Saturday, September 29, 2012

ကချင် စစ်ပွဲတွေအပေါ် သမ္မတက KIA ကို အပြစ်ဆို

(ရွှေဟင်္သာသတင်းဌာန)

အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ  ဖြစ်ပွား လာတဲ့ အပေါ် တပ်မတော် ဘက်ကနေ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတက အမိန့် ထုတ်ခဲ့ ပေမယ့် KIA ဘက်က အဲဒီလို အမိန့် မထုတ်ခဲ့ဘူးလို့ သမ္မတ ဦးသိန်း စိန်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် နိုင်ငံ နယူးယောက်မြို့ ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့တုန်းက မြန်မာ သတင်းထောက် တချို့ နဲ့ တွေ့ ဆုံစဉ် ကချင်ကိစ္စနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းချမ်း ရေးရအောင် ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

(ELEVEV MEDIA GROUP)

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူတို့နဲ့ တော်တော်များများ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ဘက်က လည်းပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်ခိုင်းထားတယ်။ စစ်တပ်ကိုကျွန်တော် အမိန့်ပေးထားတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း ပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်စဲတဲ့အမိန့် ထုတ်ပေးပါ။ ဒီလိုဆိုရင် ကျွန်တော်တို့နှစ်ဖက်က စားပွဲပေါ်မှာထိုင်ပြီးတော့ ဆွေးနွေးကြရအောင်။ ခက်တာက သူတို့ဘက်က ဒီလို ပစ်ခတ် တိုက်ခိုက်တာတွေကို တားဆီးမိန့် ထုတ်ထားတာ မရှိဘူး။ အဲဒီတော့ အောက်ခြေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ တားထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပါပဲ''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု တွင် မြန်မာစစ်သား ၅ ဦး သေဆုံး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာအစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက်ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းမြန်မာအစိုးရတပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင်လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလိုပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။

ဖားကန့်တွင် ရခိုင်အမျိုးသားပါဝင်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်စခန်း တစ်ခုတွင် ရခိုင်လူမျိုးပါဝင်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်းကျောင်းဆင်းပွဲကို စက်တငဘာ ၂၈ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

KIA စစ်သင်တန်းဆင်းသူများတွင် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၃၆ ဦး နှင့် ရခိုင်လူမျိုး ၂၉ ဦး စုစုပေါင်း ၁၇၈ ဦး ဖြစ်ကြောင်း တပ်ရင်း ၆ KIA အရာရှိတစ်ဦးပြောသည်။

သင်တန်းဆင်ပွဲအစီအစဉ်ကို အာနန် (Anang Hpyen It Dabang) တပ်စခန်းတွင် နံနက် ၁၁ နာရီမှ ၂ နာရီထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီလိုအပ်နေ

(ကချင်သတင်းဌာန)

တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ် ခခေ (Hka Hkye) ကျေးရွာ အစွန်းတွင်ရှိသော ကချင်ဒုက္ခသည် စခန်းတွင် အစားအသောက် အခက်အခဲကြုံတွေ့နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

၎င်းဒုက္ခသည်စခန်းသည် မံစီမြို့နယ်တွင်ရှိပြီး  အခြားကျေးရွာ မြို့များနှင့် ဝေးသော သီးသန့် ဒုက္ခသည်စခန်း ဖြစ်ပြီး အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်းသိရသည်။

ယခုချိန်ထိ ခခေ (Hka Hkye) ဒုက္ခသည်စခန်းတွင် မည်သည့်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှု ရောက်မလာသေးကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးဒွဲလာ (Salang Doi La) ကပြောသည်။

နမ့်ဖတ်ကာတွင် ဗမာစစ်သား (၃) ဦးကျ။ ၂ ဦး ဖမ်းမိ

(Jinghpawkasa)

KIA အစိုးရ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေဖြစ်သော နမ့်ဖတ်ကာသို့ ထိုးစစ် ဆင်လာသော ဗမာ စစ်တပ် ခလရ ၁၂၃ နှင့် KIA တပ်ရင်း ၉ မှ တပ်ဖွဲ့ ၀င်များ စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရှိပါသည်။
တိုက်ပွဲတွင် ဗမာ စစ်တပ်ဘက်မှ ၃ ဦးကျဆုံးပြီး ၂ ဦးအား ဖမ်းဆီးမိကြောင်း သိရပါသည်။ ကျဆုံးသူများတွင် ၃ ပွင့် စစ်ဗိုလ်တစ်ဦး ပါဝင်ကြောင်း သတင်းရရှိပါသည်။
ဗမာအစိုးရစစ်တပ်မှ လက်နက် (၄) လက်ကိုလည်း ကေအိုင်အေ ရဲဘော်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ ဖြစ်ကြောင်း သမ္မတပြော


(Democratic Voice of Burma)

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်တာဟာ အစိုးရဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်တာလို့ နိုင်ငံတော် သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတ  ဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့ သဘောထားလေးတွေက နည်းနည်းကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့ အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

တရုတ်ပြည်ဘက် တရားမ၀င် သစ်မှောင်ခိုထုတ်

(DVB)

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ခွဲစိတ်ပြီးသား  သစ်တွေ နေ့စဉ် ၁၀ ဘီးကားတွေနဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င် ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေ ဗန်းမော်ဒေသခံက "တရားမ၀င် သစ်တွေ၊ မှောင်ခိုတွေပဲ တအားချနေကြတယ်။ လေးပေအထူ၊ ငါးပေအထူ၊ ကိုးပေအထူ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ပိတောက်၊ သံမလန် အစုံသွားတယ်။ တရုတ်ဘက်ကို ရောက်ရင်လည်း ဈေးကောင်းမပေးဘူး။ ၁၀ ဘီးကားတွေ တရက်ကို ၁၅ စီးလောက်ရှိတယ်" လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်အတွင်းက တပ်မတော်၊ ရဲတပ်ဖွဲ့၊ သစ်တောဌာနနဲ့ အကောက်ခွန်ဌာနတွေကို ငွေပေးပြီး မြန်မာနိုင်ငံက ခွဲစိတ်ပြီးသား သစ်တွေကို တင်ပို့နေတာ ပါ။

တရုတ်နိုင်ငံဘက်က သစ်ဝယ်လိုသူတွေဟာ  အာဏာပိုင်တွေရဲ့ အစစ်အဆေး မေးမြန်းတာတွေ မရှိဘဲ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ ဆင်းပြီး ၀ယ်ယူနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

"သယံဇာတတွေ တအားနစ်နာတယ်။ ပြီးရင် လွယ်ဂျယ်က ကုန်သည် တရုတ်လောပန်းတွေက သူတို့ လက်ခွဲ ဗန်းမော်က လူတွေကို ပိုက်ဆံပေးပြီး ကောင်းတုံမှာ သွားဝယ်ခိုင်းတာလေ။ ဟိုဘက်က တရုတ်တွေကလည်း မြန်မာစကားတတ်တာပဲ။ လမ်းမှာ အစစ်အဆေးလည်းမရှိဘူး။ သစ်လုပ်တဲ့သူဆို လွယ်ဂျယ်ကနေ ပါဂျဲရိုးတွေနဲ့ လာရင် လမ်းမှာရှိတဲ့ ဂိတ်တွေကလည်း ဘာမှ မပြောတော့ဘူး။ သူတို့ကို လိုင်းကြေးပေးထားတော့ တရုတ်မကလို့ အင်္ဂလိပ်ပဲလာလာ။"

တရုတ်နိုင်ငံဘက်က ခွဲစိတ်ပြီးသား သစ်အမျိုးမျိုးကို မြန်မာနိုင်ငံဘက် ကနေ ၀ယ်ယူနေပေမယ့် စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံ က ထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကနေ မ၀ယ်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်သို့ သွားလာသည့် အဓိကလမ်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအလာ ပိတ်ပင်

(ELEVEN MEDIA GROUP)

ကချင်ပြည်နယ် ဖားကန့်မြို့ နယ်သို့ ဆက်သွယ်သွားလာရာ အဓိ ကလမ်းပိုင်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအ လာကိုပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါသည်။

