Tuesday, December 4, 2012

မြစ်ကြီးနားမြို့တွင် ဗမာစစ်တပ် ရဟတ်ယာဉ်ကို KIA မှ ပစ်ခတ်

(Myutsawmyit)



မြစ်ကြီးနားမြို့တွင် ဗမာစစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို KIA မှ သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ကြီးနားမြို့စွန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး ရွှေအိုက်ရပ်ကွက်မှ နေပြီး သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်အားမှန်သော်လည်း လက်နက်သေးဖြစ်သောကြောင့် ကြီးကြီးမားမား ပျက်စီးခဲ့ခြင်း မရှိဟု သိရသည်။ ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ တစ်နေကုန် ဗမာစစ်တပ် ရဟတ်ယာဉ်များစွာ မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်တွင် ၀ဲပျံလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရွှေအိုက်ရပ်ကွက်တွင် KIA စစ်သားများ ခိုအောင်းနေသည်ဟု ယူဆပြီး နယ်မြေရှင်းလင်းရေး လုပ်ရန် အလုပ်ရှုပ်နေကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။