Saturday, December 8, 2012

ဦးလရှီးလနူးကို ဗမာစစ်သားများ မတရားဖမ်းဆီးရိုက်နက်

(Jinghpawkasa)

ဗမာစစ်တပ်မှ ပစ်သတ်ခဲ့သော အပြစ်မဲ့
ကချင်တိုင်းရင်းသားတစ်ဦး

ကချင်ပြည်နယ် မြစ်ကြီးနား မြောက်ဘက်ပိုင်း တန်ဖရဲကျေးရွာမှ ကချင်တိုင်းရင်းသား ဦးလရှီးလနူး ကို ဗမာအစိုးရ စစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်သားများက ဒီဇင်ဘာ (၇) ရက်နေ့ည (၈း၀၀) နာရီအချိန်ခန့်တွင် မတရား ရိုက်နက် နှိပ်စက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။ ဦးလရှီးလနူးသည် အောင်မြင်သာကျေးရွာ တန်ဖရဲကျေးရွာသို့ လွန်ခဲ့သောနှစ်က ဗမာစစ်သားများ ပစ်သတ်ခဲ့သော ဦးလတောင်၏ တစ်နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်းပွဲမှ အပြန် ဆွမ်ပရာဘွမ် လမ်းဆုံတွင် ဗမာစစ်သားများမှ ဖမ်းဆီး ရိုက်နက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗမာအစိုးရ စစ်သားများမှ ဦးလရှီးလနူး၏ အဖိုးတန် ကချင်ရိုးရာ ဆွဲကြိုးကိုလည်း လုယူသွားကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဦးလရှီးလနူးသည် ဗမာ စစ်သားများ၏ မတရားရိုက်နက်ထားမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း၊ ဦးခေါင်းနှင့် တစ်ကိုယ်လုံးကို ရိုက်နက်ထားပေးပြီး၊ မျက်နှာကိုလည်း ဓါးမြောင်နှင့် ထိုးထားပေးကြောင်း ဒေသခံများမှ တဆင့် သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။