"မိုးကောင်းကနေ ရှစ်မိုင် လောက်ဝေးတဲ့ ရှစ်မိုင်လမ်းဆုံမှာ တပ်မတော်က အတက်ကားတွေကို ပိတ်လိုက်တယ်၊ ဖားကန့်ကနေ ၁၀ မိုင်ဝေးတဲ့ နန့်တိန်မှာ ကေအိုင်အေ က အဆင်းကားတွေကို ပိတ်လိုက် တယ်လို့ သိရပါတယ်" ဟု ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင် ခဲ့ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားမှု ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ် များတွင် ဒေသခံများသည် နေရပ် မှ တိမ်းရှောင်ရမှုများရှိနေသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းများ အဓိက လုပ်ကိုင်ရာ စီး ပွားရေးမြို့ဖြစ်သည့် ဖားကန့်မြို့ နယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ က တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ် ဩဂုတ်လကုန် ပိုင်းတွင် တပ်မတော်နှင့် ကေအိုင် အေတို့အကြား တိုက်ပွဲများပြန်လည် ဖြစ်ပွားလာကာ စက်တင်ဘာလကုန် ပိုင်းရောက်ရှိသည်အထိ နယ်မြေအ ခြေအနေ အေးချမ်းမှုမရှိသေး ကြောင်း ဒေသခံများထံမှ သိရှိရပါ သည်။

ဖားကန့်ဒေသတွင် ယခင်က လူဦးရေ သုံးသိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်းအောက်သာ ကျန်ရှိနေကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၁၀ဝ၀ဝ ဝန်းကျင်ခိုလှုံလျက်ရှိကာ လူမှုရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ဆဒုံး ဆဂပါ သို့ လက်နက်ကြီးပစ်ခတ်

(Jinghpawkasa)

ကချင်ပြည်နယ် ဆဒုံးတွင်တပ်စွဲထားသော ဗမာအစိုးရ၏ တပ်မ (၈၈) မှ ဆဂပါကျေးရွာသို့ နေတိုင်း လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။ တပ်မ (၈၈) မှ စက်တင်ဘာလ (၂၇) ရက်နေ့ညတွင် (၆) ကြိမ်၊ စက်တင်ဘာလ (၂၈) ရက်ညတွင် (၃) ကြိမ်း ဆဂပါရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။ ဤ ဆဂပါကျေးရွာတွင် ဗမာအစိုးရမှ တရားဝင်ဖွင့် လှစ်ထားသော အလယ်တန်းကျောင်းရှိပြီး၊ ၄င်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၂၁၀) ကျော် ပညာသင်ယူနေကြောင်း နှင့် ဆဂပါကျေးရွာတွင်လည်း အိမ်ခြေစုစုပေါင်း (၁၆၀) လောက်ရှိကြောင်း သိရှိရပါသည်။ ယခုခဲ့သို့ ဗမာအစိုးရစစ်တပ်၏ မဆင်မခြင် လူနေရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင်း ရွာသူ၊ ရွာသားများ ထိတ်လှန့်ကြောက်ရွံ့လျက်ရှိကြောင်းနှင့် အထူးသဖြင့် သက်ကြီးရွယ် အိုများ၊ အသက်ငယ်သော ကလေးသူငယ်များနှင့် ဖျားနှာနေသူများအတွက် အထူးစိုးရိမ်မကင်း ဖြစ်နေရကြောင်း သတင်းရရှိပါသည်။

သမ္မတ ဦးသိန်းစိန်ထံသို့ တိုင်ကြားစာ

(Jinghpawkasa)






ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး

RFA


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ပွဲရပ်တန့်ရေးကို ရန်ကုန်မြို့ လမ်းတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။ 

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဥပဒေကြောင်းအရ အာမခံထားပေးမယ့် လူပုဂ္ဂိုလ် (၂) ဦး တောင်းဆိုပါတယ်။

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

ကေအိုင်စီ 
 
ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အားအိတ်ဖွင့် ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်များ၏ အခြေအနေ မှန်ကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခြင်းအားဖြင့်ဒုက္ခသည် များ၏အရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ကာ ယခုလို အိတ်ဖွင့်ပေးစာပေးအပ်ခြင်း ဖြစ်ကြောင်း ကချင်ကျောင်းသားလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးဖြစ်သူ ကိုနော်ဆန်းက ပြောသည်။

“ဒေါ်စုအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက လေးစားရတဲ့ အထင်ကရပုဂ္ဂိုလ် လည်းဖြစ်တယ်။ ပြီး တော့ ဒုက္ခသည်အရေးကို ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် သူတို့အရေးအတွက်တစ်စုံတစ် ခု ဖြစ်လာဖို့ မျှော်လင့်မိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁သိန်းဝန်း ကျင်ခန့်ရှိလာပြီး ဒုက္ခ သည်များမှာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

Friday, September 28, 2012

သမ္မတဦးသိန်းစိန်ကို ကချင်တွေဆန္ဒပြ

(ဘီဘီစီ မြန်မာဌာ)



မြန်မာ မစ်ရှင်ရုံးရှေ့ဆန္ဒပြ

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ မိန့်ခွန်းပြောအပြီး အမေရိကန် လုပ်ငန်းရှင်တွေနဲ့ နယူးယော့ မြန်မာမစ်ရှင်ရုံးမှာ တွေ့ခိုက် အင်အား ၄၀ လောက်ရှိတဲ့ အမေရိကန်ရောက် ကချင်လူမျိုးတွေ ဆန္ဒပြ ကြပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ဆန္ဒပြရကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘရန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

သမ္မတနဲ့ အတူရှိနေကြတဲ့ နယ်စပ်ရေးရာ ၀န်ကြီးနဲ့ လ၀က ၀န်ကြီးနှစ်ဦးက ဆန္ဒပြ ခေါင်းဆောင်တွေကို မစ်ရှင်ရုံးအတွင်း ခေါ်ယူ ဆွေးနွေးကြပါတယ်။

ကချင် ဆန္ဒပြသူတွေက သမ္မတထံ စာတစ်စောင်ပေးလိုက်သလို ကချင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားစေရေး တင်ပြကြပါတယ်။

ဝန်ကြီးနှစ်ဦးကလည်း အတွင်းမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတဲ့ အတွက် ဧည့်သည်တွေကြား အထင်လွဲနိုင်ကြောင်း၊ သမ္မတကြီး အနေနဲ့ အကောင်းဆုံး ဆောင်ရွက်နေကြောင်း ရှင်းပြခဲ့တယ်လို့ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ထိုးစစ် ရှိနေသရွှေ့ အပစ်အခတ် ရပ်စဲရေး မရနိုင်

ရွှေဟင်္သာသတင်းဌာန


အစိုးရ တပ်မတော် အနေဖြင့် တိုင်းရင်းသား အဖွဲ့ အစည်းများ အပေါ် ထိုးစစ်ဆင် နေမှုများ  မရပ်စဲသမျှ ကာလ ပတ်လုံး အပစ် အခတ် ရပ်စဲရေး ဆိုမှာလည်း  ဖြစ်လာနိုင်မည် မဟုတ်ကြောင်း လောလောဆယ် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်များက ယမန်နေ့က ထုတ်ပြန် ပြောဆို ခဲ့ပါသည်။
 စစ်ဆင်မှုများ ဆက်လက် ရှိနေပါက အေးချမ်း တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလည်း ဖြစ်လာရန် မလွယ်ကူကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ဤကိစ္စအတွင် အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် အမြဲ အဆင်သင့်ရှိ နေသော်လည်း နိုင်ငံတကာ၏ ပါဝင် ဆောင်ရွက်မှု အထောက် အကူများ လိုအပ်ကြောင်း ပြောပါသည်။

ကချင်အမျိုးသမီးတဦး ပျောက်ဆုံးမှု အမှန် ဖော်ထုတ်ပေးရန် KWAT တောင်းဆို

(မဇ္ဈိမ) ။         ။ ၁၁ လကြာ အစိုးရ စစ်တပ်မှ ဖမ်းဆီးသွားပြီးနောက် ယခုထိ ပျောက်ဆုံးနေသော ကချင်အမျိုးသမီး ဒေါ်ဆွမ်လွတ် ရွယ်ဂျား နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ မှန်ကန်စွာ တရားစီရင်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်အမျိုးသမီး အစည်းအရုံး KWAT က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ လွယ်ဂျယ် မြို့နယ်၊ လွယ်လုံတောင် မုဘွမ်အခြေစိုက် တပ်ရင်း (၃၂၁) တပ်သားများက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဗန်း ကျေးရွာနေ ဒေါ်ဆွမ်လွတ်ရွယ်ဂျား အား ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် မျှတသော တရားစီရင်မှု ဖော်ဆောင်ပေးရန်ရန် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ကျမတို့ အမှန်တရားကို လိုချင်တယ်။ သတ်လိုက်ပြီဆိုရင်လည်း သတ်လိုက်ပြီ ဆိုတာ သိချင်တယ်။ ခု သူတို့ လိမ်နေတယ်။ ခုတော့ တရားမျှတမှုက မပြောနဲ့ အမှန်တရားတောင် မပေါ်ဘူး။ အမှန်တရား ပေါ်ပေါက်မှ တရားမမျှတမှု ရှိမယ်လေ” ဟု KWAT မှ တာဝန်ရှိသူ ဒေါ်မွန်းနေလီ က မဇ္စျိမကို ပြောသည်။

