Friday, December 28, 2012

လဂျားယန်ကိုလေကြောင်းမှထိုးစစ်ဆင်

(Kachinland)

၂၈  ဒီဇင်ဘာ ၂၀၁၂

မြန်မာအစိုးရစစ်တပ်သည် ကေအိုင်အို ဌာနချုပ်နှင့် ၆ မိုင် ခန့်သာဝေးသော လဂျားယန်ကျေးရွာသို့ လေကြောင်းမှ တိုက်စစ် ဆင်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်ကပင် ယင်းနေရာတွင် လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်ခဲ့ပြီး နံနက်ပိုင်း ၉ နာရီခွဲတွင် လေယဉ်ပြန်ဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်။  ရဟတ်ယဉ် နှစ်စီးတခါ၊ သုံးစီးတခါပျံပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လိုင်ဇာမြို့သားများက ရဟတ်ယဉ်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ပြီး သေနတ်သံများကိုလည်း အတိုင်းတားကြားခဲ့ရသည်။ အစိုးရသည် နှစ်ကုန်ပိုင်းတွင် လေကြောင်းထိုးစစ်ဆင်မူများကို တိုးမြင့်အသုံးပြုလျက်ရှိသည်။ နားလုံတွင် မြန်မာအစိုးရစစ်တပ် အင်အား ၅၀၀ ခန့်နှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လဂျားယန်၊ လိုင်ဇာကို အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ဒီဇင်ဘာလ ကတည်းက လုပ်ဆောင်နေသည်။
“ လေကြောင်းက ပစ်တာ ခါးလောက်ရှိတဲ့သစ်လုံးတွေတောင် ပျက်ကျတယ် ” ဟု ကေအိုင်အေ ရှေ့တန်းမှ အရာရှိတဦးက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။