Saturday, October 13, 2012

ကေအိုင်အေတပ်ရင်း (၂) နယ်မြေတွင် ဗမာစစ်သား (၃) ဦးကျ

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အို အစိုးရ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) နယ်မြေဖြစ်သော မုံဂျီ ဘက်မှ ထိုးစစ်ဆင်လာသော ဗမာအစိုးရစစ်တပ် များကို ကေအိုင်အေ တပ်ရင်း (၂) မျိုးချစ်ရဲဘော်များမှ အောက်တိုဘာ (၁၂) ရက် နေ့လည်ပိုင်း (၁း၃၀) နာရီခန့်အချိန်တွင် မန်းဆာရွာ၌ မိုင်းများဖြင့် ဆီးကြို ဆိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၃) ဦးသေဆုံး ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်အနေဖြင့် ကေအိုင်အို အစိုးရကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမရှိဟု ကမ္ဘာပတ် လှည့်လိမ်နေသော် လည်း ဗမာအစိုးရ၏ စစ်တပ်များသည် ကေအိုင်အိုအစိုးရ ထိန်းချုပ်ရာ နယ်မြေများသို့ စစ်အင်အား၊ လက်နက်အင်းအား အများအပြားဖြင့် ထိုးစစ်ဆင် နေလျက်ရှိကြောင်းသိရှိရပါသည်။

ကေအိုင်အေ တပ်ရင်း (၂) ဒေသတွင်တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်အခြေစိုက် တပ်မဟာ (၄) နယ်မြေဖြစ်သော တာမူးညဲ နှင့် ပင်လုံ ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ်များကို ကေအိုင်အေ တပ်ရင်း (၂) မျိုးချစ်ရဲဘော် များမှ အောက်တိုဘာ (၁၂) ရက်နေ့ မနက် (၁၀း၀၀) နာရီ အချိန်တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ခုခံတိုက်ခိုက်ရာ ဗမာအစိုးရစစ်တပ်ဘက်မှ (၅) ဦးသေဆုံးပြီး၊ (၂) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ကောင်းခမ်းရှမ်းရွာတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၄) လက်အောက် တပ်ရင်း (၂၇) နယ်မြေဖြစ်သော ကောင်းခမ်းရှမ်းရွာ သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ်များကို အောက်တိုဘာ (၁၂) ရက်နေ့မနက် (၈း၀၀) နာရီခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့တိုက်ခိုက်ရာ ဗမာအစိုးရစစ်တပ်ဘက်မှ (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မန်ဒန်ရွာတွင် ဗမာအစိုးရစစ်တပ်ကားကို ဖောက်ခွဲဖျက်ဆီး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှ့ပိုင်းတိုင်း တပ်မဟာ (၃) လက်အောက် တပ်ရင်း (၂၇) ဒေသ မန်တန် ဘက်မှ စစ်ကား (၅) စီးဖြင့် ထိုးစစ်ဆင်လာသော ဗမာအစိုးရစစ်တပ်ကို ကေအိုင်အေ တပ်ရင်း (၂၇) မှ မျိုးချစ်ရဲဘော်များကနေပြီး အောက်တိုဘာ (၁၂) ရက် ညနေ (၇း၀၅) နာရီအချိန်ခန့်တွင် နမ့်ခမ်းနှင့် မန်ဒန် ကြား ဟင်လုံရွာတွင် အဝေး ထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့တိုက် ခိုက်ရာ ဗမာစစ်တပ်ဘက်မှ ကား (၂) စီးမီးလောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

Friday, October 12, 2012

KIO နှင့် ဆက်သွယ်မှုဖြင့် ကချင်အမျိုးသားတဦး ထောင်ဒဏ် ချမှတ်ခံရ


(မဇ္စျိမ) ။          ။ ဖားကန့်မြို့နယ်၊ မရှီကထောင် ကျေးရွာမှ ကချင်အမျိုးသား ဦးမကျန် ရော်ထုန် အား မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှု ၁၇(၁)ဖြင့် ထောင်ဒဏ် ၈ လ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာအင်ကွမ် နန်နော် က ပြောသည်။

ဦးရော်ထုန်ကို ဖားကန့်မြို့တွင် ဗုံးခွဲသည်ဟု စွပ်စွဲပြီး တနှစ်နှင့် နှစ်လ ကျော်ကြာ ဖမ်းဆီးထားခဲ့သည်။ ထို့နောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုကာ သောကြာ နေ့ ညနေ ၅ နာရီကျော် အချိန်တွင် မြို့နယ် တရားရုံးက ထိုသို့ အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

ပြန်တွေ့ဆုံရေး KIO ကို နေပြည်တော် ကမ်းလှမ်း

(ဧရာဝတီ)


ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် မြန်မာ အစိုးရ တပ်များအကြား စစ်ရေး တင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ ဆုံဆွေး နွေးရန် အစိုးရဘက်က ပြန်လည် ကမ်းလှမ်း လိုက်သည်။
အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် တရုတ် နိုင်ငံ ရွှေလီမြို့သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ နယ်တွင် တွေ့ဆုံရန် အဆိုပြုထားပြီး KIO ခေါင်းဆောင်များထံ ယခုလ ၁၀ ရက် နေ့က စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြော သည်။