အစိုးရ လုပ်ရပ်များအပေါ် တိုင်းရင်းသားများ သံသယရှိကြောင်း အမေရိကန်ကို ပြော

(မဇ္စျိမ) ။      ။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။

ကျိန်ခရန်ချောင်း ရေကာတာကျိုးပေါက် သောက်သုံးရေခက်ခဲ

(RFA)

မစ်ဆုံစီမံကိန်းကြောင့် အဓမ္မပြောင်းရွှေ့ခံလိုက်ရတဲ့ တန်ဖရဲ၊ လဖျဲ့-ပဒန်၊ မြစ်ဆုံ စတဲ့ရွာတွေက ရွာသားတွေ ယာယီအခြေချနေထိုင်တဲ့ အောင်မြင်သာကျေးရွာမှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။

ဒီလ ၂၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ တောင်ကျချောင်းရေနဲ့ ကျိန်ခရန်ချောင်းရေတွေ အရှိန်ပြင်းစွာ စီးဆင်းခဲ့တဲ့အတွက် ကျိန်ခရန်ချောင်း ရေကာတာ ကျိုးပေါက်ပြီး အောင်မြင်သာရွာကို ရေပေးဝေနေတဲ့ ရေပိုက်လိုင်း ပျက်စီးခဲ့ပြီး သောက်သုံးရေ ပြတ်လပ်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အခုလက်ငင်းမှာ ရေဝယ်သုံးနေရပြီး ဒုက္ခရောက်နေတဲ့ အခြေအနေတွေကို ရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"သောက်ရေသုံးရေ လုံးလုံးကို အစဉ်မပြေတော့ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ တစ်မိုင်ကျော် နှစ်မိုင်လောက်ဝေးတဲ့ ကျိန်ခရန်ချောင်းကို သွားပြီးတော့ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့သယ်ကြရတယ်။ ဆိုင်ကယ်မရှိတဲ့သူတွေက စက်ဘီးနဲ့ သယ်ရတယ်။ အဲဒီရေကိုပဲ ကျိုချက်သောက် ဒီအတိုင်းပဲနေ နေရတယ်။ မနေ့ကစပြီးတော့ မြစ်ကြီးနားက သုံးဘီးနဲ့ ရေလာရောင်းတာရှိတယ်။ အဲဒီရေသန့်ကိုပဲ ကျွန်တော်တို့ ဝယ်ပြီးသုံးနေရတယ်။ ပိုက်ဆံရှိတဲ့ လူတွေကတော့ ဝယ်သုံးနိုင်ကြတာပေါ့။ ပိုက်ဆံမရှိတဲ့လူတွေကျတော့လည်း ရေသန့်တစ်ဗူး ၉၀၀ ဆိုတဲ့ နှုန်းထားက အရမ်းများတယ်ဗျ။ ရေရှည်ဆိုရင်တော့ အဲဒီအတွက်ကို တော်တော်လေး စဉ်းစားရမယ်"

လက်ရှိ အောင်မြင်သာကျေးရွာဟာ ကျိန်ခရန်ချောင်း ရေစီးတဲ့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် တောင်ကျချောင်းရေ ဒဏ်ခံနိုင်ဖို့အတွက် CPI နဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့က ရေကာတာ တည်ဆောက်ထားပေးရာမှာ ခိုင်ခံ့ခြင်းမရှိတဲ့အတွက် အခုလိုတာရိုးကျိုးပြီး ရေပိုက်ပျက်စီးကာ သောက်သုံးရေ ခက်ခဲနေရတာလို့ ရွာသားတွေက ပြောပါတယ်။

အစိုးရစစ်သားများ ကလေးမိခင်တစ်ဦးအား အဓ္ဓမပြုကျင့်၍ သတ်ရန်ကြိုးစား

(KNG)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) နယ်မြေ အောင်နန်းကျေးရွာမှ အသက် (၂၉) နှစ်အရွယ် ကလေးမိခင်တစ်ဦးကို မြန်မာအစိုးရစစ်သားများသည် နေအိမ်သို့ဝင်ရောက်ကာ အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ရန်ကြံစည်ခဲ့ကြောင်း ဒေသခံများပြောသည်။

အဆိုပါကလေး ၃ယောက် မိခင်ဖြစ်သော ရှမ်းအမျိုးသမီးသည် နေအိမ်တွင်း အ၀တ်လျှော်နေစဉ် အစိုးရစစ်သား ၃ ဦး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး သတ်ရန်ကြိုးစားနေချိန် ၄င်း၏အမျိုးသား ပြန်လာသောကြောင့် အသက်လွှတ်သွားခဲ့ရကြောင်း ဒေသခံတစ်ဦးပြောသည်။

“အဲဒီမိန်းကလေးက ကလေးမွေးတာ ၁ လကျော်ပဲရှိသေးတယ်။ သူကအိမ်နောက်ဖက်မှာ ကလေးအနှီး လျှော်နေတယ်တဲ့။ အဲဒီမှာပဲ အဓ္ဓမပြုကျင့်ပြီးတော့ လေပင်းညစ်သတ်နေတဲ့အချိန် သူ့ယောင်္ကျားပြန်လာတာနဲ့ တွေ့တော့ ပြန်ထွက်ပြေးသွားကြတယ်တဲ့။”

ထိုသို့ဝင်ရောက်လာသော အစိုးရစစ်သား ၃ ဦးသည် ဗိုလ်ကြီး ထွန်းထွန်းနိုင် ဦးဆောင်သော နမ္မတူ (Namtu) အခြေစိုက် ခလရ (၂၄၇)မှ စစ်သားများဖြစ်ကြောင်း ဒေသခံများပြောသည်။

ယခုအချိန် အဆိုပါအမျိုးသမီးသည် ဂယောင်ချောက်ချား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပြီး ၄ ရက်ခန့် ဆေးကုသမှုခံယူနေကြောင်း နီးစပ်သော ဒေသခံများက KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဆွတ်ငိုင်ရန်မှ ၉ တန်းကျောင်းသူကို ပစ်သတ်မှုအား ဖခင်ဖြစ်သူ သမ္မတထံစာတင်

(Jinghpawkasa)

ဖားကန့်ဆွတ်ငိုင်ရန်တွင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗမာစစ်တပ်မှ အရက်မူးကာ အသက် ၁၄ နှစ် အရွယ် ကျောင်းစိမ်းကျောင်းဖြူဝတ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်အား အနီးကပ်ပစ်သတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီးတာဝန်ရှိသူအများအား အပြစ်ပေးခြင်း မရှိသည့်အပြင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခြင်း လည်းမရှိပေ။ ဤဖြစ်ရပ်နှင့် ပက်သက်၍ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က “ဗျူဟာမှူးက ရက်လည်ဆုတောင်းပွဲလုပ်တုန်းက ဗျူဟာကုန်းကို ခေါ်ပြီးတော့ ငွေ ၁ သိန်းထုတ်ပေးပြီး ဆုတောင်းပွဲစရိတ်ထုတ်ပေးခဲ့ပါတယ်။ ဒါက သူ့တို့ မှာတာဝန်ရှိတယ်လို့ ၀ံခံလိုက်တာဘဲ။ သမီးတစ်ဦးကို ဆုံးရှုံးလိုက်တဲ့ ဖခင်အတွက် အရှိုက်ထိုးလိုက်သလိုပေါ့။ တကယ်တော့ ကျွန်တော်လိုချင်တာက ဗျူဟာမှူးက သူ့တပ်တွေအမှားအတွက် ကျွန်တော်တို့မိသားစုအပါအ၀င် ဒဏ်ရာရခဲ့တဲ့ မိသားစုဝင်တွေကို တောင်းပန်သင့်ပါတယ်။ နောက်ပြီး အပြစ်ကျူးလွန်တဲ့ စစ်သားကို စစ်ခုံရုံးကို တင်ပေးရမယ်လေ၊ အနည်းဆုံးတော့ ဒဏ်ပေးရမယ်လေဒါမှ တရားမျှတမှာပေါ့။ ကျွန်တော့သမီးတော့ အသက်ဆုံးရှုံးသွားရပြီ ဒါပေမဲ့ ကျွန်တော့သမီးလို တခြား ကျောင်းသား၊ ကျောင်းသူတွေ မဖြစ်ရအောင်၊ တရားခံစစ်သားတွေကို တာဝန်ရှိသူတွေသိစေဖို့ အခုလို သမ္မတဆီစာတင်ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ တာဝန်ရှိသူတွေကို စုံးစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိပါက တရားစွဲဖို့အထိပြင်ဆင် ထား ပါတယ်။"  ဟု ဖခင်ဖြစ်သူက ပြောပြပါသည်။

