Sunday, December 30, 2012

ဒီဇင်ဘာ (၃၀) ရက်နေ့ မနက်ပိုင်း ကချင်-ဗမာ ကျူးကျော် စစ်ပွဲ သတင်းတိုများ

(Myitkyina Blog)


မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးပါဝင်

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

မြန်မာအစိုးရတပ်ဖွဲ့ ထိခိုက်မှုရှိ

ဒီဇင်ဘာလ(၂၉)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း ဘန်ညို(Bang Nyu) တောင်ကုန်းရှိ KIA
တပ်ရင်း(၈) ရှေ့တန်းတပ်စခန်းအား မြန်မာအစိုးရတပ်ဖွဲ့ (တပ်ရင်းအမည် စုံစမ်းဆဲ)က လာရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်မှုများကြောင်း သိရှိရသည်။  KIA တပ်ဖွဲ့က မြန်မာအစိုးရတပ်ဖွဲ့ထံမှ သေနတ်(၁)လက် ရရှိခဲ့ကြောင်း သိရသည်။

ဒီ-၂၉ KIO ဗဟိုဌာနတ၀ိုက် တိုက်ပွဲများ

ဒီဇင်ဘာလ(၂၉)ရက်နေ့ မနက်(၄)နာရီအချိန်မှစတင်ကာ ဒေါ့ဖုန်းယန် ခန်းကိုင်တောင်မှ ၁၀၅ မမ အမြောက် ဖြင့် စတင်ပစ်ခတ်ခဲ့ရာ လဂျားယန်ကျေးရွာရှိ ရွာသားများ၏ အိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။