Saturday, October 20, 2012

ဗမာစစ်သားများ နန်စီအင်ရွာ တစ်ရွာလုံးရှိ လူများကို ခြိမ်းခြောက်


(Jinghpawkasa)
အောက်တိုဘာ (၁၉ ) သောကြာ


ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်ရှိ ကားမိုင်းမြို့ ကထန်ယန် ကြား ကားမိုင်းမြို့ နှင့် (၃) မိုင်အကွာရှိ နန်စီအင် ကျေးရွာရှိ ကျေးရွာ တစ်ရွာလုံးအား တပ်မ (၈၈) က စစ်သား (၆၄) ယောက်က ရွာသား အသက်ကြီး၊ ငယ်မရွေး ယောက်ျားများအား ကြိုးဖြင့်ချည်၊ မိန်းကလေး များအား သေနတ်ပြောင်းဖြင့် ချိန်၍ ခြိမ်းခြောက်ကာ လမ်းပေါ်တွင် နေ့လည်ကတည်းက အခုချိန်အထိ ခြိမ်းခြောက်နေလျှက် ရှိကြောင်းသိရသည်။ ကလေးများ၊ ကျောင်းသားများကိုမူ စစ်သားများက “မင်းတို့လည်း ကြီးလာရင် KIA စစ်သားများ ဖြစ်လာမှာပဲ” ဆိုပြီး ခြိမ်းခြောက် ရိုက်နှက် နှိပ်စက်မှု များရှိသည်။ ကိုမိဝါအောင် ကိုမူ ခေါင်းရိုက်ခွဲပေးထားပြီး အသက်ဆုံးရှုံးရဖွယ် ဖြစ်နေကြောင်းသိရသည်။ အခုထိ ဆက်လျှက် ခြိမ်းခြောက် ကာ လမ်းပေါ်တွင်သာ ထားရှိလျှက် ရှိသောကြောင့် ကာမိုင်းမြို့မှ အုပ်ချုပ်ရေးမှူးများ လိုက်သွားကြောင်း သိရသည်။ ကားမိုင်း- ဖားကန့်လမ်းမှာ ဒီနေ့ပြန်ပိတ်ထားလိုက်ပြီ ဖြစ်သည်။

တောင်တန်း၏ ဒဏ်ရာများ

(Jinghpawkasa)


အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်။ မကြာခဏ ဗုံးသံ၊ သေနတ်သံတွေ ကြား မှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာ ဆိုတော့ မတော်တဆ ဗုံးဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်။ ကံကောင်းထောက်မစွာ တစ်ခါမှ တော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲ တော့ ဗုံးဆံလာကျဖူးတယ်။ (ပြောသာပြောရတယ်၊ ဗုံးဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး။) မြို့ပြင်က ဒေါန တောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေး တပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်။ မေးခွန်းလဲ ထုတ်ဖူးပါတယ် “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

Friday, October 19, 2012

KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျ



ကချင်ပြည်နယ် မြစ်ကြီးနား-လိုင်ဇာသွားလမ်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နယ်မြေ လိုင်စင်ဘွမ် (Laisin Bum) အနီးရှိ နာ့ဖော့ (Nahpaw) ကျေးရွာသို့ စစ်ရေးလှုပ်ရှားလာသော မြန်မာအစိုးရစစ်သား ၁၀ ယောက်နှင့် ယနေ့ နေ့လည်တွင် KIA ခြေလျင်တပ်ရင်းမှ ပျောက် ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ် ၁ ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသည့် မြန်မာအစိုးရ တပ်သားမှ Uniform နှင့် သေနတ် ၁ လက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ခြေလျင်တပ်ရင်းမှ ရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

လိုင်စင်အနီးရှိ မြန်မာအစိုးရတပ်စခန်း နာ့ဖော့ (Nahpaw) တွင် မြန်မာ အစိုးရတပ် အင်အား ၁၀၀ ကျော်ရှိပြီး ၎င်းနယ်မြေတွင် လှုပ်ရှားနေသော တပ်သားများသည် နာ့ဖော့ (Nahpaw) ကျေးရွာ လူနေအိမ်များသို့ လှုပ်ရှားလာစဉ် KIA ခြေလျင်တပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ (၃၀) ကျော်ရှိသည့် အဆိုပါကျေးရွာမှ ရွာသားများသည် ယခုချိန် မဂါယန် (Maga Yang) ဒုက္ခသည် စခန်းသို့ ထွက်ပြေးခိုလုံနေ ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း အစိုးရတပ်များတပ် အပြောင်းအလဲလုပ်ကာ ထိုးစစ်ဆင်နေဆဲ