အစိုးရတပ်စခန်း လုံခြုံရေး အရပ်သားများ ယူပေးနေရ

သတင်းနှင့်မီဒီယာကွန်ယက် 
 
ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားရာ ရထားလမ်း တလျောက်ရှိ အစိုးရ တပ်စခန်း တခုတွင် အရပ်သားများအား လုံခြုံရေး ယူခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
မိုးကောင်းမြို့နယ် တောင်နီကျေးရွာ ထုံးရေပေါက်တံတား အနီးရှိ တပ်စခန်းတွင် တာဝန် ထမ်းဆောင်ရန် တရက်လျင် အနည်းဆုံး ရွာသား (၅) ယောက် ပို့ပေးရမည်ဟု ဒေသအခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၂၁) တာဝန်ရှိသူက ပြောဆိုကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။

“ထုံးရေပေါက် စခန်းက ကျနော်တို့ရွာ နားမှာပဲ ရှိတာဗျ။ အဲဒီစခန်းထိုင်တွေက ခေါ်ပြီး ခိုင်းနေတာ။ နေ့ဆိုင်း ညဆိုင်းနဲ့ သွားနေရတယ်။ အခုတိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်ကစလို့ပဲ။ အခုဆိုရင် တနှစ်ကျော် သွားပြီဗျ။ ဟိုကလာပစ်ရင် အလကားနေရင်း အသေခံရမှာ။”

အဆိုပါ တပ်စခန်းသည် မိုးကောင်းမြို့တောင်ဖက် ၁၅ မိုင်ခန့်အကွာ မင်းကုန်းနှင့် ကညှင်မြိုင် ကျေးရွာအကြား မန္တလေး မြစ်ကြီးနားသွားသည့် ရထားလမ်းဘေးတွင် တည်ရှိပြီး ရွာသားများ အလှည့်ကျစံနစ်ဖြင့် သွားနေရ ကြောင်း ၎င်းက ဆက်ပြောသည်။

Thursday, September 27, 2012

KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၄ ဦး ကျ

(KNG)

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် တပ်မဟာ (၅) နယ်မြေ တိန်လုံ (Ting Lung) တွင်တပ်ချထားသော မြန်အစိုးရတပ်သည် လုံဂျာကောင် (Lung Ja Kawng) တွင် လှုပ်ရှားနေစဉ် ယနေ့ နံနက် ၁၀ နာရီချိန်တွင် KIA ထောင်ထားသောမိုင်းပေါက်ကွဲ၍ အစိုးရတပ်မှ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ်များလှုပ်ရှားနယ်မြေ လုံဂျာကောင် (Lung Ja Kawng) တွင် အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရခြေလျင်တပ် ခလရ (၁၄၂) သည် ၎င်းတို့နေရာယူထားသည့် တိန်လုံ (Ting Lung) စခန်းတို့ပြန်လာချိန် KIA တပ်ရင်း (၂၄)  ထောင်းထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA  အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုလာသည်။

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်

(မဇ္စျိမ) ။      ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်
နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ 

ကချင်ပြည်နယ်အတွက် ဥပဒေသစ်နှစ်ရပ် အတည်ပြု

(KNG)

စက်တင်ဘာလ (၂၆) ရက်နေ့ ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဥပဒေနှစ်ရပ် အတည်ပြုလိုက်ပြီး မကြာခင် ဥပဒေသစ် ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေသစ် နှစ်ရပ်သည် ကျောက်သွေးကျောက်ဖြတ် ဥပဒေကြမ်း၊ မော်တော်ယာဉ် စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်းဖြစ်ပြီး ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မနေ့က ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်တာပါ။ ဥပဒေ သစ်တော့ ထွက်လာတော့မယ်။” ဟု ပြည်နယ်လွှတ်တော် ပူးပေါင်းရေးကော်မတီ အတွင်းရေးမှူး ဦးထောလွမ်းက ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဒေါက်တာတူးဂျာ၏ သဘောထားအမြင် ထုတ်ပြန်ချက်

(ကချင်သတင်းဌာန)

ယခင် KIO ဥက္ကဌ ဒေါက်တာတူးဂျာ

ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော ပြည်ထောင်စုသားတစ်ဦးအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပတ်သက်၍ ကျွန်တော့်၏သဘောထားအမြင်ကို ရက်စွဲ (၂၀-၉-၂၀၁၁) တွင်တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေလိုသောစေတနာဖြင့် ယခုထပ်မံ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

 
"ပြည်တွင်းငြိမ်းချမ်းရေးဘယ်ဆီမှာလဲ?  အလားအလာဘယ်လိုရှိသလဲ?  မကြာမီရတော့မှာလား?  အလှမ်းဝေးနေသေးသလား?  နီးလျှက်နှင့်ဝေးနေတာများလား?"



PDF File ဖြင့် အပြည့်အစုံဖတ်ရန်



ဒေါ့ဖုန်းယန်အနီး အစိုးရတပ်များ ဖြတ်သန်း သွားလာသော ဒေသခံများကို ဖမ်းဆီးနှိပ်စက်

ကချင်သတင်းဌာန 
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်းတွင် လတ်တလော အစိုးရတပ်များနှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အစိုးရတပ်များသည် ဖြတ်သန်းသွားလာသော ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြား စက်တင်ဘာ၂၄ ရက် မနက်က မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၄၂) နှင့် KIA တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း (၂၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် မြေမြုပ်မှိုင်းကြောင့် အစိုးရတပ်ဖက်မှ ၃ ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။

မြေမြုပ်မှိုင်းပေါက်ကွဲပြီး ၁ နာရီကျော် ခန့်တွင် ထိုလမ်းမှဖြတ်လာသော ပြည်သူများကို စစ်ဆေးပြီး အမျိုးသမီး များနှင့် ရှမ်းအမျိုးသားများကို လွတ်ပေးခဲ့သော်လည်း ကချင်အမျိုးသားများကိုမူ ဖမ်းဆီးနေကြောင်းသိရ သည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေသေး

ကေအိုင်စီ

မြန်မာအစိုးရနှင့် KIA တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ဒုက္ခသည်အရေ အတွက် အဆမတန် များပြား လာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းတို့ကြောင့် ဒုက္ခသည်များမှာ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဆေးဝါး ထောက်ပံ့မှု အကူ အညီများစွာ လိုအပ်လျှက်ရှိကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့်အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက “ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အ စည်းတွေကနေ အကူအညီများ လုံးဝ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ အဓိကဖြစ်တဲ့ စားသောက်ကုန်တွေ ၀ယ်ခြမ်းဖို့အတွက်တောင်မှ အခက်အခဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာရသော ကချင်ဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂ-UN နှင့် အမေရိကန်ပြည် ထောင်စု-USA တို့အနေဖြင့် ဒုက္ခသည်များအား လိုအပ်သော အကူအညီများပေးမည်ဟုသတင်းထွက်ပေါ် လာပြီးနောက်ပိုင်း လတ်တလောတွင် ကူညီထောက်ပံ့ပေး နေသည့် အဖွဲ့အစည်းများက အကူအညီများ လုံးဝ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ကျော်ရှိပြီး ဒုက္ခသည် စုစုပေါင်း တစ်သောင်းဝန်းကျင်ရှိကာ မြို့ ပေါ်ရှိ စေတနာရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကျွေးမွေးစောင့် ရှောက်ထားလျှက်ရှိသော်လည်း ရေရှည်အတွက်မူ အခက်အခဲများ စွာ ရှိလာနိုင်ကြောင်း ဖားကန့်မြို့ခံများက ပြောဆိုနေကြသည်။

Wednesday, September 26, 2012

ကချင်ပြည်သူများအသံ အစိုးရ နားထောင်သင့်

(ဧရာဝတီသတင်းဌာန)

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရန် ဒေသပြည်သူများ၏အသံကို အစိုးရအနေနှင့် နားထောင်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။

“ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြညှိကြတာ အခုအထိ ဘာအဖြေမှ မပေါ်ဘူး။ ဘာမှလည်း ထူးလာတာမရှိဘူး။ ပြီးတော့ ပြည်သူတွေ ပူးပေါင်းမှု မပါဝင်ရင် ကျနော်တို့ အမြဲတမ်း ဥပမာပေးနေကျ ကြက်ဆူပင်တောင် စိုက်လို့မရဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောဆန္ဒတွေ၊ ခံစားချက်တွေ သိဖို့တော့ အရမ်းလိုအပ်တယ်။ အဲဒါမှ အဖြေကထွက်လာမှာပါ” ဟု စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကိုမင်းကိုနိုင်က ဆိုသည်။

ဖားကန့်ဒေသခရီးစဉ်သို့ သွားရောက်စဉ်တွင် မြန်မာစစ်အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲသံ မကြားရသဖြင့် ဖားကန့်ဒေသရှိ ပြည်သူများသည် အလွန်ဝမ်းမြောက်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးကို အဆိုပါနေရာတွင် လာရောက်ထူထောင်ရန် တိုက်တွန်းမှုများလည်း ရှိသည်ဟု သိရသည်။

HPRI BUM NA HPUNG WOI SARA NTA MYEN HPYEN NI NAT KAU

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Ginra rai nga ai Mohgaung - Kamaing lam, Sawng Hka mare kaw September (25) ya shana maga de myen hpyen asuya a hpyen mawdaw kaba (6) hpyen n gun hte rau du shang wa sai lam shiga na chye lu ai. N dai myen asuya hpyen hpung ni gaw n gun kaba hte Hpakant maga de bai htu gasat na ni re lam na chye lu ai. Hpakant Myauk Hpyu kaw mung myen asuya hpyen n gun (100) jan bai du taw sai lam shiga mung na chye lu ai.
 
September (24) bat langai ya shana de KIA myu tsaw share ninghkring ni Hpri Bum kaw na yen kau ai hpang myen ausya hpyen hpung ni gaw Hpri Bum na Hpung woi Sara a nta hpe wan nat kau ya lai wa sai lam hpe mung na chye lu ai.

SAWNG HKA DU MYEN HPYEN DAP NI SHAMU SAI

(Jinghpawkasa)

Jinghpaw Mungdaw Mohgaung - Kamaing lam Sawng Hka kaw du nga ai myen asuya hpyen hpung hpyen hpung ni gaw Sawng Hka hka hku hku nna nam lam dawk nna Hpakant maga de yawng mat wa sai lam buga masha ni kawn na chye lu ai. N dai Sawng Hka hka hku hku nna nam lam dawk yang Hpakant Gwi Hka kaw pru ai re lam hpe mung chye lu ai. Myen asuya hpyen hpung ni gaw Hpakant hpe htim gasat la na matu ya ten hpyen n gun jut shagu kawn htu taw nga ai lam, bai nna Hpakant lam hpe mung pat kau sai lam shiga na chye lu ai. Myen asuya hpyen hpung ni gaw dai hpawt kawn Nam Maw hkan na mare masha ni hpe htawt yen kau shangun ai lam ni galaw nga ai lam, mare masha ni hpe mung September (28) ya shani gaw Hpakant hpe myen asuya kawn padang ninglaw dip na nhtoi re nga na tsun hkawm nga ai lam na chye lu ai. Bai myen asuya hpyen hpung ni gaw shanhte hpyen hpung ni hte rau myen hpung gyi kaba (2) hpe mung woi hkawm nga ai lam matut na chye lu ai.

KIA နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ၏ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်း အဝေးပွဲ တစ်ရပ်ကို လိုင်ဇာမြို့တွင်း၌ ယနေ့ ၁၁ နာရီ အချိန်မှာ ပြုလုပ်သွား သည်ဟု KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။

“ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကျနော်တို့ ကချင်ပြည်နယ် အတိုင်းအတာ တစ်ခုလုံး အနေနဲ့ လုပ်သွားဖို့ပါ။ ကျနော်တို့ ကေအိုင်အို အဖွဲ့ ထိန်းချုပ် နယ်မြေတွင်း မူးရစ်ဆေးဝါး ကင်းရှင်းတဲ့ ဒေသ ဖြစ်လာဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်။ ကချင်ပြည်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားဖို့ ဆိုတဲ့ ရည်ရွက်ချက်နဲ့ ဒီလူထု အစည်းအဝေးကို လုပ်ရတာပါ” ဟု ဆိုပါသည်။

အဆိုပါ အခမ်းအနားကို ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်မှ ဦးစီး ကျင်းပ ပေးခဲ့ပြီး ၄င်းတို့၏ ဗဟို ဌာနချုပ် လိုင်ဇာ အထက်တန်း ကျောင်းတွင် ပြုလုပ်ရာ ကေအိုင်အေ အမူ ထမ်းများ၊ ကျောင်း သားကျောင်းသူများ၊ လိုင်ဇာ ပြည်သူ လူထုများနှင့် စစ်ပြေး ဒုက္ခသည် စခန်းမှ ပြည်သူ လူထုများ ၂၄၁၇ ဦး တက်ရောက် ခဲ့ကြောင်း ဆိုပါသည်။

Tuesday, September 25, 2012

တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။

ပြီးခဲ့သည့် စနေနေ့က KIAတပ်ဖွဲ့နှင့် အစိုးရ တပ်ရင်းများ ဖားကန့်မြို့နယ် ကသိုဏ်း တောင်(ခေါ်) ဘုရားတောင် ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြော သည်။

ဖားကန့်မြို့ပေါ်ရှိ ဒေသခံများ အဆိုအရ အစိုးရ ခြေမြန် တပ်မ (ခမရ) ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ဒေသသို့ ၈၈ အဖွဲ့ ကျပ် ၁၇၅ သိန်း လှူဒါန်း

(ဧရာဝတီ)

၈၈ မျိုးဆက် ကျောင်းသားများက ၄င်းတို့၏ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ ရရှိငွေများထဲမှ ကျပ် ၁၇၅ သိန်း လှူဒါန်းရာ ကချင် နှစ် ချင်း ခရစ်ယာန် အသင်းတော်ချုပ်က ကျပ် သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ် အသင်းတော်က ကျပ် သိန်း ၅၀၊ ကချင်ပြည် နယ် လွှတ်တော် ကိုယ်စားလှယ်တဦးက ပူတာအိုဒေသအတွက် ကျပ် ၂၅ သိန်း အသီးသီး လက်ခံရယူကြောင်း သတင်းရသည်။ မြစ်ကြီး နားမြို့ မနောကွင်းတွင် စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြော ပွဲတွင် လှူဒါန်းခြင်း ဖြစ်ပြီး ဖားကန့်နှင့် မိုးကောင်း ခရီးစဉ်အတွင်း နောက်ထပ် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်း ဆက်လက်လှူဒါန်း ကြောင်း သိရသည်။

ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

KIO ဌာနချုပ်တွင် မူးယစ် တိုက်ဖျက်ရေး လူထုအစည်းအဝေး ကျင်းပ

(မဇ္စျိမ) ။        ။ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်းအဝေးတရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကချင်လူမျိုးများ ပျက်စီးဆုံးရှုံးမှုများ ရှိလာသဖြင့် မူးယစ် ဆေးဝါးအား စုပေါင်း တိုက်ဖျက်သွားရန် KIO စစ်ဦးစီးချုပ်၊ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းဆောင် ဗိုလ်ချုပ် ဂမ်ရှောင် က ကချင်ဘာသာဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်ပေမယ့် အစိုးရဘက်က ပါဝင်ဖို့ မရှိလို့ တိုက်ဖျက်လို့ မရဘူး။ မူးယစ်ဆေးဝါးနဲ့ ကျနော်တို့ လူမျိုးကို တိုက်ဖျက်နေတယ်။ နိုင်ငံရေး ဆွေးနွေးတာတော့ မရှိဘူး။ လက်နက်တွေ၊ တပ်မ ရှိသမျှ အင်အားတွေ လေယာဉ်ကအစ ဖြည့်တင်း နေတယ်ဆိုတာတွေ ပြောတယ်” ဟု KIO အရာရှိတဦးက ပြောပြသည်။ 


အစိုးရနှင့် KIO တို့အကြား စစ်ရေး အခြေအနေများကိုလည်း စစ်ဦးစီးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်ဟု တက်ရောက်ခဲ့သူ လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

ဖားကန့်မှာ (၈၈) မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများတောင်းဆို

2012-09-24 (RFA)
ဖားကန့်ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖားကန့်ဒေသမှာ ရုံးစိုက်ပေးစေချင်တယ်လို့ တောင်းဆိုကြတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လို့ ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

