawng Hkang) တွင် စောင့်နေသော အစိုးရစစ် သားများသည် ၎င်းတို့ကိုဟန့်တားကာ လုယက် ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော




ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲ များသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင် ကြီး များသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် နိုင်ငံတော် သမတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြည့်အဝ မအောင်မြင်ခြင်း၏ အကြောင်းမှာ တပ်မတော်ခေါင်းဆောင်များ ပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

နှစ်ဘက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် KIO နှင့်အစိုးရ သဘောတူ




ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jin Cheng) ဟော် တည်၌ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးပြီးနောက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးမှုတွေ အမြန်ဆုံး ပြုလုပ်သွားဖို့ သဘောတူညီခဲ့သည်။

နှစ်ဘက်ကိုယ်စားလှယ်များ နံနက် ၉ နာရီမှ နေ့လည် ၁၁ ခွဲခန့်အထိ ပထမပိုင်းတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခန့် အထိ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ ဆွေးနွေးပွဲပြီးသည့်နောက် ယင်းအခြေအနေ များ အား နှစ်ဘက် ကိုယ်စားလှယ်များက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးဆွေးနွေးဖို့အတွက် အခိုင်အမာပဲ ဦးအောင်မင်းအနေနဲ့ သဘောတူလိုက်ပါတယ်။ နောက်တွေ့တဲ့ အခါ အမြန်ဆုံး တွေ့နိုင်ဖို့ လည်း ကျနော်တို့ကြိုးစားသွားမယ် ” ဟု KIO ငြိမ်းချမ်းရေးကိုယ်စား လှယ် ဦးဂျီးနောင်က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဂျာပူတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


အောက်တိုဘာ (၃၁) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရကိုယ်စားလှယ်များနှင့် ဗမာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင်  ငြိမ်းချမ်းရေးအတွက်  တွေ့ဆုံဆွေးနွေးနေစဉ် ကချင်ပြည်နယ် ကေအိုင်တပ် တပ်မဟာ (၅) နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း ဂျာပူတွင် ဗမာစစ်သား များ၏ ထိုးစစ်ဆင်လာမှုကြောင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ ခမရ (၃၂၁) တပ်ရင်များနှင့် အောက်တိုဘာ (၃၀) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် တွင်ပင်  ရှေ့တန်းသို့ စစ်အင်းအားများ အလုံးအရင်း ပို့ဆောင်နေခြင်းသည် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားခြင်း မဟုတ်ကြောင်း ကမ္ဘာကို လိမ်ရန်သက်သက်သာဖြစ်ကြောင်း ကချင်ပြည်သူများမှ မှတ်ချက် ပေးလာကြပါသည်။ ဤစစ်ပွဲတွင် ဗမာအစိုးရစစ်တပ်ဘက်မှ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

Wednesday, October 31, 2012

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု



“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင် စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သား အစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက် အရောက်ပို့နိုင်ရေး ပြည်သူနဲ့ အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါဝါရှိတဲ့ အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

မရေမရာ ဖြစ်သွားသော KIO နှင့် အစိုးရ ဆွေးနွေးပွဲ



ရွှေဟင်္သာသတင်းဌာန

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ကော်မီတီ ဒုက္ကဌ ဦးအောင်မင်း၏ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဆွေးနွေးပွဲ ထိရောက်မှု မရှိကြောင်း၊ ယနေ့ ကျင်းပသော တရုပ်ပြည် ရွှေလီ ဆွေးနွေး ပွဲကို လေ့လာနေသည့် ကချင် ခေါင်းဆောင် တဦးက ဆိုပါ သည်။

“ ဒီလိုဗျ။ အစိုးရက အပစ်ရပ်ရေး ကိုဘဲ လိုချင်နေတာကို ကချင်က သိတယ်ဗျ။ ကချင်ကတော့ နိုင်ငံရေး အရ ဆွေးနွေးပြီး အဖြေရှာချင်နေ တယ် ဒီတိုင်းရင်းသား အခွင့်အရေးတွေ အတွက်။ အခု အစိုးရက လုပ် ထား တဲ့ ပုံစံမျိုးလို တခြား တိုင်းရင်းသား တွေနဲ့ အပစ်ရပ် ထားပြီးတော့ နိုင်ငံရေး အမြတ်ထုတ် နေတာကို ကချင်ဖက်က မလိုလားဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက ခြေမြင်နေကြတော့  အစိုးရဖက်က ဗိုလ်ချုပ် ဂွမ်မော် မပါလို့ ဆိုပြီး စစ်ရေး ကိစ္စကို အကြောင်းပြ နေတာပေါ့၊ ဒါကြောင့် အခု ဆွေးနွေးပွဲက မထိရောက် တော့တာ ဖြစ်ပါတယ်”ဟု ဆိုပါသည်။

Kachin battles rage on as delegates leave for talks

(Kachinland)

A series of battles have been fought between Kachin Independence Army and Burmese Army in recent days as the two sides prepare to meet in border city Ruili on Oct 30.

Burmese army’s Gandau-yang-based artillery unit have reportedly fired several rounds of mortar shells (81mm, 105mm and 120mm) on nearby Kachin villages for two days beginning Oct 27. Local residents say Mali-yang, Ja Hta, Npawn and Namsan-yang villages have been shelled indiscriminately by government soldiers.

