Saturday, October 27, 2012

KIO တော်လှန်ရေး ၅၂ နှစ်ပြည့်တွင် မြန်မာ အစိုးရတပ်စခန်းများသို့ လက်နက်ကြီး ပစ်ခတ်


By KNG 

အောက်တိုဘာ၂၅ ရက်နေ့ကျရောက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တော်လှန်ရေး (၅၂) နှစ် ပြည့် အထိန်းအမှတ်နေ့ကို ထောက်ခံ သည့် အနေဖြင့် ၎င်း၏ လက်နက်ကိုင်ဌာန ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)မှ ကချင်ပြည်နယ် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်းရှိ မြန်မာအစိုးရတပ်စခန်းများကို အမြောက်များ ပစ်ခတ်ခဲ့သည်။

မြစ်ကြီးနား-လိုင်ဇာနှင့် လိုင်ဇာ-မန်မော်ကြားရှိ မြန်မာအစိုးရတပ်စခန်း များသို့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း ၁၉၊ ၂၄ နှင့် ၂၅ များမှ ၆၀ မမ အမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အထိန်းအမှတ်နေ့ကို ထောက်ခံသည့်အနေဖြင့် ၎င်းဝန်းကျင်တွင်ရှိသော မြန်မာအစိုးရတပ်စခန်း ၈ ခုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ စခန်းတစ်ခုတွင် ၆၀ မမ အမြောက်ဖြင့် ၃ ကြိမ်ပစ်ခဲ့ကြောင်းအရာရှိ တစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

Friday, October 26, 2012

ကချင်လူငယ်ကွန်ဖရင့် မလေးရှားမှာ ကျင်းပ

မဇ္ဈိမသတင်းဌာန 
 
ကချင်လူငယ်များအကြား နိုင်ငံရေးနှင့် အမျိုးသားရေးအသိ ပိုမို နိုးကြားလာစေရန် အတွက် နိုင်ငံတကာရောက် ကချင်လူငယ်များ ကွန်ဖရင့်တရပ်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေကြောင်း သိရှိရသည်။

၃ ရက်တာ ကျင်းပမည့် အဆိုပါ ‘One Kachin Youth Conference’ (တခုတည်းသော ကချင်လူငယ် ကွန်ဖရင့်)ကို ကြာသပတေးနေ့က စတင်ခဲ့ပြီး အမေရိကန်၊ စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်နှင့် မြန်မာပြည် တွင်းမှ ကချင်လူငယ် ၄ဝဝ ကျော် တက်ရောက်နေကြသည်ဟု ကွန်ဖရင့် ပြန်ကြားရေး တာဝန်ခံ မရှော့ မုန်နန်လ က ပြောသည်။

အပစ်ရပ်ရန် ရက်သတ်မှတ်ပြီးသော်လည်း တိုက်ပွဲ ဖြစ်နေဆဲ



အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဖက် ကိုယ်စားလှယ်တို့ တရုတ်ပြည် ရွှေလီမြို့ တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီမှု ရထားကြောင်း သတင်း များ ထွက်ပေါ်နေသော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

လာမည့် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် သမ္မတရုံးဝန်ကြီး ဦးအောင် မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည်ဟု သတင်းရရှိသည်။

KIO commemorates 52nd anniversary

(KACHINLAND)

In a statement to commemorate 52nd anniversary of the founding of Kachin Independence Organization (KIO), Chairman Lanyaw Zawng Hra calls KIO party members, KIA soldiers and Kachin public as a whole to continue to unite until they reach their final destination. KIO’s anniversary celebrations were held at Kachin administrative capital Laiza and in other KIO-controlled areas on Oct 25, 2012.