"ဒေသခံပြည်သူတွေက (၈၈) လာပြီးတော့ ရုံးစိုက်ပြီးတော့ နေပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှိတယ်ဆိုရင် သူတို့လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြည်သူတွေ၊ ဒေသခံတွေ တောင်းဆိုတာပါ။ အမြဲတမ်းကြီး ကျွန်တော်တို့ ရှိတိုင်းလည်း အာမတော့ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ ရုံးခန်းနဲ့ ဘာနဲ့ စနစ်တကျ လုပ်ချင်တယ် ဆိုရင်လည်း အားပေးရတာပေါ့။ ကျွန်တော်တို့ကလည်း ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ နည်းလမ်းမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ ပေးခဲ့ပါတယ်"

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့က သူတို့သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ်ခရီးစဉ်၊ ရခိုင်ပြည်နယ်ခရီးစဉ်၊ မုံရွာ လက်ပံတောင်းတောင် ခရီးစဉ်နဲ့ ကယားပြည်နယ် ခရီးစဉ်တို့ အကြောင်းကို ပြန်လှန်ပြောပြကြပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေး အစိုးရဝန်ထမ်း ပါဝင်လက်မှတ်ရေးထိုး

2012-09-24 (RFA)
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေရဲ့စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး ဖားကန့်အပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီး စတဲ့ဒေသတွေကပါ ပူးပေါင်း လက်မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ပြောပါတယ်။

"အခုကတော့ သောင်းဂဏန်း ရနေပြီပေါ့၊ အဲဒီဒေသလေးဆိုတော့၊ ဒါအားရစရာ ကောင်းပါတယ်။ သောင်းဂဏန်း နီးနေပြီလို့ ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ မိုးကောင်းတို့၊ ခန္တီးတို့၊ နမ္မတီးပါ။ အဓိကမှာ နမ္မတီး အဲဒီဒေသတွေကလည်း ဆက်ပြီးတော့ ပူးပေါင်း ပါဝင်ကြမယ်ဆိုပြီးတော့ ကျွန်တော်တို့ ရောက်တဲ့နေရာတိုင်းမှာ သတင်းပေးပါတယ်။ အကုန်လုံးက ဆက်စပ်နေတယ်။ နောက်ဆို ကျွန်တော်တို့ တတ်နိုင်ရင် ကချင်ပြည်နယ် တစ်ခုလုံး၊ ပြည်ထောင်စု တစ်ခုလုံးအတွက်ပါ လုပ်ကြရဦးမှာပါ"

လတ်တလောအနေနဲ့ စုပေါင်းလက်မှတ်ရေးထိုးမှုကို ဖားကန့်ဒေသမှာ နေ့စဉ်လှုပ်ရှားနေကြပြီး အစိုးရဝန်ထမ်းတွေကပါ ပူးပေါင်း ပါဝင်လာနေတယ်လို့ သိရပါတယ်။
စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို တို့ကိုလည်း ပေးပို့မှာဖြစ်ပြီး လာမယ့်နှစ်ပတ်အတွင်း ပေးပို့ဖို့ ဆန္ဒရှိတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

HPRI BUM KAW MYEN (40) JAN HKRAT HPYEN DU (2) LAWM

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2), Uru Seng Maw, Hpri Bum hta KIA myu tsaw share ninghkring ni hte myen hpyen ni September (24) ya shani gasat ai hte myen asuya maga na hpyen la ni marai (40) jan bai hkrat sum wa sai lam, ya na zawn hkrat sum ai hta myen hpyen du (2) mung lawm ai lam shiga na chye lu ai. N dai zawn Hpri Bum kaw gasat ai hta myen asuya hpyen hpung ni gaw n gun (1,000) jan lang nna lak nak kaba ni hte n hkring n sa gap sharu bun ai majaw KIA myu tsaw share ninghkring ni mana de Hpri Bum kaw na gan yen kau da sai lam hpe mung na chye lu ai. KIA myu tsaw share ninghkring ni yawng Karai a shaman chyeju a marang e langai pi hkala n ba n hkrum ai sha mana de hkying (10:00PM) ten ram hta Kanu hpyen dap de bai du shang wa lu sai lam hpe mung matut na chye lu ai.

KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ

ကချင်သတင်းဌာန 
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။



KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိ သည့်  ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။


KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင်ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။

စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ FM ရေဒီယိုအစီအစဉ်ကို KIO လိုင်ဇာဌာနချုပ်မှ အကွာအဝေးမည်မျှနားဆင်နိုင်သည်ကို စမ်းသပ်သောအနေဖြင့် “လိုင်ဇာ ရေဒီယို FM”မှ သီချင်းများကို ၂၄ နာရီ စတင်ထုတ်လွှင့်လိုက်ခြင်းဖြစ်ကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ပြောသည်။
“ကျနော်တို့က ကချင်ပြည်နယ် နေရာတိုင်းက ကြားရအောင် ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ထိ မှီတယ်၊ ရှင်းတယ်ဆိုတာတွေ စက်အင်အား ဘယ်လောက်လုပ်ရမယ်ဆိုတာတွေ စမ်းနေ တဲ့အချိန်ပဲ။ အဲဒါတွေ အကုန်စီစဉ်ပြီးမှ တရားဝင်ထုတ်လွှင့်သွားဖို့ရှိတယ်။ 
အားလုံးရဲ့အသံကို ပြန်နားထောင်နေတယ် ဘယ်လိုပြောလာမလဲ ကောင်းကောင်း အတိအကျတော့ မသိသေးဘူး။ မြစ်ကြီးနား ဗန်းမော် ဘက်ကတော့ ကောင်းကောင်းကြားတယ်လို့သိရတယ်။
သီချင်းလွှင့်တဲ့အနေနဲ့ စလွှင့်နေတာလောက်ပဲ။ စမ်းသပ်ကာလလို့ပြောတာပေါ့”
အစမ်းထုတ်လွှင့်နေရာတွင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုင်ဂျာယန် အနီးဝန်းကျင်ဒေသတ၀ိုက် ဖမ်းယူနားဆင်နိုင်ပြီး အစီစဉ်အရ မကြာမီနောက်ပိုင်း ပူတာအို၊ အိန္ဒိယနယ်စပ်၊ ဖားကန့်၊ ရွှေဂူ၊ ရှမ်းပြည်နယ်ထိ လုပ်ဆောင်သွားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။


HPRI BUM MAJAN A MAJAW BUGA MASHA NI HPRAWNG YEN

(Jinghpawkasa)

 
Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Ginra rai nga ai Uru Seng Maw Hpri Bum kaw KIA Dung (6) na myu tsaw share ninghkring ni hte myen asuya hpyen hpung laja lana gasat nga ai majaw Kawng San, Nam Maw hte Maw Lakying Maw hkan na mare masha ni gaw tinang hte ni gahtep ai Nawku Jawng ni, Hpung Gyi Jawng ni hkan hprawng yen nga ra ai lam shiga na chye lu ai. Myen asuya hpyen hpung ni gaw mung shawa masha ni hpe hpyen ninggan shatai ai sha n ga, lam hkan mu mamu masha ni hpe mung mara kata chye chye re ai majaw hpyen yen masha ni grau law htam wa ai re lam shiga na chye lu ai.

ပဒိုင်းတောင်တွင် ဗမာအစိုးရတပ်များနှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့တိုက်ပွဲ  ပြင်းထန်စွာဖြစ်ပွားနေသဖြင့် ကောင်စံ၊ နမ့်မှော်၊ မှော်လကိန် စသည့်မှော်များမှ ဒေသခံများသည် နီးစပ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများသို့ စစ်ရှောင်နေရကြောင်း ဒေသခံများကပြောပြပါသည်။ ဗမာစစ်တပ် များသည် အရပ်သားပြည်သူများကို အကာအကွယ်ယူသည့်အပြင်၊ လမ်းတွင်မြင်သမျှတွေ့သမျှကို ကချင်၊ဗမာ မခွဲခြားဘဲ ပစ်ခတ်လေ့ရှိသဖြင့် ဒုက္ခသည်များ ပို၍ များပြားရသည်ဟု အသင်းတော်လူကြီးတစ်ဦးက ပြောပြပါသည်။

ဗမာစစ်သားများ မော်လကိန်တွင် အရပ်သားများအား ပစ်ခတ်

(Jinghpawkasa)

စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပဒိုင်းတောင်တွင် အကျအဆုံးများ၍ တပ်ခေါက်လာသော ဗမာစစ်တပ်သည် မော်လကိန်မှော်တွင် ကျောက်စိမ်းတူးနေသော အရပ်သားများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် ဗမာလူမျိုး ၂ ဦးနှင့် ရခိုင် ၁ ဦးထိခိုက်ဒဏ်ရာရရှိသွားပါသည်။ တစ်ဦးမှာ ရင်ဝတွင် ထိမှန်ထားပြီး စိုးရိမ်ရကြောင်းဒေသခံများက ပြောပြပါသည်။ ဗမာစစ်တပ်များသည် အကျအဆုံးများ၍ ပြန်လာတိုင်း အရပ်သားများကိုပစ်မှတ်ထားလေ့ရှိပါသည်။ ယခင်အပတ်တွင်လည်း မော်မောဘွမ် မှ အကျအဆုံးများစွာဖြင့်တပ်ဆုတ်လာသော စစ်တပ်၏် ဆွတ်ငိုင်ရန်ရွာအတွင်းသို့လည်း လက်နက်ကြီး၊ လက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ၉ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး အရပ်သား ၈ ဦးဒဏ်ရာရရှိခဲ့ပါသည်။

Monday, September 24, 2012

ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ

(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအို ခရိုင် ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ဆန်ရှားပါးမှု ကြုံတွေ့နေရဆဲဖြစ်ပြီး ဆန်နို့ဆီဗူးတဗူးလျှင် ကျပ် ၅ဝဝ ဖြင့် ဝယ်ယူစားသုံးနေရသည်ဟု ပူတာအိုမြို့ခံ တဦးက ပြောသည်။

“အခုက တောင်ယာထဲမှာ ကောက်စောသစ် နည်းနည်းလူတွေလည်း မရှိတဲ့လူတွေက အဲဒါဘဲ လုစားကြတာလေ။ ဆန်တဗူးမှာ ၅ဝဝ၊ နှစ်ဗူးမှာ ၁ဝဝဝ ၊ တရက်ရက် ဆန်ပြတ်တဲ့နေ့ ဆိုရင် တဗူးခွဲမှာ ၁ဝဝဝ ကျပ်ပေးရတယ်၊ တချို့က ဆန်တခွက် နှစ်ခွက်ကျန်တာ မိသားစုမလောက်စားလို့ ငှက်ပျော်အူတွေနဲ့ အရွက်စိမ်းတွေ ထည့်ပြီး ဆန်ပြုတ် သဘောမျိုးစားတာ။ မြို့ပေါ်ရော ရွာတွေက လူတွေရောဘဲ”ဟု ပူတာအိုမြို့ခံက ပြောသည်။


လက်တွေ့ မဖြစ်နိုင်တာကို ဦးအောင်မင်း အကြိမ်ကြိမ်ပြောနေ

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ ဌာနချုပ် ပတ်ဝန်းကျင်အနီး၌ လက်နက်ကြီးများ အပါဝင် တိုက်ပွဲများ နေ့စဉ် ပုံမှန် ဖြစ်လျှက် ရှိကြောင်း၊ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
 
“လိုင်ဇာဘက်က တိုက်ပွဲဆိုတာ ပုံမှန်ပဲ ပြောရမှာ ပုံမှန် ဆိုတာက ဒီလို ပေါ့ဗျာ။ စက်တင်ဘာ လဆန်းကနေ ၂၃ ရက်နေ့ အထိ ဆိုရင်တော့ တိုက်ပွဲပေါင်းက ၈၀ ကျော် သွားပြီး ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ပွဲတွေလည်း ပါတယ်ပေါ့” ဟုဆိုပါ သည်။

သမ္မတရုံးမှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီးဖြစ်သူ ဦးအောင်မင်းသည် KIA ၏ ဌာနချုပ် ဖြစ်သော လိုင်ဇာကို မသိမ်းပိုက်ရန် သမ္မတမှ စစ်တပ်ကို အမိန့် ပေးထားသည်ဟု ဧရာဝတီ သတင်းဌာနနှင့် ဗွီဒီယို မေးမြန်း ခန်းတွင် ဆိုထားပါသည်။ http://video.irrawaddy.org/2012/09/face-to-face-irrawaddy.html

HPRI BUM KAW (3) YA LAMAN MYEN HPYEN LA (150) JAN HKRAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) Ginra Uru Seng Maw, Sharaw Hka Maw na Wie Wie Aung Company a bawm yam dum kapaw ai hta lawm mat ai myen hpyen hpung ni a lak nak ni hpe shani shagu mu a lai la nga ding yang re lam shiga na chye lu ai. Dai ni mung Sinat kaji lau (4), bazooka lau (1) hte myawk si ni hpe bai mu tam la lai wa sai lam shiga na chye lu ai. Matut nna lai wa sai bat (6) ya shani kawn Hpri Bum kaw KIA myu tsaw share ninghkring ni hte myen hpyen asuya hpyen hpung ni (3) ya laman gap gasat ai hta myen hpyen maga na hpyen la (150) jan si, hkala hkrum lai wa sai lam hpe matut chye lu ai. N dai majan hta hkrat ai myen asuya hpyen hpung a tsit kyaung mhu Bu Mhu Tin Naing Win gaw hk-l-ya (15) kaw na rai nhtawm grai mazut ai hpyen du langai re lam hpe mung na chye lu ai. Ya ten matut nna Hpri Bum kaw KIA myu tsaw share ninghkring ni hte myen asuya tai hpyen ni gasat ding yang rai nga ai lam hpe mung matut na chye lu ai.

ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး


ဒေါက်တာလွဏ်းဆွေ 



မြန်မာပြည်သူတွေက စစ်ပွဲတွေအားလုံး ရပ်စဲပြီး ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားချင်လွန်းလို့ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) မှာ ဆန္ဒဖော်ထုတ် စီတန်းလမ်းလျှောက်ကြတယ်။ အင်းလျားကန်ဘောင်မှာ ငြိမ်းချမ်းရေးကျောက်တိုင်ကို အမှတ်တရ စိုက်ထူကြတယ်။ ဘယ်လောက်လှတဲ့ ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတ်ကူးစိတ်သန်းလဲ။ မြန်မာပြည်ကြီးကို ဘယ်လောက် ချစ်မြတ်နိုးကြတယ် ဆိုတာကို အလိုက်တသိ ပြသလိုက်ကြတာပါပဲ။

အဲဒီလုပ်ရပ်ကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်စစ်အစိုးရက အကြိုက်မတွေ့ သဘောမတူတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲမယ်လို့ အသံဟစ်တယ်။ လုပ်လည်းလုပ်ဆောင်နေတယ်။ အမှတ်တရ စိုက်ထူးထားတဲ့ ငြိမ်းချမ်းရေးကျောက်တိုင်ကို နယ်မြေခံ အာဏာပိုင်တွေ လာပြီး ဖယ်ရှားဖျက်ဆီးတယ်ဆိုတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူး … ဆိုတဲ့ သူတို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲပေါ့။ ဒီထက်ရှင်းတဲ့ လုပ်ရပ် ဘာရှိဦးမလဲ။ ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ။

ကချင်ပြည်နယ် ခြေလျင်တပ်ရင်းတစ်ရင်းမှ ရဲမေတစ်ဦးရဲ့ ရင်ဖွင့်ချက်


(စည်းလုံးခြင်းရဲ့အင်အား)


မြစ်ကြီးနားမြို့တွင်လုံခြုံရေးဆောင်ရွက်နေကြသည့် ခြေလျင်တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်များ

အယ်ဒီတာ ။       ။ ကချင်ပြည်နယ်မှာ တိုက်ပွဲများဖြစ်ပွားနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတရဲ့ ပစ်မိန့်ရပ်တန့်ဖို့ ညွှန်ကြားချက်ကို လိုက်နာမှုမရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ တပ်ရင်းအချို့ကတော့ ညွှန်ကြားချက်ကို လိုက်နာမှုရှိခဲ့ကြောင်း ကချင်ပြည်နယ်ရှိ ခြေလျင်တပ်ရင်းတစ်ရင်းရဲ့ ရှေ့တန်းအတွေ့အကြုံများကို တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးရဲ့ ဇနီးတစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ သူမရဲ့ဖြစ်စဉ်အရ သမ္မတရဲ့ ပစ်မိန့်ရပ်ခိုင်းတဲ့ အမိန့်အားလိုက်နာခဲ့တဲ့ တပ်မတော်လက်အောက်ခံတပ်အချို့မှာ တိုင်းစစ်ဌာနချုပ် တပ်များ၊ တပ်ရင်းများသာဖြစ်ပြီး ပိတ်ဆို့ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ အနေအထား တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကက (ကြည်း) ရဲ့ ထိုးစစ် တာဝန်တွေကို တိုက်ရိုက် အမိန့်ပေးခံရတဲ့ တပ်မ/စကခ တပ်များအဖို့ စစ်နည်းဗျူဟာ သဘောအရ ရပ်လို့မရနိုင်တဲ့ အခြေအနေတွေ ရှိတာကြောင့် ရှေ့တန်းတပ်များအနေနဲ့ သမ္မတအမိန့်ကို မလိုက်နာကြောင်း ယူဆနိုင်ပါတယ်။ KIA သတင်းနှင့် စပ်လျဉ်းပြီး အဆိုပါ ရဲမေရဲ့ အာဘော်သာဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

