Sunday, December 9, 2012

ဟန်းကိုင်တောင်တွင် တိုက်ပွဲပြင်းထန်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ ကေ အိုင်အေတပ်ရင်း (၁၉) ဒေသ ဖြစ်သော ဟန်းကိုင်တောင်တွင် ကေအိုင် အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ဒီဇင်ဘာ (၈) ရက် ညနေပိုင်း (၄း၀၀) နာရီ အချိန်ခန့်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီး များဖြင့် ကေအိုင်အေ စခန်းများသို့ အဆက် မပြတ်ပစ်ခတ်လျက်ရှိ ကြောင်း၊ ပစ်ခတ်သံများကို ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှပင် ကောင်း မွန်စွာ ကြားရကြောင်း သတင်းရရှိပါသည်။ ညနေ (၃း၃၀) နာရီ (၄း၀၀) နာရီအချိန်ကနေစပြီး တိုက်ပွဲဖြစ်သံတွေကို စကြားရတယ်၊ လိုင်ဇာမြို့ အနီးတစ်ဝိုက်မှာ ဖြစ်နေသလို လက်နက်ကြီးပစ်သံတွေ ရှင်းရှင်းလင်း လင်း ကို ကြားရပါတယ်၊ ဟုလိုင်ဇာမြို့ခံတစ်ဦးမှ ဂျိန်းမော့ကဆာ သို့ ပြောကြားလာပါသည်။ လိုင်ဇာမြို့မှာကတော့ အေးအေးဆေးဆေးပါပဲ၊ ကေအိုင်အေတွေ လုံခြုံရေး အပြည့်အ၀ယူထားပေးတော့ ဒေသခံတွေလည်း ကြောက်ရွံ့မှု မရှိကြဘူး ဟု၎င်း ဒေသခံမှ ဆက်လက်ပြောကြားလာပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။