Tuesday, December 4, 2012

ရိုမီ မှ ပန်ချာများ လူငယ်နှစ်ဦးကို ၀ိုင်းဝန်းဖမ်းဆီးပြီး ဗမာရဲလက်သို့အပ်

(Myutsawmyit)



မြစ်ကြီးနားမြို့တွင် လူငယ်နှစ်ဦးကို ရိုမီ မှ ပန်ချာများ ၀ိုင်းဝန်း ဖမ်းဆီးကာ ဗမာရဲ လက်ထဲသို့ အပ်လိုက်သည့်အမှု ဖြစ်ပေါ်ခဲ့ပါ သည်။
ထိုလူငယ်နှစ်ဦးမှာ KIA မှ အခွန်ဆောင်ရန် လွတ်လိုက်သော သူများ ဖြစ်ကြောင်းလည်း သိရပါသည်။ မြစ်ကြီးနားမြို့တွင် ရှိသော လုပ်ငန်း ရှင်များအား မိမိတို့၏ လုပ်ငန်း ကြီးငယ် အလိုက် အခွန်ဆောင်ရန် KIA မှ စာပို့ထားပြီးဖြစ်ပါသည်။ လုပ်ငန်းရှင် တော်တော်များများမှာလည်း အခွန်များ ပေးဆောင်ကြရပါသည်။

ဖြစ်စဉ်မှာ အခွန်ပေးဆောင်ရန် လာရောက်ကောက်ခံသော လူငယ်နှစ်ဦး ကို ၀ိုင်းဝန်း ဖမ်းဆီးကာ ရဲစခန်းသို့ အပ်နှံလိုက်ခြင်းဖြစ်သည်။ ထိုလူငယ် နှစ်ဦးမှာ ယခုအခါ အချုပ်ခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ညှင်းပန်း နှိပ်စက်ခံရဖွယ်ရှိကြောင်း ကချင်-ဗမာ အရေး လေ့လာသူများမှ သုံးသပ် ပြောဆိုသည်။ 

မြစ်ကြီးနားမြို့တွင် ပန်ချာတော်တော်များများမှာ မြို့လယ် ရပ်ကွက် များတွင် စီးပွားရေးလုပ်ငန်းများကို ကြီးစိုးထားပါသည်။ ယခုအချိန်တွင် နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများကြောင့် မြစ်ကြီးနားမြို့ တစ်မြို့လုံး၏ စီးပွားရေးမှာ အေးစက်လျက်ရှိသည်။ သို့သော် ၄င်းတို့မှာ ပန်းပန်လျက် ရှိနေဆဲဖြစ်သည်။ မြို့လယ်ကောင်တွင် အထပ်မြင့် တိုက်များကို စီးပွားရေး လုပ်ငန်းများ နှေးကွေးနေသည့်ကြားက တည်ဆောင်လျက်ရှိ သည်။


ယခုကဲ့သို့ လူငယ်နှစ်ဦးကို ဖမ်းဆီးသည့် ဖြစ်စဉ်တွင် KIA မှ ရိုမီ ကို မည်ကဲ့သို့ တုံ့ပြန်မည်မှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။ ရိုမီ စက်ဘီးအရောင်းဆိုင်မှာ မြစ်ကြီးနားမြို့ အောင်ဆန်းလမ်း၊ မြို့မ ရပ်ကွက်တွင် တည်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။