Sunday, December 16, 2012

ဒီ(၁၄) တွင်ရုရှားဒုံးကျည်အသုံးပြုပစ်ခတ်

(မြစ်ကြီးနား ဘလော့)

ကာကွယ်ရေးဝန်ကြီးဌန၊ မြန်မာလေတပ်မတော်၊ မြစ်ကြီးနားမြို့ အခြေစိုက် အမှတ်(၅၀၃) နန့်ပေါင်လေတပ်စခန်းမှ ဒီဇင်ဘာလ(၁၄)ရက်နေ့ လဂျားယန်တိုက်ပွဲတွင် Mi-24 Gunship ရဟတ်ယဉ်(၂)စီးဖြင့် လေတပ်စခန်းမှ(၃)ကြိမ် အခေါက်တုန့်ခေါက်ပြန် ဝေဟင်မှမြေပြင်ပစ်ဒုံးများ၊ Machine Gun များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်။



KIAရှေ့တန်းစခန်းကို ပစ်မှတ်ချိန်ရွယ်ပစ်ခဲ့ရာ ဒုံးကျည်(၃)ခုသည် ပစ်မှတ်ကိုထိမှန်ခဲ့သည်။ သို့သော်ဒုံးကျည် (၁)ခုသည် တပ်စခန်းအပြင်သို့ကျရောက် ပေါက်ကွဲခဲ့သည်။ ကျန်(၂)လုံးမှာ တပ်စခန်းအတွင်းကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိပါ။
ပစ်ခတ်တိုက်ခိုက်ခဲ့သော ဒုံးကျည်အမျိုးအစားသည် ရုရှားစာသား တံဆိပ်များ ရိုက်နှိပ်ထားသော ဒုံးကျည်အမျိုးအစားဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။