Monday, December 31, 2012

ဆင်ရုပ်ဖြင့် ယတြာချေ

(Myitkyina blog)
ဒီဇင်ဘာလ(၃၀)ရက်နေ့ တွင် မြန်မာ့လေတပ်က ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင်ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုးတလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။ နေ့လည်(၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက် ဆင်ရုပ်ကို လေထဲပျံဝဲနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။



ယင်းဖြစ်ပျက်မှုနှင့်ပတ်သက်၍ မြန်မာ့လေတပ် မိသားစုအသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင်ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တစ်ခုလုံးကို မြန်မာ့တပ်မတော် ၏ စစ်ဆင်ရေးအောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေပြုလုပ်ခြင်းဖြစ် ကြောင်း ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

1 comment:

  1. Better burn DAW CHYAI CHYAI'S PUSSY and put
    ashes inside the elephant.

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။