မြစ်ကြီးနား-ဝိုင်းမော်အထက် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃)နယ်မြေ မန်ဒေါင် (Man Dawng) တွင် ထိုးစစ်ဆင်လှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၃၇) မှတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော် အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်က မြစ်ကြီးနား ဘက်သို့ ကား ၂ စီး အပြည့် ဖြင့် ထွက်ခွာ သွားကြောင်းသိရသည်။

ယင်းသို့ ထွက်ခွာသွားခြင်းမှာ တပ်ဆုတ်ခွာခြင်း မဟုတ်ဘဲ တပ်အပြောင်း အလဲ ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်များပြောသည်။ ထို့အပြင် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အောက်တို ဘာလ ၁၇ ရက် နေ့က မြစ်ကြီးနား-နမ်ဆန်ယန် တံတားတွင် လုံခြုံရေး ယူ နေသောအစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၃၈၆) မှ တပ်ဖွဲ့ဝင် ၃ ဦးကို  KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) မှ ပျောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးခဲ့သည်။

“အဲဒီတံတားမှာ ၃ ယောက်စောင့်နေတာ။ ကျွန်တော်တို့ ပစ်လိုက်တော့ ၂ ယောက်က ထွက်ပြေးသွားတယ်။” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

KIO နှင့် တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့်နေရာ အစိုးရ အကြောင်းမပြန်သေး



ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံ ဆွေးနွေးရန် အစိုးရဘက်မှ ယခုလ ၁၀ ရက်နေ့က KIO ထံစာရေးသား ကမ်းလှမ်းထားသော်လည်း နှစ်ဘက်တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်အတိအကျကိုမူ ထပ်မံအကြောင်းကြားလာခြင်းမရှိသေးကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။

အစိုးရဘက်မှ KIO ထံပေးပို့သည့် စာတွင် နှစ်ဘက်တွေ့ဆုံမည့် နေရာမှာ တရုတ် - မြန်မာနယ်စပ်မြို့ များဖြစ်သည့် ရွေလီ သို့မဟုတ် မူစယ် တစ်နေရာရာ ဖြစ်နိုင်ပြီး နောက်ဆက်တွဲတွင် အစိုးရကိုယ်စား လှယ် များ ယခုလ ၁၆ ရက်နေ့အထိ အားလပ်မှုမရှိသေးကြောင်း ဖေါ်ပြထား သည်။

KIOဘက်မှ အဆိုပါစာ လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြား ထား ရာ ၄င်းနောက်ပိုင်း အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးမည့်ကိစ္စ ထပ်မံ အကြောင်းကြားခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ KIO အရာရှိ ကြီး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စစ်ပြေးရှောင် တိုင်းရင်းသား ဒုက္ခသည်များ အကူအညီ ရရှိရေးအတွက် UNFC ဂျပန်နိုင်ငံရောက်ရှိ