အစိုးရက ပေးပို့သည့် စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိထား ကြောင်း သိရသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီမှာ ပြန်လည် တွေ့ဆုံမည်


(မဇ္စျိမ) ။        ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မကြာမီ တွေ့ဆုံမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြော သည်။

သုံးလကျော်ကြာ နှစ်ဖက် တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်း က ရွှေလီမြို့ သို့မဟုတ် မူဆယ်မြို့ တွင် ပြန်လည်တွေ့ဆုံ ရန် အောက်တိုဘာလ ၁ဝ ရက်နေ့က ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထံ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အစိုးရလုပ်ဆောင်ချက်တွေကို ပီဒီပီ ပါတီက ဖွင့်ချ


2012-10-11 (RFA)
ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အခြေစိုက် ပြည်သူ့ ဒီမိုကရေစီ ပါတီ (PDP) က ရန်ကုန်မြို့ ရွေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက သတင်းစာရှင်းလင်းပွဲ အပြီးမှာ RFAကို အခုလို ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ကချင်ပြည်နယ် အစိုးရအဖွဲ့ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ပြီး ကချင်ပြည်နယ်သူ ပြည်နယ် သားတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ပါတီက နိုင်ငံတော် သမ္မတကြီးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြ တိုင်ကြား ခဲ့ပါတယ်။ အဲ့ဒီ တိုင်ကြားချက်တွေကိုတော့ ကနေ့အချိန်ထိ အရေးယူမယ့် သူ၊ စစ်ဆေးမယ့်သူ မရှိသေးဘဲနဲ့  တင်ပြ တိုင်ကြားချက်တွေပေါ်မှာ အကြောင်းပြပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့က ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ထုတ်ဝေတဲ့ ပြည်သူ့လုပ်သား သတင်းစဉ် အပေါ် တရားစွဲဆိုဖို့ ဆောင်၇ွက်နေတာ ဖြစ်တဲ့ အတွက် ကျွန်တော် အနေနဲ့ ကနေ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။ "

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ မြစ်ကြီးနားမြို့ပေါ်က ပုဂ္ဂလိက မော်တော်ယဉ်အသင်းတွေကို ဖျက် သိမ်းခဲ့တာတွေ၊ တနိုင်းမြို့က စက်လှေတွေကနေ ငွေကြေးကောက် ခံတာတွေနဲ့ ပက်သက်တဲ့ အကြောင်းတွေကို အဓိကထား ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Thursday, October 11, 2012

KIA နှင့် ဖားကန့်အနီး နှစ်နေရာ တိုက်ပွဲတွင် မြန်မာစစ်သား ၆ ဦးကျ ၁၅ ဦးထိခိုက်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ကျောက်စိမ်းမှော်ဒေသ ဖားကန့်မြို့အ၀င် ၅ မိုင်အကွာ နှစ်နေရာတွင် မြန်မာအစိုးရစစ်ကြောင်း နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ဖွဲ့များကြား တစ်နာရီခြား ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရစစ်သား အနည်းဆုံး ၆ ဦးကျပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်ရင်း ၆ KIA အရာရှိများ အတည်ပြုပြောသည်။

ဖားကန့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၆)နှင့် မြန်မာစစ်တပ် ခမရ (၃၈၁၊ ၃၈၂၊ ၃၉၀) ပါဝင်သော စုပေါင်းစစ်ကြောင်း အင်အား ၁၅၀ ကျော်သည်  ယမန်နေ့ အောက်တိုဘာလ ၉ ရက် နံနက် ၇ နာရီတွင် နမ်တိန် (Nam Ting) အထက် ရှိ “ပစောက်ကွေ့ တွင် တိုက်ပွဲဖြစ်ပွား ရာ အစိုးရတပ်မှ ၃ ယောက် သေဆုံးပြီး ၇ ယောက်ဒဏ်ရာရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ပိုက်လိုင်းပျက်၍ မြစ်ဆုံ ရွှေ့ပြောင်းရွာများ ရေအခက်အခဲ ဖြစ်

(ဧရာဝတီသတင်းဌာန)


ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် ယာယီပြောင်းရွှေ့ပေး ရသည့် အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရေပေး ဝေနေသော ရေပိုက်လိုင်းများ မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ ယခု အချိန်အထိ ဒေသခံများ ရေ အခက်အခဲကြုံနေကြောင်း သိရသည်။

အဆိုပါ ရေပိုက်လိုင်းများသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ အခုအထိ Asia World ကုမ္ပဏီနှင့် China Power Investment (CPI) တို့မှ ပြုပြင်ပေးခြင်း မရှိသဖြင့် မြစ်ကြီးနားမြို့ပေါ်မှ လာရောက်ရောင်းချသည့် ရေသန့်ဗူးများကိုသာ ၀ယ်သောက်နေရကြောင်း အောင်မြင်သာ စံပြကျေးရွာခံ ကိုသန့် ဇင်မင်းက ဧရာဝတီသို့ ပြောသည်။