Saturday, September 1, 2012

ဆောင်ခါကျေးရွာအနီး မြန်မာစစ်ကားများကို KIA မှ ဆီးကြိုတိုက်ခိုက်

(jinghpawkasa)


ကချင်ပြည်နယ် KIA တပ်မဟာ (၂) ထိန်းချုပ်ရာဒေသသို့ စက်တင်ဘာလ (၁) ရက်နေ့က မိုးကောင်းမြို့မှ ဖားကန့်ဘက်သို့ စစ်ကြောင်းတက်လာသော မြန်မာစစ်တပ် စစ်ကားများကို ဆောင်ခါ ကျေးရွာအနီးတွင် KIA မှ ဆီးကြို ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲသတင်း အသေးစိတ်မသိရသေးပါ။

နယ်ခြားမှတ်တိုင် (၇) တွင် မြန်မာစစ်သား (၅၀) ကျော် သေကြေ ဒဏ်ရာရ


(jinghpawkasa)



ကချင်ပြည်နယ် တရုတ်နယ်စပ်မြို့ ပန်ဝါမြို့အနီး လဂွီး (Lagwi) ကျေးရွာ နယ်ခြားမှတ်တိုင် အမှတ် (၇) တွင် သြဂုတ်လ (၃၁) ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်မှ (၅၀) ကျော် သေကြေ ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ ကြောင်း ရှေ့တန်းသတင်းမှ သိရပါသည်။ KIA တပ်ဖွဲ့ဝင် တစ်ဦးလည်း မြန်မာစစ်တပ်မှ သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိကြောင်း၊ သို့သော် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဆက်လက်သတင်းရရှိပါသည်။

နမ္မတူမြို့နယ် မန်းမောက်နှင့် ဟူမင်းကြား တိုက်ပွဲဖြစ်


(jinghpawkasa)


ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သော နမ္မတူမြို့နယ် မန်းမောက် (Man Mawk) နှင့် ဟူမင် (Hu Ming) ကြားတွင် KIA တပ်ရင်း (၃၄) မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ် သြဂုတ်လ (၃၁) ရက်နေ့ က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း မြန်မာစစ်သား (၁၀) ဦးကျဆုံးကြောင်း၊ လက်နက် (၁) လက်လည်း သိမ်းဆည်းရမိကြောင်း ဆက်လက်သိရသည်။

နေပြည်တော်စစ်ကောင်စီမှ ဖားကန့်ဒေသအား ကျူးကျော်သိမ်းပိုက်ရန် အမိန့်ချမှတ်


(Jinghpawkasa)

KIA တပ်မဟာ (၂) နယ်မြေဖြစ်သော၊ ကချင်ပြည်နယ် ဥရု-ဆိုင်းမော် ဖားကန့်ဒေသအား (၃) ရက်အတွင်း ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ရန် နေပြည်တော် စစ်ကောင်စီရုံးမှ အမိန့်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာစစ်တပ်မှ ကချင်ပြည်နယ် KIO/KIA ထိန်းချုပ် ရာဒေသများသို့ စစ်အင်အား၊ လက်နက်အင်အားများကို နည်းမျိုးစုံ ဖြင့် ဖြည့်တင်းလျက်ရှိသည်ကိုလည်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁) ရက်နေ့တွင်လည်း အောက်မြန်မာပြည် မန္တလေးဘူတာမှ စစ်အင်အား အပြည့် ရထား (၂) စီးဖြင့် ကချင်ပြည်နယ် သို့ တက်လာပြီဖြစ်ကြောင်းလည်းသိရသည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးတွင် လည်း လေယာဉ် (၆) စီးဖြင့် စစ်ရေးလေ့ကျင့်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။ အဆိုပါလေယာဉ်များတွင် F7 ကဲ့သို့ တိုက်လေယာဉ်များလည်း ပါဝင်ကြောင်း၊ ဖားကန့်ဒေသသို့ ထိုးစစ်ဆင်ရန်အတွက် ဖြစ်နိုင်ကြောင်း လည်း သိရှိရပါသည်။

ဝိုင်းမော်မြို့မှ ကချင်ကျောင်းသူလေးကို မြန်မာစစ်သားများမှ မုဒိန်းကျင့် သတ်ဖြတ်


(Jinghpawkasa)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ ရပ်ကွက် (၅) တွင်နေထိုင်သော ဦးတောင် လု၏ သမီး အသက် (၂၅) နှင့်အရွယ် ကျောင်းသူကို ဗမာအစိုးရ စစ်သား နှစ်ဦးမှ သြဂုတ်လ (၃၀) ရက်နေ့တွက် မဒိမ်းကျင့် နှပ်စက် သတ်ဖြတ်ခဲ့ ကြောင်း သိရှိရပါသည်။ ကျောင်းသူလေး၏ ရုပ်အလောင်းကို မြို့ပြင် လယ်ကွင် မြောင်းကြားတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကျောင်းသူလေး၏ မျက်နှာတွင် ဓားထိုးရာများ၊ ဦးခေါင်း အရည်ခွံကိုခွါထားပေး ကြောင်းနှင့် ရုပ်အလောင်းတွင် အ၀တ်အစားများ မရှိကြောင်း ဆက် လက်သိရှိရပါသည်။

မြန်မာစစ်တပ်မှ ဖားကန့်ဒေသတွင် လေကြောင်းအကူအညီများ အသုံးပြုလာ


(Jinghpawkasa)

ယခုအချိန်တွင် မြန်မာစစ်တပ်မှ စစ်ရေးအရေ ရှုံးနိမ့်မှုများကို ကြုံတွေ့နေရသောကြောင့် ဖားကန့်ဒေသတွင် လေကြောင်း အကူအညီ အသုံးပြုလာကြောင်းသိရပါသည်။

KIA တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်သော ဖားကန့်ဒေသဘက်သို့ သြဂုတ်လ (၃၁) ရက်နေ့က ရဟတ်ယာဉ် (၂) စီးဖြင့် စစ်လက်နက် များ သယ်ဆောင်လာကြောင်းသိရသည်။ စစ်သားများလည်း လာရောက်ပို့ ဆောင်ကြောင်းသိရသည်။ မြန်မာစစ်တပ်မှ ဟိုပင်ဘက်မှ စစ်သား များကို ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။ ထိုနေ့က (၅) ကြိမ် တိုင်လာရောက်ပို့ဆောင်ကြောင်း၊ ရဟတ်ယာဉ်တစ်စီးလျှင် တစ်ကြိမ်လျှင် စစ်သား (၂၅) ဦးသယ်ဆောင်ကြောင်း ဆက်လက်သိရသည်။