Thursday, October 25, 2012

အစိုးရနှင့် KIO အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရွှေလီ၌တွေ့မည်

(ELEVEN MEDIA GROUP)


အစိုးရနှင့် KIO တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာလ ၃၀ရက် နေ့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့မှ အဖွဲ့ဝင်ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့သည်။

အစိုးရ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုကို KIO  အဖွဲ့မှ လက်ခံ ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရွှေလီတွင်ပြုလုပ်ရန် ကမ်းလှမ်းမှုကို လက်ခံကြောင်း၊ အောက်တိုဘာလ ၂၂ရက်နေ့တွင် အစိုးရထံ အကြောင်း ပြန်ခဲ့ကြောင်း၊ထို့နောက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့်အချိန် ကို အောက်တို ဘာလ ၃၀ရက်နေ့တွင် ပြုလုပ်ရန် KIO ဘက်မှ အောက် တိုဘာလ ၂၄ ရက်နေ့တွင် ထပ်မံအကြောင်းပြန်ခဲ့ကြောင်း ဦးလမိုင် ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆွေးနွေးဖို့ KIO ဘက်က အစိုးရကို အကြောင်းပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြုလုပ်မယ့်အချိန်က မနက်စာစားပြီး နံနက် ၉နာရီဝန်းကျင်ဖြစ်ပါလိမ့်မယ်။ နှစ်ဖက်တွေ့ဆုံမယ် တာဝန်ရှိသူ စာရင်းကိုတော့ မကြာမီထုတ်ပြန်ပါလိမ့်မယ်''ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO  အဖွဲ့တို့ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအဖြစ်၂၀၁၁ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံး အပတ်ကလည်း ကောင်း၊ ဒုတိယအကြိမ်ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး မှုအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယအပါတ်တွင်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့သည်။ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ် နိုင်ငံ၊ ရွှေလီမြို့ ၌ ၂၀၁၂ခုနှစ်၊မတ်လ ၈ရက်နေ့မှ မတ်လ ၁၀ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အပစ်အခေတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

More government troops deployed as the two sides prepare to meet

(KACHINLAND NEWS)

Fighting continues between Kachin Independence Army and Burmese government army as both sides prepare for a meeting in China-Burma border city Ruili on Oct 30, 2012. Local sources say more soldiers are sent from Monywa-based North Western Command despite an agenda to withdraw government troops from KIO controlled area has been put forward by KIO.

A battle took place between KIA’s 6th battalion and Burmese army’s 13rd LIR under Magway-based 88th LID at Wang bum, Chyau Kang hkahku, in Hpakant on Oct 22.

ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ စတင်မည်

(မဇ္ဈိမ) ။      ။ ဂျပန်နိုင်ငံ၏ NGO အဖွဲ့အစည်းကြီး တခုဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) မှ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေးဒဏ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်းတန် ဆန်နှင့် ဆေးဝါး အကူအညီများကို လူသားချင်း စာနာမှု အကူအညီ၏ ပထမသုတ် အနေဖြင့် ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။

နောက်ထပ်လည်း ထပ်မံပေးသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်ပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ကွန်ဖရင့်တရပ် ပြုလုပ်ကာ ဆွေးနွေးခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာစဉ် ထုတ်ဖော်  ပြောကြားလိုက်ခြင်း ဖြစ်သည်။


မြန်မာအစိုးရတပ်ကားကို KIA မိုင်းဖြင့် တိုက်ခိုက်ရာတွင် သေဆုံးမှုများ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်လမ်းမကြား ဖာဂီ (Hpa Gyi) ကျေးရွာအနီး အောက်တိုဘာလ၂၃ ရက်တွင် အစိုးတပ်ကား ၁ စီးဖြင့် အင်အားဖြည့်လာချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ကားပျက်ဆီးပြီး အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရ ဒေါ့ဖုန်းယန် ခြေလျင်တပ် ခလရ (၁၄၂) တပ်မှ ၂ မိုင် ကျော်ရှိ ဖာဂီကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကားအားလုံးပျက်စီးသွားတယ်။ အယောက် ၂၀ ကျော်လောက် ကားထဲ မှာ ပါတယ်။ အချို့က ခြေကျင်နဲ့သွားကြတယ်။”

Wednesday, October 24, 2012

KIO နှင့် အစိုးရ ယခုလကုန် ထပ်တွေ့မည်

(ဧရာဝတီသတင်းဌာန)


စစ်ရေး တင်းမာမှု အခြေအနေများကြောင့် ဆွေးနွေးရန် အဆင်မပြေဖြစ် နေသည့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရ ငြိမ်း ချမ်းရေး အဖွဲ့တို့အကြား ထပ်မံ၍ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမည့်နေ့ရက် သတ်မှတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