Tuesday, October 30, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီ၌တွေ့ဆုံ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ မတက်ရောက်ခဲ့၍ စစ်ရေးဆိုင်ရာ ထူးခြားသည့် အဖြေထွက်ပေါ်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူ

(ELEVEN MEDIA GROUP)



ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့သည်  အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါသည်။ 
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် နှစ်ဖက်တပ်များ နေရာရွှေ့ထားရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး မှုများ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် စစ်ရေးအခြေအနေနှင့် ပတ်သက် ပြီး ထူးခြားသော အဖြေထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး နည်းလမ်းအရ ဆက်လက် ဆွေးနွေးကြရန် သဘောတူညီခဲ့ကြပါသည်။

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်လာခြင်း မရှိသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့ရာမှ စစ်ရေးအခြေအနေနှင့် ပတ်သက်သည့် အဖြေ မထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

(ဧရာဝတီသတင်းဌာန)



ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပထမဦးဆုံးအကြိမ် ပြည် ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ် တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက်စစ်ရေးခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် ရှင်းလင်းစွာ မသိရပေ။

မူနဲ့မလုပ်၊ လူနဲ့ အလုပ်လုပ်

(Jinghpawkasa)



အောက်တိုဘာ (၃၀) အင်္ဂါ
ကေအိုင်အိုနဲ့ အစိုးရအဖွဲ့တွေတွေ့တာ အခုမှ မဟုတ်တော့ တာ အားလုံး အသိဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ၃-၄ ခေါက် တွေ့ကြ တုံး က ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား ကေအိုင်အို ထိပ်တန်းခေါင်း ဆောင် တွေလာကြပါတယ်။ ဒါပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အဖွဲ့မှာ တကယ်တမ်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ၊ ရည်ရွယ် ချက် သီခြားမရှိမှုနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေမပါရှိတာကြောင့် နောက်ပိုင်းမှာ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့အခြေအနေကို ရောက် သွားတာပါ။

နောက်ပိုင်း ဦးအောင်သောင်းကနေ ဦးအောင်မင်းကိုပြောင်းတော့လဲ မိုင်ဂျာယန်မှာတွေ့ကြတော့ ဗိုလ်ချုပ်ဂွမ်မော်တို့လာပါသေးတယ်။ ဦးအောင်မင်းရဲ့ အဆိုအရ တပ်ဖက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေပါမှ၊ တပ်ကိစ္စဆွေးနွေးနိုင်မယ်ဆိုပြီး ဘာမှ ရေရာတဲ့ တိုးတက်မှုဆိုတာမရှိခဲ့ ပါဘူး။ အဲဒီတစ်ခေါက်ကျတော့ နည်းနည်းထူးခြားတယ်။ ထူးခြားတယ်ဆို တာက ဦးအောင်မင်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုပ်မှုလေးပေါ့။ ဗိုလ်ချုပ် ဂွမ်မော်မလာလို့ စစ်ဖက်ဆိုင်ရာတွေပြန်သွားတယ်၊ ဒါကြောင့် တပ်ဖက် ဆိုင်ရာတွေ မဆွေးနွေးနိုင်ဘူး။ 

အမေရိကန်နိုင်ငံရောက် ကချင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်းနှင့်တွေ့ဆုံ

(Jinghpawkasa)



အောက်တိုဘာ (၃၀) အင်္ဂါ
အမေရိကန်နိုင်ငံ ရှိ Multicultural Refugees of Coalition (MRC) ခေါ် ကမ္ဘာ့နိုင်ငံအသီးသီး မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာ သော ဒုက္ခသည် များအား  ကူညီစောက်ရှောက်ရေးအသင်း၊၏ ဖိတ်ကြားချက် အရ အောက်တိုဘာလ (၂၇) ညနေ (၇)နာရီတွင် အမေရိကန်နိုင်ငံ  တက်ဆက်ပြည်နယ်၊ အော်စတင်မြို့ တနေရာတွင် ကျင်းပသော ညနေစာမိတ်ဆုံစားပွဲအခမ်းအနား (မြက်ခင်းပြင်)သို့ အမေရိကန်နိုင်ငံ၊ အော်စတင်မြို့ရှိ ကချင် တိုင်းရင်းသားများမှ သွားရောက်ကာ ၄င်း အခမ်းအနားသို့ တက်ရောက်လာသော၊ MRC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံ နှင့် အမေရိကန်မှ အလှူရှင်များ၊ အခြားမြန်မာ့အရေး စိတ်ဝင်စားသူ များအား လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ၊ လက်ရှိ မြန်မာ  အစိုးရ စစ်တပ်၏ တိုင်းရင်းသား ဒေသအတွင်းလူ့အခွင့်အရေး ချိုးဖောက်မှူများ၊ ကချင်ဒေသစစ်ပွဲအကြောင်း နှင့်စစ်ပြေးဒုက္ခသည်များ အကြောင်းတို့ အား မြေပုံနှင့် တကွ သွားရောက်တင်ပြ နိုင်ခဲ့ ကြောင်း သိရှိရပါသည်။ ထို့အပြင် ဧည့်သည်တော်များ၏ မေးမြန်းချက်များကို လည်း မြေပုံနှင့်တကွ မြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။