မြန်မာနိုင်ငံရှိ စစ်ပြေးရှောင် တိုင်းရင်းသားဒုက္ခသည်များ အကူအညီရရှိ စေရေးအတွက် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)သည် နိပွန်ဖေါင်ဒေးရှင်းနှင့် တွေ့ဆုံရန် အောက်တို ဘာလ ၁၇ ရက်နေ့ ညအချိန်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ယင်းခရီးစဉ်ကို ခွန်ဥက္ကာ ဦးဆောင်ကာ နိုင်ငံခြားရေးဒုတာဝန်ခံ ဒေါက် တာခင်မောင်အပါအ၀င် ဦးခွန်ဝါး၊ ဗိုလ်မှူး ကြီး လှအောင်၊ ကိုအောင်ဝင်း ကြည် စသည့် အဖွဲ့ဝင် ၁၉ဦးပါဝင်ပြီး ဂျပန်နိုင်ငံရှိ လူသားချင်းစာနာမှု အကူအညီ ပေးသည့် နိပွန်ဖေါင်ဒေးရှင်း၏ ဖိတ်ခေါ်ခြင်းဖြင့် ၇ ရက်ကြာ သွားရောက်မည့် ခရီးစဉ်ဖြစ်သည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာ “အဓိကတော့ တိုင်းရင်းသား ဒုက္ခသည်တွေကို ကူညီရေးပေါ့။ ပြီးတော့ (မြန်မာနိုင်ငံအတွင်း) တိုင်းရင်းသားတွေက စစ်ဒဏ်ကြောင့် ဆင်းရဲ၊ ဒုက္ခရောက်ရတဲ့ အကြောင်းတွေကို နိပွန်ဖေါင်းဒေးရှင်းရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ သိစေရန် ဆွေးနွေးတင်ပြဖို့ သွားတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား


ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်) စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်ကလူတွေ တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်း နဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော် ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိ သလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူး မှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။
*******

ARE KACHINS IN BURMA BEING OPPRESSED WILFULLY AND CONSCIOUSLY?


(Jinghpawkasa)

At 10:00 PM on the day of 17th October, the brutal Burmese Government troop, which is based on Hpakant military tactic hill, fired 12 times with 81 MM artillery weapon to the Maw Mau Hill, according to the KIA front-line officer report. On that incident, the innocent (3) civilians died and another (3) civilians wounded seriously. On the other hands, the Burmese Government President Thein Sein and Minister Awng Min lied very neatly to the world  that “Our Burmese troops are not fighting to the KIA, just only sending the ration to the front-line area”.

တိုက်ပွဲ အဆက်မပြတ် ဖြစ်နေသည့် ကြားက KIA နှင့် အစိုးရ တွေ့ဆုံပွဲ


ရွှေဟင်္သာသတင်းဌာန

ဖားကန့် မြို့ရှိ အစိုးရ စစ်ဗျူဟာ ကုန်းသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေ ဖြစ်သော ဖားကန့် ဒေသ မော်မောဘွမ်း ကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှု ကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဒေသခံ ကချင်လူငယ် ခေါင်းဆောင် တဦးက ဆိုပါသည်။

“ ပစ်တာက ည (၉နာရီနဲ့ ၁၀) နာရီ ကြားမှာပါ။ ၁၂၀ မမ လို့ ထင်ရတဲ့ လက်နက်ကြီး အလုံး (၂၀) လောက် ရှိမယ် ပစ်တာ။ တပ်ရင်း (၆) က KIA တပ်သားလည်း (၂) ဦး သေပြီး (၂) ဦး ဒါဏ်ရာ ရတယ်လို့ တပ်ထဲ က သူငယ်ချင်းက ပြောပြ တယ်လေ။ တိုက်ပွဲ မဖြစ်တာ ကြာပြီးဗျ။ (၁၀) ရက် မကတော့ဘူး။ ပြီးတော့ ဆွေးနွေးပွဲ လေသံတွေလည်း ကြားနေရတော့ ဒီတခါ အေးဆေးပြီးပေါ့ စဉ်းစား နေကြတယ်ဘဲ ရှိသေးတယ်။ ညက ထပစ်လိုက်တော့ မျှော်လင့်ချက်က သဲထဲရေသွန် မလားတော့ မပြောတတ်ဘူး” ဟု ဆိုပါသည်။

ဗမာအစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ ပြည်သူများ

(Jinghpawkasa)



ကချင်လူမျိုးများ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရခြင်းလော

(Jinghpawkasa)


အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ဗမာအစိုးရတပ် ဗျူဟာကုန်းမှ မမ ၈၁ လက်နက်ကြီး ဖြင့် ၁၂ လုံးခန့် ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးအများစုမှာ မော်မောကုန်း လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာရရှိခဲ့ပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးအောင်မင်း တို့ KIA အား တိုက်ခိုက်ခြင်းမရှိကြောင်း၊ ရိက္ခာပို့ဆောင်ခြင်းသာ ဖြစ် ကြောင်းဟု ကမ္ဘာပတ်ပြီး လိမ်လည် လှည့်ဖျားခဲ့ပါသည်။