တွေ့ဆုံမည့် နေရာကို တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ကို ရွေးချယ်ထား ပြီး ယခုလ ၃၀၊ ၃၁ ရက်နေ့များတွင် ဆွေးနွေးကြမည်ဖြစ် ၍ နှစ်ဖွဲ့လုံး တွင် စစ်ရေးနှင့် နိုင်ငံရေး တာဝန်ရှိသူများအပါအ၀င် ငြိမ်းချမ်းရေး အကျိုး ဆောင်များလည်း လိုက်ပါမည်ဟု သိရသည်။

“သမ္မတရုံးကို တိုက်ရိုက် အကြောင်းကြားတယ်၊ ကျနော်တို့ဆီကို မိတ္တူပို့ တာ၊ တွေ့မယ့်နေရာက ရွှေလီမှာပါ၊ ကျနော်တို့ သွားပြီးမှ စီစဉ်ရမှာ ပေါ့”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးဆန်း အောင် က ဧရာဝတီသို့ ပြောသည်။

ဦးဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲ

(ဧရာဝတီသတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးဘရန်ရှောင်ကို ကချင် လွပ်လပ်ရေး တပ်မတော်(KIA) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေး သမားဟု စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က စွပ်စွဲဖမ်းဆီးခဲ့ပြီး ဇူလိုင်လမှစတင်ကာ တရားလိုဘက်မှ လျှောက်လဲ ချက်များကို ကြားနာပြီး ယခုလ ၂၂ ရက်နေ့က စွဲဆိုလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို


ရွှေဟင်္သာသတင်းဌာန


ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေး အတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်လိုသော ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါသည်။  
“ ဦးအောင်မင်း တို့ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာ ဆွေးနွေးပွဲ အတွက် သူတို့ အရင် ကမ်းလှမ်းတယ်။ ကျနော် တို့ကလည်း (၁၁) ရက်နေ့မှာ သဘောထား ပြန်စာကို ပို့လိုက်တယ်။ တရားဝင် လမ်း ကြောင်း ကနေဘဲ ပို့လိုက်တာပါ။ ခက်တာက ငြိမ်းချမ်းရေး စကားကို အသုံးမချ စတမ်း ဖြစ်စေချင်တယ်။ ကျနော်တို့က တကယ့်ကို ငြိမ်းချမ်း ရေး လိုချင် နေတာပါ။ ဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်က လက် တွေ့ဖြစ်နိုင်တဲ့ အရာကိုဘဲ တင်ပြ နေတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

KIA ၏ ပြန်စာထဲမှ တောင်းဆိုချက်များမှာ--

Kachin residents fear further imminent attacks

(Kachinlandnews)

A series of skirmishes have taken place between Kachin Independence Army and Burmese Government Army in recent days despite the prospect of a meeting in Chinese border town Ruili where withdrawal of government troops invaded in Kachin territory will be discussed. Burmese army’s increased presence has been reported from various local sources. All Burma Students Democratic Front (ABSDF), an ally of KIA, said Burmese army has been transporting

ကချင် အနုပညာရှင် အသင်း ဖွဲ့စည်း


2012-10-23 (RFA)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ် မနောကွင်း ဥယျာဉ် မဂျွယ် ခန်းမမှာ ပထမအကြိမ်အဖြစ် ကချင်အနုပညာရှင်များအသင်း ကို ဒီကနေ့တရားဝင်ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ်မယ်လို့သိရပါတယ်။ 

ကချင်အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက်ပြီးတော့ အဝတ်အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခ ရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။

အခုဖွဲ့စည်းတဲ့ ကချင်အနုပညာရှင်များအသင်းဟာ ကချင်မျိုးနွယ်စုတွေ အားလုံးကို ကိုယ်စားပြု ဖွဲ့စည်းတာဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ ကချင် တိုင်းရင်းသား အနုပညာရှင်တွေ အဆိုတော်တွေတင်သာမကပဲ နိုင်ငံ ရပ်ခြားမှာ နေထိုင်သူတွေပါ ပါဝင်စည်းရုံးကြမယ်လို့ တက်ရောက် လာကြတဲ့ ကချင်တိုင်းရင်းသား အဆိုတော်တွေက ပြောပါတယ်။