ကျွန်မတို့ မပခတိုင်းလက်အောက်ခံ တပ်ရင်းတွေဟာ ဖားကန့်လိုမျိုး ကျောက်စိမ်းအကြံအဖန် ဂွင်တွေမှာထိုင်ရဖို့ တိုင်းမှူးကို တပ်ရင်းမှူးတွေက လက်ဆောင်ပဏ္ဏာတွေ ကန်တော့ပေးမှ ထိုင်ခွင့်ရပါတယ်။ လူမသိ သူမသိ ကွက်ပျောက်ဂွင်တွေလည်း ရှိပါတယ်။ အဲဒီဂွင်တွေကတော့ ကုန်သည်များက ဂိတ်ကြေး လိုင်းကြေးတွေ ဆက်သရတဲ့ စခန်းထိုင်များ၊ နယ်စပ်ဂိတ်များနဲ့ တံတားဂိတ်များ၊ လမ်းကြောင်းများအတွင်း လှုပ်ရှားစစ်ကြောင်းများဘဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို လေ့လာကြည့်ရာမှာ တနေရာတွင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဘက လပခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ချမ်းသာနေတာကို ပျင်းတောင်ပျင်းသေးတယ်လို့ ပြောကြောင်း ဖတ်ရှုလိုက်ရပါတယ်။

KIA နောက်မှာ ဘာရှိနေသလဲ


(စည်းလုံးခြင်းရဲ့အင်အား)


ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ KIA တပ်ဖွဲ့ဝင်များ

KIA အနေနဲ့ စစ်တပ်က ဖိအားပေး စစ်ဆင်နေမှုကို ကြံ့ကြံ့ခံ ခုခံ ရပ်တည်နေတဲ့အပေါ် သူ့ရဲ့နောက်မှာ အင်အားကြီး နိုင်ငံတစ်ခုက ထောက်ခံအားပေးနေတာ ဖြစ်နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက အခုလို သုံးသပ် တင်ပြလာပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်များအရ KIA နဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမယ့် နေရာကို ရွေးချယ်ခဲ့ရာမှာ အစိုးရအလိုကျ နေရာများကို KIA ကပယ်ချပြီး တရုတ်နိုင်ငံအတွင်းမှာသာ ကျင်းပရေး KIA က တောင်းဆိုခဲ့ပါတယ်။ ဒါကို အစိုးရက စိတ်အနှောင့်အယှက်ဖြစ်ကာ ဘ၀င်မကျ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် KIA သုံး လက်နက်များမှာ တရုတ်လုပ် RPG 7 ပုံစံတူ Type 69 ဒုံးပစ်လောင်ချာများ၊ အမ် (၂၁)၊ အမ် (၂၂) နဲ့ အမ် (၂၃) မောင်းပြန်ရိုင်ဖယ်များမှအစ လေယာဉ်ပစ် လက်နက်ကြီးများ အပါအ၀င် အများစုဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ လက်နက်တွေ ကိုင်တွယ်နေကြောင်း တွေ့ရှိရပါတယ်။ တရုတ်အစိုးရက မသိကျိုးကျွံ့ ပြုပေမဲ့ တရုတ်ထောက်လှမ်းရေးကဲ့သို့၎င်း၊ ယူနန်ပြည်နယ် အစိုးရအနေနဲ့၎င်း၊ တရုတ်အစိုးရဘက်ကနေ Buffer Zone ကြားခံနယ်မြေအဖြစ် KIA ကို ပြုလုပ်ထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာအစိုးရဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်နေရာ တရုတ်အဖို့ ကွန်မြူနစ်အစိုးရ ဖြစ်နေတာကြောင့် တရုတ်နိုင်ငံရဲ့ အနောက်ဘက်တံခါး ပိုမိုလုံခြုံစိတ်ချရစေဖို့ UWSA အပြင် KIA ကိုပါ ကြားခံနယ်မြေ နောက်ဇုန်တစ်ခုအဖြစ် ထပ်မံထားနိုင်မှ ပိုမိုလုံခြုံမယ်လို့ ယူဆဟန်တူပါတယ်။ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံများနှင့် နီးစပ်လာတာနဲ့အမျှ တရုတ်အစိုးရအဖို့ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေပါတယ်။


LAMU GA MYING NI HPE MYEN GA HTE GALAI SHAMYING WA AI

(Jinghpawkasa)

Jinghpaw kasa hta hpribum hpe Kadai Taung (Hpri Bum) ngu nna, ka da ai hpe mu lu ai. Ndai laika ka ai hpe mara shagun ai lam tsep kawp nnga ai.  Jahpring shazup ai lam sha rai nga nngai. Wunpawng Myu Sha ni tinang a lamu ga, ginra labau ni hpe jaw ai hku tup hkrak ntsun dan, nhkai dan, laika ka ka sara ni nka lang wa ai majaw, daini na ban hta nga pra wa ai Jinhpaw Wunpawng ramma ni gaw, Myen asuya wa woi shamying ai, hkai hkrat wa ai mying ni hpe madung tsun mat wa ai mung rai nga ai.  Hpushawng hpuba, Kaji Kawa ni labau hpe jaw ai hpe jaw ai hku, hkai tsun dan na matu nmai lagawn nga sai. Asak naw hkrung nga ai laman, hkai dan tsun dan shakut shaja ra nga ai.
Myen asuya (န၀တ) a prat kaw na ndai Hpri Bum hpe ကတိုင်းတောင် shamying wa ai shaning 20 ning jan na sai hte maren Uru Seng Maw ginra hta ကတိုင်းတောင် ngu nna sha, tsun jahta wa ai rai nga ai. Myen asuya gaw Hpakant hpe စကိုင်းတိုင်း de lawm ai hku nna mung, shakut taw nga ai re.

အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာလူမျိုးများက ကချင်အမျိုးသားဝတ်စုံဝတ်ကာ လိမ်လည်ကြိုဆို


(Jinghpawkasa)



ဒေါ်အောင်ဆန်းစုကြည့် အမေရိကန်နိုင်ငံသို့ လာရောက်လည်ပါတ်ခြင်းကို အမေရိကန်ရောက် ကချင်အမျိုး သားများက သွားရောက်တွေ့ဆုံခြင်းမပြုရန် ၀ိုင်းဝန်းသဘောထား ထုတ်ပြန်ထားကြောင်းကို ကြားသိရပါသည်။ ယခုကဲ့သို့ အမေရိကန်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် အမေရိကားနိုင်ငံရောက် ကချင်အမျိုးသားများ လာရောက်ခြင်းမရှိသည်ကို အခွင့်ကောင်းယူကာ ဗမာလူမျိုး များက လိမ်ညာလှည့်ဖြားပြီး ကချင်ဝတ်စုံ ၀တ်ဆင်က ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့ သို့ရောက်ရှိလာစဉ် နယူးယောက်ရှိ ဗမာလူမျိုးများက ခွန်းအောင် ခေါ်ရှမ်းဗမာလူမျိုးကို အခကြေးငွေပေးကာ ကချင်ဝတ်စုံဝတ်ဆင်စေပြီး ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဗမာလူမျိုးများ၏ လုပ်ရပ်သည် ရှက်ဖွယ်ရာဖြစ်ကြောင်းနှင့် ဒီမိုကရေးစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် ကို အမေရိကန်နိုင်ငံရောက် ဗမာလူမျိုးများကို လိမ်ညာလှည့်ဖြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖြစ်ပါသည်။

SADUNG, DINGGA MAKAU DE MYEN (2) HKRAT


(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dap Ba (5) Up Hkang Ginra rai nga ai Sadung, Dingga makau hta September (23) ya shani hkying (3:00pm) aten ram hta KIA Dung (3) na myu tsaw share ninghkringni hte myen asuya a hpyen hpung hk-l-y (260) dap ni gap gasat lai wa sai lam shiga na chye lu ai. N dai zawn gasat ai lam hta myen hpyen maga na marai (2) hkrat sum wa sai lam hpe mung na chye lu ai.