Monday, December 24, 2012

ဆန်ပိုင် (Sam Pai) လမ်းတွင် ပုန်းအောင်းနေသော မြန်မာ စစ်သား (၅) ဦးကျ

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အို အစိုးရ တပ်မဟာ (၅) ထိန်းချုပ် နယ်မြေ၊ KIA  တပ်ရင်း (၃) နယ်မြေဖြစ်သော ဆန်ပိုင်သို့ သွားသော လမ်းပေါ်ရှိ နှစ်ထပ်အိမ်တစ်အိမ်တွင် မြန်မာစစ်သားများ ပုန်းခိုလျက်ရှိကြောင်း၊ ယင်း ပုန်းခိုနေသော မြန်မာစစ်သားများကို KIA တပ်ရင်း (၃) မှ တပ်သားများ ဒီဇင်ဘာလ  (၂၁) ရက်နေ့က သွားရောက် ၀ိုင်းဝန်းကာ ပစ်ခတ်ခဲ့ ကြောင်း သိရသည်။ ယခုကဲ့သို့ ပစ်ခတ်မှုတွင် မြန်မာစစ်သား (၅) ဦး သေဆုံးကြောင်း ဆက်လက်သတင်းရရှိသည်။
မြန်မာစစ်တပ်သည် KIA ကို အပြင်းအထန်ထိုးစစ် ဆင်လျက်ရှိသော် လည်း အောက်ခြေရဲဘော်များမှာ ရှုံးနိမ့်မှုများကြောင့် စိတ်ဓာတ် ကျဆင်းလျက်ရှိကာ ယခုကဲ့သို့ ပုန်းအောင်းမှုများ၊ တပ်ပြေးများ များပြားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။