ကချင်ဒုက္ခသည်များ နိုင်ငံတကာ လျစ်လျူရှုခံရဟု အစီရင်ခံစာဆို


(မဇ္စျိမ) ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေ အတွင်းရှိ စစ်ပြေး ဒုက္ခသည်များ အတွက် လိုအပ်ချက်များမှာ နိုင်ငံတကာ အကူအညီများမှ လျစ်လျူရှုခြင်း ခံနေရကြောင်း အစီရင်ခံ စာတရပ်က ဆိုသည်။

အောက်တိုဘာလထုတ် ‘လိုအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများနှင့် ပတ်သက်၍ အကဲဖြတ်ချက်’ အစီအရင်ခံစာကို နယူးဇီလန် အခြေစိုက် The Gage အဖွဲ့မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်များ အား အကာအကွယ် ပေးနိုင်မှု၊ ရေရရှိမှု၊ အစားအစာ ရရှိမှု၊ အာဟာရနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် အခြေ အနေများမှာ စိုးရိမ်စရာရှိသည်ဟု ဖော်ပြထားသည်။

မဒဲန်ရွာသားများ၏ ဥစ္စာပစ္စည်းများကို ဗမာစစ်တပ်မှ လုယူ

(Jinghpawkasa)


အောက်တိုဘာ (၂၄) ဗုဒ္ဓဟူး


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း ကားမိုင်းမြို့အနီး မဒဲန်ကျေး ရွာတွင် အောက်တိုဘာ (၂၂) ရက်နေ့ ဗမာအစိုးရ၏ တပ်မ (၈၈) မှ စစ် ကြောင်းများရောက်ရှိလာပြီး ရွာသားများ၏ ငွေကြေး၊ ဥစ္စာပစ္စည်းများကို လုယူပြီး၊ ရွာသူရွာသားများ ကိုလည်း ညှင်းပန်းနှပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ အောက်အိုဘာ (၂၂) ရက် ည (၈း၀၀ မှ ၉း၀၀) နာရီအတွင် ဗမာစစ်သားများမှ မဒဲန်ရွာမှ ကချင်နှစ်ခြင်း သင်းထောက်ဆရာ ဦးလဟီး ခေါင်ဒေါင် နေအိမ်မှ ဦးလဟီးခေါင်ဒေါင်၏ အမှုတော်ထမ်း (၂၅) နှစ်ပြည့် ဂျူဗလီ အထိမ်းအမှတ် ရွှေလက်စွပ် (၂) ကွင်း၊ နားဒေါင်း  (၁) စုံနှင့် အ၀တ်အစားများကို လုယူသွားကြောင်း၊ ဆက်လက်ပြီး ဦးထိန်မန်ယော် ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကိုလည်း ဗမာစစ်သားများ ကြိုက်နှစ်သက် ရာ များကို ယူသွားပြီး၊ ကျန်ပစ္စည်းများကို အကုန်ဖျက်ဆီးထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်သားများမှ မဒဲန်ကျေးရွာသား ဦးဇခုန် ဇော်ခါး (အသက် (၄၀) ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက် သိရှိရပါသည်။ 

ဤဗမာအစိုးရ စစ်တပ်များသည် မဒဲန်ကျေးရွာမှ ထွက်ခွာသွားပြီး နန့်ဟိုင် ကျေးရွာသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း၊ စစ်အင်းအား (၄၀) ခန့်က လွယ်ဆိုင်ရွာတွင်နေရာယူထားကြပြီး၊ အင်အား (၃၀) ခန့်မှာ မိုက် ခရိုဝေ့ပ်ရှိရာ တောင်ကုန်းပေါ်တွင်နေရာယူထားကြောင်း စုံစမ်းသိရှိရပါ သည်။  ဗမာအစိုးရစစ်တပ်များ သည် ဘွမ်ဆိုင်း တောင်ပေါ်တွင် လက် နက်ကြီးများတပ်ဆင်ရန် ပြင်ဆင်နေလျက်ရှိကြောင်းလည်း သတင်းရရှိ ပါသည်။