လမ်းနယ်အတွင်း ကျူးကျော်ပြီး ကန်ထရိုက် ဆောက်လုပ်

(Jinghpawkasa)

အောက်တိုဘာ (၁၈) ကြာသာပတေး



မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မီးရထားသံလမ်းနှင့်လီဒူလမ်းမကြီး (ပန်ဆောက်လမ်း) ကြား၊ အရင်ဘဏ် အဆောက်အဦး (ယခု စွမ်းထက်သာလက်ဘက်ရည်ဆိုင်) ၏ မျက်နှာချင်းဆိုင်လမ်းမ ပေါ် (စိမ်းရွှေဝါ ဗီဒီယိုရုံ အနောက်ဘက်) တွင် "မြန်မာ့ကြယ်စင်လင်း" ဆောက်လုပ်ရေးအဖွဲ့မှ ကန်ထရိုက်တိုက် ဆောက်လုပ်လျက် ရှိပါသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီတွင် တွေ့မည်

(ဧရာဝတီသတင်းဌာန)


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များသည် တင်းမာနေသော စစ်ရေး ကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေး နွေးကြရန် သဘောတူထားကြကြောင်း သိရသည်။

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသိရ သေး သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြု ထားကြောင်း KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau) က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့မှ စတင်၍ KIO ခေါင်းဆောင်များ ၎င်းတို့၏ ထိန်းချုပ် ဒေသ တွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် ညှိနှိုင် ဆွေးနွေးပြီးမှ သာလျှင် တွေ့ဆုံမည့် နေ့ရက်ကို သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး

(မဇ္စျိမ)။   ။ ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်ထိ ဖားကန့် ဗျူဟာကုန်း အစိုးရတပ်စခန်းမှ တမိုင်ကျော် အကွာအဝေးရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များရှိရာ မော်မောင်ဘွမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ကိုခခူးတူးခေါင်၊ ကိုစဂ နော်အောင်၊ ကိုမဂေါင် နော်ဆန့်၊ ကိုကီလ တူးအောင်၊ ကိုဂွမ်ယောင် တန်ဂွန်း တို့ဖြစ်ပြီး ကိုစက လဂျာ၊ ကိုဇော်ခွမ်၊ ကိုဘရန်အောင်၊ လယန် ဇော်ဆိုင်း၊ လဖိုင် ဇော်လတ်အောင်တို့ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကက်သလစ် အသင်းတော်မှ ဓမ္မဆရာ နော်ဂျာက ပြောသည်။

Thursday, October 18, 2012

သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ

(မဇ္ဈိမ) ။        ။ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံး ဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာ ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီး ညွန့်လှိုင် က ပြောသည်။

လက်ထပ်ပြီး ကလေး တယောက် မွေးပေးပါက ယင်းငွေ ကျပ်သိန်း ၃ဝ ရရှိနိုင်မည်ဟု ပွဲစားများက ပြောဆို သိမ်းသွင်းခေါ်ဆောင်နေကြခြင်း ဖြစ်သည်။

“ကလေးမွေးပြီး သွားရင်တော့ ကိုယ့်နိုင်ငံ ပြန်လာလို့ရတယ်ဆိုပြီး ပေါ် ပေါ်တင်တင် စည်းရုံးမှုတွေ ပြုလုပ်လာကြ တယ်။ အဲဒါကို သဘောတူလို့ လိုက်သွားကြတဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိကြတယ်။ အဲဒီကိစ္စ ရပ်က ဈေးကွက် တခုလို ဖြစ်နေတယ်” ဟု ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။

မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံးပြန်ဖွင့်မည်

(ELEVEN MEDIA GROUP)

Thursday, 18 October 2012



မြစ်ကြီးနားတက္ကသိုလ်ရှိ အဆောက်အအုံတစ်ခုအား၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက တွေ့ရစဉ်

တက္ကသိုလ်ကျောင်းများအတွင်း  ကျောင်းသား၊ ကျောင်းသူများအဆောင် နေထိုင်ခြင်းကို တစ်နိုင်ငံလုံး၌ ၁၉၉၆ ခုနှစ်ဝန်းကျင်မှစ၍ ပိတ်ပင် ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအနေဖြင့် ပြန်လည်ထားရှိ မည် ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

