(ရွှေဟင်္သာသတင်းဌာန)
ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (kIA) မှ
ကချင်ပြည်နယ်အရှေ့ ဖက် ပန်းဝါမြို့နယ်ရှိ အစိုးရ အမှတ် (၅၆) စခန်းကို
ယနေ့နေ့လည်ပိုင်း၌ သိမ်းပိုက်ရရှိခဲ့သည်ဟု KIA အရာရှိတဦးက ပြောပါသည်။
“ ဒီစခန်းကို ပြီးခဲ့တဲ့ (၁၆)
ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့က တိုက် ခိုက်နေခဲ့တာပါ။ မနေ့ကတော့ တရက်နားပြီး ပြန်
လည်ပြင်ဆင်တယ်။ ပြီးမှ ဒီနေ့နေ့လည်မှာ ၀င်သိမ်းတာပါ၊ ဒီစခန်းဟာ တရုပ်ပြည်ရဲ့
နယ်ခြား မှတ်တိုင် (၆) နားမှာဘဲဗျ။” ဟုဆိုပါသည်။
ဤစခန်းကို KIA တပ်မဟာ (၁) လက်အောက်ခံ
တပ်ရင်း (၃၃) တပ်ဖွဲ့က တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသည်။ အသေအ ပျောက်စရင်းနှင့်
သိမ်းပိုက်ရရှိသောပစ္စည်းစရင်းများကိုမူ KIAမှ အသေးစိပ်ကို ထုတ်ဖေါ် ပြော
ကြားခြင်းမရှိသေးပေ။
အလားတူ တပ်မဟာ (၅) ဒေသ လိုင်ဇာဂွင်
တပ်ရင်း (၃) ဧရိယာရှိ အစိုးရထိမ်းချုပ်ထားသည့် ဘွမ်းတောင်စခန်း (အရင်KIA တပ်စခန်း ဟောင်း)
ကိုလည်း KIA က မနက် (၇) နာရီခန့်တွင် ပြင်းထန်စွာသွား ရောက် တိုက်ခိုက်ခဲ့သည်ဟု
ဆိုပါသည်။
အစိုးရသည် ပန်းဝါဒေသစစ်ဆင်ရေးကို
မြောက်ပိုင်းတိုင်းတိုင်းမှူး ကိုယ်တိုင် ကွပ်ကဲစေပါသည်။ အကျအဆုံးများခြင်း
ကြောင့် တပ်မ (88) မှူးအစား လာရောက်ကွပ်ကဲနေရခြင်း ဖြစ်ပါသည်။ ပန်းဝါဒေသသည်
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းတွင် အစိုးရတပ်များက စတင်စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး KIA
သည် ဒီဇင်ဘာလ (၉) ရက်နေ့မှ တန်ပြန်စစ်ဆင်ခဲ့ သည်ဟု ဆိုပါ သည်။
ပန်းဝါစစ်ဆင်ရေးတွင် အစိုးရဖက်မှ
ရုရှားလုပ် MI 24 ရဟုတ်ယာဉ် (၂) စင်းဖြင့် ပစ်ခတ်ခဲ့ပြီး လူနာရိက္ခာ၊ လက်နက်ခဲယမ်း
များ တင်ဆောင်ရန် အနည်းဆုံးရဟတ်ယာဉ် (၇) စင်းအထိ အသုံးပြုခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။
စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIA
အားအပိုင်းလိုက် ချေမှုန်း ရန် ကြိုးစားရာမှ အကျအဆုံးများပြီး အောင်မြင်မှု
မရခဲ့ဟု ဆိုပါသည်။ သို့သော် အစိုးရတပ်များသည် နယ်တပ်များ၏ အောင်ပွဲများဖက်သို့ KIA
အား အာရုံလွဲရန် တမင်ဖန် တီးတတ်သည်ကိုလည်း သတိပြုရပေလိမ့် မည်ဟု ဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် နယ်တပ်များသည် စခန်းသိမ်း တိုက်ပွဲ၌ အင်အားသုံးနေရပြီး
လိုအပ်သည့်အခါ အရန် အင်အား ချိနဲ့နိုင်လာသဖြင့် အစိုးရသည် လိုင်ဇာစစ်ဌာနချုပ်ကို
အပြင်း အထန် စစ်ဆင်ရန် ဖန်တီးတတ်သောကြောင့် ဖြစ်ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။