မြစ်ကြီးနားတက္ကသိုလ်၌ အဆောင်ပြန်လည်ထားရှိမည့် အစီအစဉ်အနေ ဖြင့် ခါကာဘိုဆောင်နှစ်ခုတွင် ယောက်ျားလေးဦးရေ ၁၂၀၊ ဆွမ်ပရာဘွမ် အဆောင်နှစ်ခုတွင် မိန်းကလေးဦးရေ ၁၂၈ ဦးထားရှိမည်ဖြစ်ပြီး ဝေးလံ ခေါင်ဖျားဒေသများမှ ကျောင်းသူ၊ ကျောင်းသားများအား ဦးစားပေးထား ရှိမည်ဟု စုံစမ်းသိရှိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်

(ELEVEN MEDIA GROUP)

Thursday, 18 October 2012

ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့်ဆက်စပ် သည့် ပစ္စည်းကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ် ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

စစ်အစိုးရ၏ သတင်းပို့ယာဉ်ကို ကေအိုင်ဖမ်းမိ

(Jinghpawkasa)


အောက်တိုဘာ (၁၈) ကြာသာပတေး


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း ဖားကန့်လမ်း ဂေါ်ရီကျေးရွာတွင်  အောက်တိုဘာ (၁၄) ရက် တနင်္ဂနွေနေ့ ညနေပိုင်း (၄း၀၀) နာရီအချိန်၌ ဖားကန့်ဘက်မှ ပြန်လာသော ဗင်ကား အမှတ် ပ/၈၂၆၇ ကို  ကေအိုင်အေမျိုးချစ်ရဲဘော်များ တားဆီး စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဤသို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များ ကားကို တားဆီးစစ် ဆေးရာတွင် ဗမာအစိုးရ၏ အမှတ် (၂) စစ်ဗျူဟာအတွင်းမှ စစ်အင်းအား စာရင်းများ၊ လက်နက်စာရင်းများ၊ မေလမှ စက်တင်ဘာလအတွင်း မပခ သို့ သတင်းပို့သော နေ့စဉ်စစ်မှတ်တမ်းများ၊ စစ်ရေးနှင့် စပ်ဆိုင်သော ဗီစီဒီအချပ်များ၊ ဗမာအစိုးရအလံတစ်ခု နှင့် စကားပြောစက်အကြီး တစ်လုံး ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

According to the KIA front-line officer report, the KIA (2) battalion checked van car P/8267 from Hpa Kant in Gau Ri vilege at 04:00 PM on Oct 14th. In the checking, KIA have checked-out and controlled the list of military force, the list of ordnance, daily report to Northern Burmese Military head quarter from May to September, battle CD record, One  Government flag and large military walkies-talkie from the Burmese Government (2) military tactic from that car.

မိုးကောင်း (၈) မိုင်လမ်းဆုံတွင် ခရီးသွားများကို စစ်တပ်မှ တားဆီးစစ်ဆေး

(Jinghpawkasa)


အောက်တိုဘာ (၁၈) ကြာသာပတေး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း (၈) မိုင်လမ်းဆုံတွေင် ဗမာအစိုးရ စစ်တပ်၊ ရဲ၊ မီးသတ် တပ်ဖွဲ့များ ပူပေါင်းပြီး ခရီးသွားပြည်သူများကို ရပ်တန့် စစ်ဆေး နေကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် တိုင်းရင်းသား  ဒေသများ၌ ယခုကဲ့သို့ တိုင်းရင်းသားလူမျိုးများကို အမျိုးမျိုးအကြောင်း ရှာပြီး ခရီးသွားလာမှုများကို တားဆီးနှောင့်ယှက်လျှက်ရှိကြောင်းနှင့် တိုင်းရင်းသား လူထုများ ဗမာအစိုးရ၏ ယခုကဲ့သို့ တားဆီးနှောင့် ယှက်မှုကြောင့် ခရီးသွားလာရာတွင် ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရကြောင်း ကိုသိရှိရပါသည်။